ဧပြီ ၊၈ -၂၀၂၁ KTG (VOM) စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်ဆည်မြို့ လမ်းဆုံနေရာမှာ ဧပြီ ၇ ရက် မနေ့ညနေပိုင်းက ဆန္ဒပြ ပင်မသပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွဲရာမှာ လူ ၁၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရထားတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။ တန့်ဆည်မြို့ ပါရမီလူမှုကူညီရေးအသင်း စေတနာ့ဝန်ထမ်းတစ်ယောက်က ” ကျဆုံး ၁၁ ယောက်ရှိတယ် ၊ ဟိုတရွာ တစ်ယောက် ဒီတရွာတစ်ယောက်ဆိုတော့ နာမည်နဲ့ အသက်တွေ ပြောဖို့ အခက်အခဲရှိတယ် ၊ ကျွန်တော်တို့ပဲ လိုက်ကောက်ပေးနေတာ ” လို့ VOM ကိုပြောပါတယ်။ မနေ့ ဧပြီ ၇ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီးနောက် ကျည်ဆံထိမှန် ဒဏ်ရာသူတွေ ညဦးပိုင်းကစပြီး ဒီမနက်ပိုင်းအထိ သေဆုံးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ကျည်ဆံထိမှန်…
Read MoreDay: April 8, 2021
စက်မှု စုပေါင်းသပိတ်စစ်ကြောင်းနဲ့ ဗကသအဖွဲ့ချုပ် ပူးပေါင်းဆန္ဒပြ
မန္တလေး၊ ဧပြီ ၈- ၂၀၂၁ ရှိုင်းအောင်(VOM) #voiceofmyanmar #VOM #မန္တလေး #စက်မှုစုပေါင်းသပိတ်
Read Moreနှစ်ရက်အတွင်း ရန်ကုန်တိုင်း မြို့နယ် ၃ခုက ရပ်ကွက်အုပ်ချုပ်ရေးရုံး ၆ခု မီးလောင်
ရန်ကုန်၊ ဧပြီ ၈-၂၀၂၁ MHS(VOM) ဧပြီ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်၃ခုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၆ရုံးမီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ မြောက်ဒဂုံမြို့နယ်မှာ ၂၈ရပ်ကွက် ၃၀ရပ်ကွက် ၄၅ရပ်ကွက် ၊ အရှေ့ဒဂုံမြို့နယ်မှာ ၅ရပ်ကွက် ၂ရပ်ကွက် နဲ့ တောင်ဒဂုံမြို့နယ်မှာ ၅၃ရပ်ကွက်တို့မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်မှူးရုံးတွေ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ အရှေ့ဒဂုံမြို့နယ် ၅ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကတော့ “မနက်၂နာရီခွဲလောက်မှာ လောင်တာ။ဘေးကစာကြည့်တိုက်ပါ လောင်သွားတယ်”လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းတွေကို မသိရသေးဘဲ တောင်ဒဂုံမြို့နယ် ၅၃ရပ်ကွက်ရုံးဟာ လက်လုပ်မိုင်းနဲ့ ဖောက်ခွဲခံရပြီး မီးလောင်ကျွမ်းမှုဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် အတည်ပြုလို့မရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ကလည်း တာမွေမြို့နယ် ကျောက်မြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ စမ်းချောင်းမြို့နယ် ကျွန်းတောမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမီးလောင်မှု ဖြစ်ခဲ့ပါသေးတယ်။ ဒီတစ်ပတ်အတွင်းမှာ ရန်ကုန်တိုင်းအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၁၅ရုံးခန့်ဆက်တိုက်ဆိုသလို မီးလောင်မှုဖြစ်ခဲ့ပြီးတော့ လူထိခိုက်သေဆုံးဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။…
Read Moreဒေါင်းစစ်သည်နဲ့ ဗကသအဖွဲ့ချုပ် ပူးပေါင်းဆန္ဒပြ
မန္တလေး၊ ဧပြီ ၈- ၂၀၂၁ (VOM) မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်မှာ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်းနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဓာတ်ပုံ- NNZ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #ဒေါင်းစစ်သည် #ဗကသ
Read Moreမန္တလေးက မြတောင်သပိတ်စစ်ကြောင်း
မန္တလေး၊ ဧပြီ ၈- ၂၀၂၁ ရှိုင်းအောင်(VOM) ကျောင်းတိုက်ရှေ့မှာ စစ်တပ်က တပ်စွဲထားပေမယ့် မြတောင်သပိတ်စစ်ကြောင်းအဖွဲ့ကတော့ နေ့စဥ်နဲ့အမျှ ဆန္ဒပြနေကြတာပဲ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ဆန္ဒပြတဲ့ သပတ်စစ်ကြောင်းတွေ အများကြီးရှိတဲ့အထဲက မြတောင်သ ပိတ်စစ်ကြောင်းကတော့ ဖြိုခွင်းခံရမှု အကြိမ်ရေအများဆုံး သပိတ်စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။ မနက်ခင်းပိုင်းမှာ မြို့ခံလူငယ်တွေ ဖွဲ့စည်းထားတဲ့ မြတောင်သပိတ်စစ်ကြောင်းအဖွဲ့အပြင် နေ့လည်ပိုင်းမှာတော့ သံဃသမဂ္ဂအဖွဲ့ တစ်ကြိမ် တစ်ရက်ကို နှစ်ကြိမ်နေ့စဥ်ပုံမှန် ဆန္ဒပြ ချီတက်နေကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #မြတောင် #သပိတ်စစ်ကြောင်း
Read Moreဖားကန့်မှာ ဆန္ဒပြဖို့ ပြင်နေသူ ခုနှစ်ဦး အဖမ်းဆီးခံရ
ဖားကန့်၊ဧပြီလ-၈-၂၀၂၁ နောင်ရိုး ဖားကန့်မြို့၊အေးမြသာယာသပိတ်စစ်ကြောင်းက အမျိုးသားခုနှစ်ဦးဟာ ဒီနေ့မနက်ပိုင်းက ဖမ်းဆီးခံလိုက်တယ်လို့ သိရပါတယ်။ “မနက် ကိုးနာရီလောက်မှာ စစ်တပ်ရောရဲရော ပေါင်းထားတဲ့အဖွဲ့က ဖမ်းတာ၊ဆန္ဒဖော်ထုတ်ဖို့အတွက် လူစုနေတုန်း အဖမ်းခံရတာပါ”လို့ အေးမြသာယာရပ်ကွက် ဒေသခံတစ်ဦးကပြောပါတယ်။ မနေ့ညကလည်း မော်ဝမ်းရပ်ကွက်မှာ ညသပိတ်မှာ ဖမ်းခံရသူတွေကတော့ အာမခံနဲ့ ပြန်လည် လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖားကန့်မြို့ အေးမြသာယာသပိတ်စစ်ကြောင်းဟာ နေ့စဥ်ဆန္ဒဖော်ထုတ်နေတာဖြစ်ပါတယ်။ #voiceofmyanmar #vom #ဖားကန့်
Read Moreပုလဲမြို့နယ်က သုဿန်ထဲမှာ လူ ၃ ဦး မီးရှို့သတ်ခံရ
ဧပြီ ၊ ၈ ၊ ၂၀၂၁ KTG (VOM) စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ရွာထင်ကျေးရွာ အနောက်ဘက်က သုဿန်ထဲမှာ ဧပြီ ၇ ရက် မနေ့ ညပိုင်းက လူ ၃ ဦး မီးရှို့သတ်ခံရတယ်လို့ သိရပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင် တစ်ယောက်ပြောတာက ” ရွာအနောက်ဘက်က ထန်းရွက်ပုံ မီးရှို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူ ၂၀၀ လောက်က လာဝိုင်းပြီး လက်ပြန်ကြိုးတုတ် ခေါ်သွားတယ် ၊မီးရှို့သတ်ခံရတဲ့ သူ ၃ ယောက်ကတော့ ဦးခင်မောင်ဆွေ အသက် ၆၀ နှစ် ၊ ဦးကျော်ဆန်းလင်း အသက် ၅၀ နှစ် နဲ့ ဦးမောင်နိုင် အသက် ၃၅ နှစ်တို့ဖြစ်တယ်”လို့ VOM ကိုပြောပါတယ်။ မျက်နှာဖုံးစွပ်ထားတဲ့ လူ ၄၀…
Read Moreသရုပ်ဆောင်ပိုင်တံခွန် နေအိမ်တွင်ဖမ်းဆီးခံရ
ရန်ကုန်၊ဧပြီ ၈၊၂၀၂၁ အေးချမ်းသူ(VOM) ပုဒ်မ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ထားတဲ့ သရုပ်ဆောင်ပိုင်တံခွန်ကို ဒီနေ့နံနက် ၅နာရီက မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ဖမ်းဆီးခံရကြောင်း မိသားစုဝင်တွေဆီကသိရပ်တယ်။ မိသားစုဝင်တစ်ဦးက “အခုမနက်ပဲ မြောက် ဒဂုံနေအိမ်မှာ လာဖမ်းသွားတာပါ သူနေမ ကောင်းလို့ ရှောင်နေရင်းက အိမ်ပြန်လာတာပါ ဒါကြောင့် အဖမ်းခံရတာ”လို့ပြောပါတယ်။ မြောက်ဒဂုံမြို့နယ်ရှိ သရုပ်ဆောင် ပိုင်တံခွန်နေအိမ်ကို ဒီနေ့မနက် ၅နာရီခန့်က စစ်တပ်နဲ့ရဲကား ၈စီးဖြင့် လာရောက်ဖမ်းဆီးခဲ့တာပါ။ သရုပ်ဆောင်ပိုင်တံခွန်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို အမှုဖွင့်ထားကြောင်း မနေ့က မြဝတီနဲ့ MRTV သတင်းဌာနကနေ ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သရုပ်ဆောင်ရဲတိုက်ဟာ မရမ်းကုန်မြို့နယ် သမိုင်းလမ်းဆုံအနီးမှာ ဖမ်းဆီးခံခဲ့ရပါသေးတယ်။ နာမည်ကျော်အနုပညာရှင်များနှင့် လူမူ့ကွန်ရက်မှ လူသိများသည့်သူများအား စစ်တပ်မှ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ခဲ့သည်မှာ ၁၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ #voiceofmyanmar #vom #ပိုင်တံခွန်
Read More