မြောက်ဒဂုံ ၃၈ ရပ်ကွက်ရုံး ပေါက်ကွဲမှုဖြစ်

ရန်ကုန်၊ ဧပြီ ၂၀-၂၀၂၁ MHS(VOM) မြောက်ဒဂုံမြို့နယ် ၃၈ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့မနက် ၁၀နာခွဲဝန်းကျင်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေဆီက သိရပါတယ်။ “အမိုးတော့ ပွင့်သွားတယ်။ လူထိခိုက်တာတော့ မရှိပါဘူး”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။ အဲဒီရုံး ပေါက်ကွဲဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပဲ ရဲနဲ့ စစ်သားတွေ ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ နေ့လယ် ၁၂နာရီအထိ စစ်သားတွေ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဧည့်စာရင်းဥပဒေပြဌာန်းအတည်ပြုပြီး ဧည့်စာရင်းတိုင်ကြဖို့ ကြေညာပြီးတဲ့နောက်ပိုင်း ရန်ကုန်တိုင်းအတွင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ မီးလောင်ကျွမ်းတာတွေနဲ့ လက်လုပ်ဗုံးကွဲတာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ မြောက်ဒဂုံမြိုနယ်ထဲမှာ ဒီလဒုတိယအပတ်ကလည်း ၂၈ရပ်ကွက် ၃၀ရပ်ကွက် နဲ့ ၄၅ရပ်တို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားထားပါတယ်။ #voiceofmyanmar #vom #မြောက်ဒဂုံ #ရပ်ကွက်ရုံး #ပေါက်ကွဲ

Read More

ဖားကန့်မြို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံတဲ့ သပိတ်စစ်ကြောင်း

ဧပြီ ၂၀ – ၂၀၂၁ ZMT(VOM) ဖားကန့်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံကြောင်းနဲ့ အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြလှည့်လည်မှုကို ဒီကနေ့ မနက်ပိုင်း ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #ဖားကန့်

Read More

လှိုင်သာယာမြို့နယ်က ပြောက်ကျား ဆိုင်ကယ်စီးသပိတ်

ဧပြီ ၂ဝ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့မှာ ဖမ်းဆီးမှုတွေရှိတဲ့ကြားက လှိုင်သာယာမြို့နယ်အတွင်း ဒီကနေ့မနက်ပိုင်းက အာဏာရှင်ဆန့်ကျင်ရေးအနေနဲ့ လူငယ်တွေဟာ ဆိုင်ကယ်စီးပြောက်ကျားသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ လှိုင်သာယာမြို့နယ်ဟာ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် သေဆုံးသူများပြားခဲ့ပြီး ဖမ်းဆီးထောင်ချခဲ့သူတွေလည်း များခဲ့ပါတယ်။ နအစကောင်စီက ရန်ကုန်တိုင်းမှာ စစ်အုပ်ချုပ်ရေး ၆မြို့နယ်ကြေညာခဲ့ရာ လှိုင်သာယာမြို့နယ်ပါဝင်ခဲ့ ပေမယ့် အာဏာရှင်ဆန့်ကျင်ရေးအတွက် ယနေ့အချိန်ထိ ဆန္ဒပြတာတွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နေဆဲဖြစ်ပါတယ်။ Photo-CJ #voiceofmyanmar #VOM #လှိုင်သာယာ

Read More

မုံရွာ ညသပိတ်မှာ ဖယောင်းတိုင်ထွန်းနေတဲ့ လူ ၇ ယောက်ကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးသွား

ဧပြီ ၂၀ -၂၀၂၁ KTG(VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ ဘုရားကြီးရပ်ကွက် ရုပ်စုံကျောင်းလမ်းထဲမှာ ဧပြီ ၁၉ မနေ့ည ၉ နာရီဝန်းကျင်က ညသပိတ် ဖယောင်းတိုင်ထွန်းနေတဲ့ လူငယ်တွေကို လှည့်ကင်းရဲအဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဘုရားကြီးရပ်ကွက်နေ ပြည်သူတစ်ယောက် ပြောတာက ” ရဲတွေလှည့်ကင်းလာတဲ့အချိန်နဲ့ သူတို့ ကင်းလှည့်နေတဲ့ လမ်းကြောင်းမှာ ကလေးတွေ ဖယောင်းတိုင်ထွန်းနေတာနဲ့ ပက်ပင်းတိုးတော့ ဖမ်းသွားတာ ” လို့ ပြောပါတယ်။ ညသပိတ် ဖယောင်းတိုင်ထွန်းနေတဲ့ လူငယ် ၂၀ ကျော်လောက်ဟာ လှည့်ကင်းရဲကား ရောက်လာလို့ နီးစပ်ရာအိမ်တွေထဲကို ဝင်ရောက်ပုန်းခိုကြပေမယ့် အိမ်တွေအထဲထိ ဝင်လို့ ဖမ်းတာကြောင့် လူငယ် ၇ ​ယောက်ထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ #voiceofmyanmar #vom #မုံရွာ #ညသပိတ်

Read More

မန္တလေးမြို့က အရုဏ်ဦးသပိတ်

ဧပြီ ၂၀-၂၀၂၁ YZH ဖိနှိပ်မှုတွေရှိနေပေမယ့် ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ အထက ၇ ကျောငိးသားဟောင်းများ၊ တပ္ပဝတီ လူထု စစ်ကြောင်း၊ ဗကသနဲ့ ပညာရေးစစ်ကြောင်းတွေဟာ မန္တလေးမြို့မှာ အရုဏ်ဦးသပိတ်ကို ဆင်နွှဲခဲ့ပါတယ်။ #voiceofmyanmar #vom #မန္တလေး

Read More
VOM News

FREE
VIEW