မုံရွာ ညသပိတ်မှာ ဖယောင်းတိုင်ထွန်းနေတဲ့ လူ ၇ ယောက်ကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးသွား

ဧပြီ ၂၀ -၂၀၂၁
KTG(VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့ ဘုရားကြီးရပ်ကွက် ရုပ်စုံကျောင်းလမ်းထဲမှာ ဧပြီ ၁၉ မနေ့ည ၉ နာရီဝန်းကျင်က ညသပိတ် ဖယောင်းတိုင်ထွန်းနေတဲ့ လူငယ်တွေကို လှည့်ကင်းရဲအဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဘုရားကြီးရပ်ကွက်နေ ပြည်သူတစ်ယောက် ပြောတာက ” ရဲတွေလှည့်ကင်းလာတဲ့အချိန်နဲ့ သူတို့ ကင်းလှည့်နေတဲ့ လမ်းကြောင်းမှာ ကလေးတွေ ဖယောင်းတိုင်ထွန်းနေတာနဲ့ ပက်ပင်းတိုးတော့ ဖမ်းသွားတာ ” လို့ ပြောပါတယ်။

ညသပိတ် ဖယောင်းတိုင်ထွန်းနေတဲ့ လူငယ် ၂၀ ကျော်လောက်ဟာ လှည့်ကင်းရဲကား ရောက်လာလို့ နီးစပ်ရာအိမ်တွေထဲကို ဝင်ရောက်ပုန်းခိုကြပေမယ့် အိမ်တွေအထဲထိ ဝင်လို့ ဖမ်းတာကြောင့် လူငယ် ၇ ​ယောက်ထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

#voiceofmyanmar #vom #မုံရွာ #ညသပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW