ဧပြီ ၂၁ -၂၀၂၁ ZMT(VOM) #voiceofmyanmar #VOM #ဖားကန့်
Read MoreMonth: April 2021
ထားဝယ်မှာ သေနတ်ဒဏ်ရာနဲ့ ဖမ်းခံရသူကို ဆေးကုသခွင့်ပေးဖို့ မိသားစုတောင်းဆို
ဧပြီ၂၁-၂၀၂၁ KLY(VOM) တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဒီနေ့ ဧပြီ ၂၁ရက် မနက် ၈ နာရီလောက်က ဆန္ဒဖော်ထုတ်မှုကို စစ်တပ်နဲ့ရဲက ဖြိုခွဲစဉ် ဖမ်းဆီးခံထားရသူတွေထဲက သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာရသူကို ဆေးဝါးကုသခွင့်ပေးဖို့ မိသားစုနဲ့ ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။ “လေးယောက် ဖမ်းဆီးခံထားရပေမယ့် နှစ်ဦးပဲ အမည်သိရသေးတယ်။ ဒီထဲမှာ သေနတ်ကျည်ဆန် ထိမှန်ထားတဲ့နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦး ပါတယ်။ထိခိုက်ဒဏ်ရာရထားသူတွေကို ဆေးကုသခွင့်ပြုဖို့၊မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုတယ်။ မိသားစုကလည်း ဆေးကုသခွင့် ပေးစေချင်နေတယ်” လို့ ထားဝယ်ဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်က ထားဝယ်မြို့ကြပ်စာပြင်ရပ်မှာ အင်ဂျင်နီယာကျောင်းသားတွေနဲ့ အခြေခံပညာကျောင်းသားတွေစုပေါင်း ဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး ထားဝယ် နည်းပညာ တက္ကသိုလ်ကျောင်းသားဟောင်း ကိုနိုင်လင်းထွန်း (ခ)စော ဂျက်ကလင်း၊ ဒဿမတန်းကျောင်းသား အောင်ပြည့်ဖြိုး(၁၆ နှစ်)တို့အပါအဝင် လေးဦးဖမ်းဆီးခံခဲ့ရတဲ့အနက် နိုင်လင်းထွန်း(ခ)…
Read Moreလှိုင်သာယာက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားအရုဏ်ဦးသပိတ်
ရန်ကုန်၊ဧပြီ ၂၁-၂၀၂၁ အေးချမ်းသူ(VOM) ဖမ်းဆီးမှုတွေကြားက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ဒီနေ့ ဧပြီ ၂၁ရက် မနက်ပိုင်းက လူငယ်တွေဟာ ပျောက်ကြားနည်းနဲ့ အရုဏ်ဦးသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ လှိုင်သာယာမြို့နယ်ဟာ စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူ များခဲ့တဲ့ မြို့နယ်ဖြစ်ပါတယ်။ နစက က ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေး ၆မြို့နယ်ကြေညာခဲ့ရာ လှိုင်သာယာမြို့နယ်လည်း အပါအဝင် ဖြစ်ပါတယ်။ #voiceofmyanmar #vom #လှိုင်သာယာ
Read MoreThe Voice journal နဲ့ တနင်္သာရီဂျာနယ် အယ်ဒီတာဟောင်းကို ၅၀၅(က)နဲ့ အမှုဖွင့်
ဧပြီ၂၁-၂၀၂၁ KLY(VOM) The Voice journal နဲ့ တနင်္သာရီဂျာနယ်အယ်ဒီတာဟောင်း ကိုအောင်မျိုးထက်ကို မနေ့ ဧပြီ ၂၀ ရက် မနက်က အဖော်အမျိုးသားအချို့နဲ့အတူ ကန့်ဘလူမြို့ပေါ်မှာ နစက က ဖမ်းဆီးခဲ့ပြီးနောက် ညနေပိုင်းမှာ ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့်လှစ် လိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ “ကိုကို့ကို ကန့်ဘလူမှာ လက်ဖက်ရည် သွားသောက်ရင်း ဖမ်းဆီးခံရတာပါ။အဖော်အမျိုးသားအချို့အတူဖမ်းဆီးခံရတာဖြစ်ပေမယ့် ကိုကိုတစ်ဦးထဲအမှုဖွင့်ခံရတာပါ။ချုပ်ရီမာန်နှစ်ပတ်ခွါပြီးရုံးချိန်း ခေါ်ထားပေမယ့် ကန့်ဘလူရဲစခန်းမှာပဲ ထားတယ်” လို့ ဖမ်းဆီးခံရသူ ရဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။ The Voice journal နဲ့ တနင်္သာရီဂျာနယ်အယ်ဒီတာဟောင်း ကိုအောင်မျိုးထက်ဟာ စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာကို ပြီးခဲ့တဲ့နှစ်လကျော်ကတည်းက ပြန်လည်ရောက်ရှ်ိနေခဲ့တာ ဖြစ်ပြီး လက်ရှိ ISP-Myanmar မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျုမှာ လုပ်ကိုင်နေသူဖြစ်တယ်လို့ အဲ့ဒီဌာနနဲ့ သူလုပ်ကိုင်ခဲ့တဲ့ ဂျာနယ်တွေဆီက သိရပါတယ်။ တနင်္သာရီဂျာနယ် တာဝန်ရှိသူတစ်ဦးက “သူက…
Read Moreမြောက်ဒဂုံ ၃၈ ရပ်ကွက်ရုံး ပေါက်ကွဲမှုဖြစ်
ရန်ကုန်၊ ဧပြီ ၂၀-၂၀၂၁ MHS(VOM) မြောက်ဒဂုံမြို့နယ် ၃၈ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့မနက် ၁၀နာခွဲဝန်းကျင်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေဆီက သိရပါတယ်။ “အမိုးတော့ ပွင့်သွားတယ်။ လူထိခိုက်တာတော့ မရှိပါဘူး”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။ အဲဒီရုံး ပေါက်ကွဲဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပဲ ရဲနဲ့ စစ်သားတွေ ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ နေ့လယ် ၁၂နာရီအထိ စစ်သားတွေ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဧည့်စာရင်းဥပဒေပြဌာန်းအတည်ပြုပြီး ဧည့်စာရင်းတိုင်ကြဖို့ ကြေညာပြီးတဲ့နောက်ပိုင်း ရန်ကုန်တိုင်းအတွင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ မီးလောင်ကျွမ်းတာတွေနဲ့ လက်လုပ်ဗုံးကွဲတာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ မြောက်ဒဂုံမြိုနယ်ထဲမှာ ဒီလဒုတိယအပတ်ကလည်း ၂၈ရပ်ကွက် ၃၀ရပ်ကွက် နဲ့ ၄၅ရပ်တို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားထားပါတယ်။ #voiceofmyanmar #vom #မြောက်ဒဂုံ #ရပ်ကွက်ရုံး #ပေါက်ကွဲ
Read Moreဖားကန့်မြို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံတဲ့ သပိတ်စစ်ကြောင်း
ဧပြီ ၂၀ – ၂၀၂၁ ZMT(VOM) ဖားကန့်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံကြောင်းနဲ့ အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြလှည့်လည်မှုကို ဒီကနေ့ မနက်ပိုင်း ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #ဖားကန့်
Read Moreလှိုင်သာယာမြို့နယ်က ပြောက်ကျား ဆိုင်ကယ်စီးသပိတ်
ဧပြီ ၂ဝ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့မှာ ဖမ်းဆီးမှုတွေရှိတဲ့ကြားက လှိုင်သာယာမြို့နယ်အတွင်း ဒီကနေ့မနက်ပိုင်းက အာဏာရှင်ဆန့်ကျင်ရေးအနေနဲ့ လူငယ်တွေဟာ ဆိုင်ကယ်စီးပြောက်ကျားသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ လှိုင်သာယာမြို့နယ်ဟာ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် သေဆုံးသူများပြားခဲ့ပြီး ဖမ်းဆီးထောင်ချခဲ့သူတွေလည်း များခဲ့ပါတယ်။ နအစကောင်စီက ရန်ကုန်တိုင်းမှာ စစ်အုပ်ချုပ်ရေး ၆မြို့နယ်ကြေညာခဲ့ရာ လှိုင်သာယာမြို့နယ်ပါဝင်ခဲ့ ပေမယ့် အာဏာရှင်ဆန့်ကျင်ရေးအတွက် ယနေ့အချိန်ထိ ဆန္ဒပြတာတွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နေဆဲဖြစ်ပါတယ်။ Photo-CJ #voiceofmyanmar #VOM #လှိုင်သာယာ
Read Moreမုံရွာ ညသပိတ်မှာ ဖယောင်းတိုင်ထွန်းနေတဲ့ လူ ၇ ယောက်ကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးသွား
ဧပြီ ၂၀ -၂၀၂၁ KTG(VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ ဘုရားကြီးရပ်ကွက် ရုပ်စုံကျောင်းလမ်းထဲမှာ ဧပြီ ၁၉ မနေ့ည ၉ နာရီဝန်းကျင်က ညသပိတ် ဖယောင်းတိုင်ထွန်းနေတဲ့ လူငယ်တွေကို လှည့်ကင်းရဲအဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဘုရားကြီးရပ်ကွက်နေ ပြည်သူတစ်ယောက် ပြောတာက ” ရဲတွေလှည့်ကင်းလာတဲ့အချိန်နဲ့ သူတို့ ကင်းလှည့်နေတဲ့ လမ်းကြောင်းမှာ ကလေးတွေ ဖယောင်းတိုင်ထွန်းနေတာနဲ့ ပက်ပင်းတိုးတော့ ဖမ်းသွားတာ ” လို့ ပြောပါတယ်။ ညသပိတ် ဖယောင်းတိုင်ထွန်းနေတဲ့ လူငယ် ၂၀ ကျော်လောက်ဟာ လှည့်ကင်းရဲကား ရောက်လာလို့ နီးစပ်ရာအိမ်တွေထဲကို ဝင်ရောက်ပုန်းခိုကြပေမယ့် အိမ်တွေအထဲထိ ဝင်လို့ ဖမ်းတာကြောင့် လူငယ် ၇ ယောက်ထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ #voiceofmyanmar #vom #မုံရွာ #ညသပိတ်
Read Moreမန္တလေးမြို့က အရုဏ်ဦးသပိတ်
ဧပြီ ၂၀-၂၀၂၁ YZH ဖိနှိပ်မှုတွေရှိနေပေမယ့် ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ အထက ၇ ကျောငိးသားဟောင်းများ၊ တပ္ပဝတီ လူထု စစ်ကြောင်း၊ ဗကသနဲ့ ပညာရေးစစ်ကြောင်းတွေဟာ မန္တလေးမြို့မှာ အရုဏ်ဦးသပိတ်ကို ဆင်နွှဲခဲ့ပါတယ်။ #voiceofmyanmar #vom #မန္တလေး
Read Moreမြင်းခြံ အေးကျင်ရပ်ကွက်ထဲမှာ တပ်နဲ့ရဲကပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးနောက် လူနေအိမ်အချို့မီးလောင်
ဧပြီ ၁၉ -၂၀၂၁ KLY(VOM) မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှုတွေကြောင့်လူတစ်ဦး သေဆုံးခဲ့တဲ့အပြင် နေ့လယ်ပိုင်းမှာလည်း ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီးမကြာခင် လူနေအိမ်အချို့မီးလောင် မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကနေ စုံစမ်းသိရပါတယ်။ ” မီးလောင်မှုက အေးကျင်ရပ်ကွက်မှာဖြစ်တာပါ။ ပစ်ခတ်မှုတွေကြောင့် မနက်က အမှတ် ၆ရပ်ကွက်က လူတစ်ဦးသေဆုံးခဲ့ပေမယ့် အေးကျင်မှာ လူသေဆုံးမှုမရှိဘူး။ မီးလောင်မှုကလည်းငြိမ်းပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မနေ့ ဧပြီ ၁၈ရက်နေ့ညပိုင်းက ဒေသခံတွေနဲ့ လုံခြုံရေးအဖွဲ့တွေကြား ထိပ်တိုက်တွေ့ခဲ့ပြီး ပစ် ခတ်မှုတွေကြောင့် လူသေဆုံးမှုဖြစ်ပေါ်ခဲ့တဲ့အပြင် ဒီကနေ့မနက် ၅နာရီကျော်ကတည်းက မြင်းခြံမြို့၊ အမှတ် ၆ ရပ်ကွက်ရှိ အတားဆီးတွေကို ရှင်းလင်းဖယ်ရှားချိန် တပ်နဲ့ရဲ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက် နေ့လယ်ပိုင်းမှာ အေးကျင်ရပ်ကွက်ကို ထပ်မံဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီမီးလောင်မှုဟာ မီးရှို့မှုဖြစ်တယ်လို့ဒေသ ခံတွေက ပြောဆိုနေကြပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ထံ…
Read More