မြင်းခြံ အေးကျင်ရပ်ကွက်ထဲမှာ တပ်နဲ့ရဲကပစ်ခတ်‌မှုတွေပြုလုပ်ခဲ့ပြီးနောက် လူနေအိမ်အချို့မီးလောင်

ဧပြီ ၁၉ -၂၀၂၁
KLY(VOM)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှုတွေကြောင့်လူတစ်ဦး သေဆုံးခဲ့တဲ့အပြင် နေ့လယ်ပိုင်းမှာလည်း ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီးမကြာခင် လူနေအိမ်အချို့မီးလောင်
မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကနေ စုံစမ်းသိရပါတယ်။

” မီးလောင်မှုက အေးကျင်ရပ်ကွက်မှာဖြစ်တာပါ။ ပစ်ခတ်မှုတွေကြောင့် မနက်က အမှတ် ၆ရပ်ကွက်က လူတစ်ဦးသေဆုံးခဲ့ပေမယ့် အေးကျင်မှာ လူသေဆုံးမှုမရှိဘူး။ မီးလောင်မှုကလည်းငြိမ်းပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ ဧပြီ ၁၈ရက်နေ့ညပိုင်းက ‌ဒေသခံတွေနဲ့ လုံခြုံရေးအဖွဲ့တွေကြား ထိပ်တိုက်တွေ့ခဲ့ပြီး ပစ် ခတ်မှုတွေကြောင့် လူသေဆုံးမှုဖြစ်ပေါ်ခဲ့တဲ့အပြင် ဒီကနေ့မနက် ၅နာရီကျော်ကတည်းက မြင်းခြံမြို့၊ အမှတ် ၆ ရပ်ကွက်ရှိ အတားဆီးတွေကို ရှင်းလင်းဖယ်ရှားချိန် တပ်နဲ့ရဲ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက် နေ့လယ်ပိုင်းမှာ အေးကျင်ရပ်ကွက်ကို ထပ်မံဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီမီးလောင်မှုဟာ မီးရှို့မှုဖြစ်တယ်လို့ဒေသ
ခံတွေက ပြောဆိုနေကြပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ထံ စုံစမ်းမေးမြန်းရာမှာ အခင်းဖြစ်နေရာကိုသွားရောက်မီးးငြိမ်းသတ်နေတယ်လို့သာ တာဝန်ရှိသူက ဖြေကြားခဲ့ပါတယ်။

Photo – CJ
#voiceofmyanmar #VOM #မြင်းခြံ

Related posts

Leave a Comment

VOM News

FREE
VIEW