မြင်းခြံ အေးကျင်ရပ်ကွက်ထဲမှာ တပ်နဲ့ရဲကပစ်ခတ်‌မှုတွေပြုလုပ်ခဲ့ပြီးနောက် လူနေအိမ်အချို့မီးလောင်

ဧပြီ ၁၉ -၂၀၂၁ KLY(VOM) မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှုတွေကြောင့်လူတစ်ဦး သေဆုံးခဲ့တဲ့အပြင် နေ့လယ်ပိုင်းမှာလည်း ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီးမကြာခင် လူနေအိမ်အချို့မီးလောင် မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကနေ စုံစမ်းသိရပါတယ်။ ” မီးလောင်မှုက အေးကျင်ရပ်ကွက်မှာဖြစ်တာပါ။ ပစ်ခတ်မှုတွေကြောင့် မနက်က အမှတ် ၆ရပ်ကွက်က လူတစ်ဦးသေဆုံးခဲ့ပေမယ့် အေးကျင်မှာ လူသေဆုံးမှုမရှိဘူး။ မီးလောင်မှုကလည်းငြိမ်းပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မနေ့ ဧပြီ ၁၈ရက်နေ့ညပိုင်းက ‌ဒေသခံတွေနဲ့ လုံခြုံရေးအဖွဲ့တွေကြား ထိပ်တိုက်တွေ့ခဲ့ပြီး ပစ် ခတ်မှုတွေကြောင့် လူသေဆုံးမှုဖြစ်ပေါ်ခဲ့တဲ့အပြင် ဒီကနေ့မနက် ၅နာရီကျော်ကတည်းက မြင်းခြံမြို့၊ အမှတ် ၆ ရပ်ကွက်ရှိ အတားဆီးတွေကို ရှင်းလင်းဖယ်ရှားချိန် တပ်နဲ့ရဲ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက် နေ့လယ်ပိုင်းမှာ အေးကျင်ရပ်ကွက်ကို ထပ်မံဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီမီးလောင်မှုဟာ မီးရှို့မှုဖြစ်တယ်လို့ဒေသ ခံတွေက ပြောဆိုနေကြပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ထံ…

Read More

ဆန္ဒပြပွဲတွေကို ဖြိုခွဲနေပေမယ့် မန္တလေးသံဃသမဂ္ဂစစ်ကြောင်းကတော့ ပုံမှန်ဆန္ဒပြ

ဧပြီ ၁၉ -၂၀၂၁ မန္တလေးမှာ ဆန္ဒပြပွဲတွေကို ဖြိုခွဲနေတာတွေနဲ့ ဖမ်းဆီးနေတာတွေရှိနေပေမယ့် မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းကတော့ ဧပြီ ၁၉ရက် နေ့လယ်ပိုင်းမှာ ပုံမှန်အတိုင်း ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #VOM #မန္တလေး #သံဃသမဂ္ဂ

Read More

မန္တလေး -မြစ်ကြီးနားလမ်းပေါ်မှာ ကား၄ စီး သေနတ်ပစ်ခံရလို့ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ဧပြီ ၁၉ -၂၀၂၁ MHS(VOM) မိုးညှင်းမြို့နယ်၊ နမ္မားတိုက်နယ်အုပ်စု၊ မန္တလေး-မြစ်ကြီးနားလမ်းပေါ်မှာ ဒီကနေ့မနက် ၁၀နာရီခွဲက ကား ၄ စီး သေနတ်နဲ့ပစ်ခတ်ခံရလို့ ယာဉ်မောင်းတစ်ဦးသေဆုံးပြီး ကျန် ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ ခလရ ၄၀နဲ့ ၃၆၇တပ်ရင်းကြား လယ်မှီးကျေးရွာအနီးက တံတားမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ “တစ်ယောက်ကတော့ ပွဲချင်းပြီးပဲ။ နှစ်ယောက်ကျည်ထိထားတယ်။ အဲ့ဒီအထဲက တစ်ယောက်လည်း အခြေအနေမကောင်းဘူး၊ ဒဏ်ရာရတဲ့ ၂ ဦးကို မိုးညှင်းမြို့က လူမှုကယ်ဆယ်ရေးယာဉ်တစ်စီးနဲ့ မိုးညှင်းပြည်သူဆေးရုံကြီးကို တင်သွားပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဒေသခံတွေရဲ့ ပြောဆိုမှုအရတော့ တံတားမှာ လုံခြုံရေးယူထားတဲ့ စစ်သားတွေက ကားတွေကို စစ်ဆေးပြီး ငွေကြေးကောက်ခံတာကို ကုန်တင်ကားတွေက မောင်းပြေးလို့ ပစ်ခတ်တာလို့လည်း ပြောဆိုနေကြပါတယ်။ ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး VOMကနေ သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်း(နှစ်ဆန်းတစ်ရက်နေ့)ကလည်း…

Read More

မိုးညှင်း ပြောက်ကြားသပိတ်ဖြိုခွင်းခံရပြီး ကျောင်းသား ၂ ဦးဖမ်းခံရ

ဧပြီ ၁၉ – ၂၀၂၁ MHS(VOM) ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ လူငယ်တွေဦးဆောင်တဲ့ ပြောက်ကြားသပိတ် ဖြိုခွင်းခံရပြီး မိုးညှင်းတက္ကသိုလ်ကျောင်းသားသမဂအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖမ်းခံရတဲ့သူ ၂ ဦးဟာ ပုဒ်မ – ၅၀၅ က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကျောင်းသူ မမြတ်နိုးဝေနဲ့ ကျော်မြင့်ထွန်းတို့ဖြစ်ပြီးတော့ မိုးညှင်းမီရထားဘူတာနားမှာ အဖမ်းခံရတာ ဖြစ်ပါတယ်။ “တစ်ယောက်က ဘူတာထဲ ပြေးဝင်ပြီး ဖမ်းခံရတာ။နောက်တစ်ယောက်က ဖုန်းဆိုင်ထဲဖမ်းမိသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ မိုးညှင်းမြို့မှာ ဆန္ဒပြလို့ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဖမ်းဆီးခံရသူစုစုပေါင်း ၆၀နဲ့ သေနတ်ထိမှန်သေဆုံးသူ ၃ ဦး ရှိနေတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မိုးညှင်း

Read More

မြန်မာနိုင်ငံအတွင်း သေဆုံးသွားသူတွေအတွက် နီပေါနိုင်ငံမှာ ဂုဏ်ပြုပွဲပြုလုပ်

ဧပြီ ၁၉ -၂၀၂၁ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့မှာ နီပေါ ပန်းချီအနုပညာရှင်တွေက မြန်မာနိုင်ငံအတွင်း ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ သေဆုံးခဲ့ရသူတွေကို ဂုဏ်ပြုတဲ့ အနုပညာပြကွက်တခုကို ပြုလုပ်ခဲ့ကြပါတယ်။ ဧပြီ ၁၈ ရက်နေ့က ပန်းချီပညာရှင် ရာဘင်ဒြာ ရှရက်စ်သာဟာ ခတ္တမန္ဒူမြို့လယ် လမ်းမပေါ်မှာ နှင်းဆီပန်းတွေ အပြည့်တင်ထားတဲ့ လှေငယ်လေးတခု ဖန်တီးပြီး ကျန်တဲ့ အနုပညာရှင်တွေကလည်း ဆီမီးတွေ ထွန်းညှိ ပါဝင်ခဲ့ကြပြီး အသက်သေဆုံးခဲ့သူတွေကို ဂုဏ်ပြု ဆုတောင်းပေးခဲ့ကြသလို မြန်မာလူထုနဲ့ အတူရှိကြောင်း ပြောဆိုခဲ့ကြပါတယ်။ #voiceofmyanmar #vom #နီပေါနိုင်ငံ

Read More

ကွတ်ခိုင်မှာ “တောင်တန်းဒေသလူမျိုးပေါင်းစုံတော်လှန်ရေး”ခေါင်းစဉ်နဲ့ “NUG”ထောက်ခံတဲ့ အရုဏ်ဦးသပိတ်ပြုလုပ်

ဧပြီလ ၁၉ရက် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှာ ဒီနေ့ မနက် ၄:၃၀က ပြည်ထောင်စုလမ်းမ တစ်လျှောက်မှာ “NUG”အစိုးရကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာကို တွေ့ရပါတယ်။ ဆန္ဒထုတ်ဖော်မူအပြီးမှာ ရဲတွေက လိုက်လံစောင့်ကြည့်ခဲ့တာကို တွေ့ရပြီး ဆန္ဒပြမှုကို ဖြိုခွဲခဲ့တာ မရှိဘူးလို့ သိရပါတယ်။ ဓာတ်ပုံ – CJ #voiceofmyanmar #vom #ကွတ်ခိုင်

Read More

မုံရွာမြို့မှာ ရပ်ကွက် သပိတ် ဆန္ဒပြစစ်ကြောင်းတွေ ပြောက်ကျား စနစ်နဲ့ တကျော့ပြန် ချီတက်

ဧပြီ ၁၉ ၊ ၂၀၂၁ KTG (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ ရပ်ကွက် သပိတ် ဆန္ဒပြ စစ်ကြောင်းတွေဟာ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ကစလို့ ပြောက်ကျားစနစ်နဲ့ ချီတက်ကာ လူထုလှုပ်ရှားမှု တွေ အရှိန်ပြန်တက်လာတယ်လို့ သိရပါတယ်။ တားဆီးမှုတွေ ရှိနေပေမယ့်လည်း ဆန္ဒပြ သပိတ် စစ်ကြောင်းတွေ နေ့ခင်းပိုင်းမှာ ပျောက်ကြားစနစ်နဲ့ ချီတက်လှုပ်ရှားကြပြီး ညသပိတ်တွေနဲ့လည်း လှုပ်ရှားမှုမပျက် ရှိနေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက် သကြ်န် အကြတ်နေ့ နေ့ခင်းပိုင်းက မုံရွာ ဆန္ဒပြ သပိတ် ဦးဆောင်သူ ကိုဝေမိုးနိုင် ဖမ်းဆီးခံရပြီးနောက် ရပ်ကွက် သပိတ်နဲ့ ညသပိတ်တွေ တကျော့ပြန် အားကောင်းလာခဲ့တာဖြစ်ပါတယ်။ ” နေရာတခုမှာ အချိန်ကြာကြာ ဆန္ဒပြတာမျိုး မလုပ်တော့ဘူး ၊ နေရာတခုမှာ အချိန် နည်းနည်းနဲ့…

Read More

မယားဖြစ်သူက ယောကျ်ားဖြစ်သူကို ဓားနဲ့ခုတ်သတ်ပြီး အလောင်းကို လမ်းဘေးအမှိုက်ပုံမှာ စွန့်ပစ်ထား

ဧပြီ ၁၉ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် မဟာ ရန်အောင်မြင်စေတီ နဲ့ ခလရ ၂၂၉ အကြား လမ်းဘေးအမှိုက်ပုံအနီးမှာ ဧပြီ ၁၈ မနေ့က မနက်ပိုင်းမှာ ပြတ်ရှ ဓားဒဏ်ရာ အများအပြားနဲ့ အမျိုးသားရုပ်အလောင်း ၁ လောင်းတွေ့ရတယ်လို့ သိရပါတယ်။ ” သေဆုံးနေသူဟာ ခန္တီးမြို့ ဇီးဖြူကုန်း ( နောက်အော်ကုန်း) ရပ်ကွက်က အသက် ၄၇ နှစ်အရွယ် ဦးပါကွေ ဖြစ်တယ် ” လို့ ဇီးဖြူကုန်းရပ်ကွက်နေသူက ပြောပါတယ်။ သေဆုံးသူဟာ ညာဘက်ပါးနေရာမှာ ၄ လက်မခန့် ပြတ်ရှဒဏ်ရာ၊ အကြိမ်ကြိမ်ခုတ်ထားသည့် လည်ဂုတ် ပြတ်ရှဒဏ်ရာ၊ ညာဘက်နားရွက် ပြတ်ရှဒဏ်ရာ၊ ဘယ်ဘက် ခြေချောင်း ၃ ချောင်းအရိုးပေါ် အရေပြားပွန်းပဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပါတယ်။ အမှိုက်ပုံပေါ်က…

Read More

မန္တလေးမြို့က အထွေထွေတပ်ပေါင်းစုသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ၉ ဦးဖမ်းဆီးခံရ

ဧပြီ ၁၉ – ၂၀၂၁ Voice Of Myanmar မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက အထွေထွေတပ်ပေါင်းစုသပိတ်စစ်ကြောင်းဖြိုခွဲခံရပြီး သပိတ်စစ်ကြောင်းမှာပါတဲ့သူတွေ ဖမ်းဆီးခံခဲ့ရပါတယ်။ မျက်မြင်တွေ့သူတစ်ဦးက ” သပိတ်စစ်ကြောင်းထဲပါတဲ့သူပေါ့ ကျနော့ရှေ့တင် ၉ ဦး ဖမ်းခံရတယ်”လို့ VOMကို အတည်ပြုပြောပါတယ်။ ဒီကနေ့မနက်ပိုင်း မန္တလေးမြို့ သပိတ်သစ်ကြောင်းအချို့ ဖြိုခွဲခံခဲ့ရပြီး ဖမ်းဆီးခံရသူအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ #voiceofmyanmar #VOM #မန္တလေး

Read More
VOM News

FREE
VIEW