မိုးညှင်း ပြောက်ကြားသပိတ်ဖြိုခွင်းခံရပြီး ကျောင်းသား ၂ ဦးဖမ်းခံရ

ဧပြီ ၁၉ – ၂၀၂၁
MHS(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ လူငယ်တွေဦးဆောင်တဲ့ ပြောက်ကြားသပိတ် ဖြိုခွင်းခံရပြီး မိုးညှင်းတက္ကသိုလ်ကျောင်းသားသမဂအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖမ်းခံရတဲ့သူ ၂ ဦးဟာ ပုဒ်မ – ၅၀၅ က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကျောင်းသူ မမြတ်နိုးဝေနဲ့ ကျော်မြင့်ထွန်းတို့ဖြစ်ပြီးတော့ မိုးညှင်းမီရထားဘူတာနားမှာ အဖမ်းခံရတာ ဖြစ်ပါတယ်။

“တစ်ယောက်က ဘူတာထဲ ပြေးဝင်ပြီး ဖမ်းခံရတာ။နောက်တစ်ယောက်က ဖုန်းဆိုင်ထဲဖမ်းမိသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

မိုးညှင်းမြို့မှာ ဆန္ဒပြလို့ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဖမ်းဆီးခံရသူစုစုပေါင်း ၆၀နဲ့ သေနတ်ထိမှန်သေဆုံးသူ ၃ ဦး ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိုးညှင်း

Related posts

Leave a Comment

VOM News

FREE
VIEW