မုံရွာမြို့မှာ ရပ်ကွက် သပိတ် ဆန္ဒပြစစ်ကြောင်းတွေ ပြောက်ကျား စနစ်နဲ့ တကျော့ပြန် ချီတက်

ဧပြီ ၁၉ ၊ ၂၀၂၁
KTG (VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ ရပ်ကွက် သပိတ် ဆန္ဒပြ စစ်ကြောင်းတွေဟာ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ကစလို့ ပြောက်ကျားစနစ်နဲ့ ချီတက်ကာ လူထုလှုပ်ရှားမှု တွေ အရှိန်ပြန်တက်လာတယ်လို့ သိရပါတယ်။

တားဆီးမှုတွေ ရှိနေပေမယ့်လည်း ဆန္ဒပြ သပိတ် စစ်ကြောင်းတွေ နေ့ခင်းပိုင်းမှာ ပျောက်ကြားစနစ်နဲ့ ချီတက်လှုပ်ရှားကြပြီး ညသပိတ်တွေနဲ့လည်း လှုပ်ရှားမှုမပျက် ရှိနေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက် သကြ်န် အကြတ်နေ့ နေ့ခင်းပိုင်းက မုံရွာ ဆန္ဒပြ သပိတ် ဦးဆောင်သူ ကိုဝေမိုးနိုင် ဖမ်းဆီးခံရပြီးနောက် ရပ်ကွက် သပိတ်နဲ့ ညသပိတ်တွေ တကျော့ပြန် အားကောင်းလာခဲ့တာဖြစ်ပါတယ်။

” နေရာတခုမှာ အချိန်ကြာကြာ ဆန္ဒပြတာမျိုး မလုပ်တော့ဘူး ၊ နေရာတခုမှာ အချိန် နည်းနည်းနဲ့ နေရာများများကို ပြောက်ကျားစနစ်နဲ့ ဆန္ဒပြကြတာ ” လို့ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ယောက်က ပြောပါတယ်။

ဆန္ဒပြ သပိတ် စစ်ကြောင်း ဦးဆောင်သူ ကိုဝေမိုးနိုင် ဖမ်းဆီး ထိန်းသိမ်းခံရပေမယ့်လည်း မုံရွာမြို့ပေါ်က လူငယ်တွေ ဦးဆောင်ပြီး ” ငါတို့ဟာ ဝေမိုးနိုင် ဖြစ်ကြတယ် ” ဆိုတဲ့ ဆန္ဒပြသပိတ် စစ်ကြောင်းတွေကို အရှိန်မပျက်အောင် ဆက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #vom #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW