မြန်မာနိုင်ငံအတွင်း သေဆုံးသွားသူတွေအတွက် နီပေါနိုင်ငံမှာ ဂုဏ်ပြုပွဲပြုလုပ်

ဧပြီ ၁၉ -၂၀၂၁

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့မှာ နီပေါ ပန်းချီအနုပညာရှင်တွေက မြန်မာနိုင်ငံအတွင်း ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ သေဆုံးခဲ့ရသူတွေကို ဂုဏ်ပြုတဲ့ အနုပညာပြကွက်တခုကို ပြုလုပ်ခဲ့ကြပါတယ်။

ဧပြီ ၁၈ ရက်နေ့က ပန်းချီပညာရှင် ရာဘင်ဒြာ ရှရက်စ်သာဟာ ခတ္တမန္ဒူမြို့လယ် လမ်းမပေါ်မှာ နှင်းဆီပန်းတွေ အပြည့်တင်ထားတဲ့ လှေငယ်လေးတခု ဖန်တီးပြီး ကျန်တဲ့ အနုပညာရှင်တွေကလည်း ဆီမီးတွေ ထွန်းညှိ ပါဝင်ခဲ့ကြပြီး အသက်သေဆုံးခဲ့သူတွေကို ဂုဏ်ပြု ဆုတောင်းပေးခဲ့ကြသလို မြန်မာလူထုနဲ့ အတူရှိကြောင်း ပြောဆိုခဲ့ကြပါတယ်။

#voiceofmyanmar #vom #နီပေါနိုင်ငံ

Related posts

Leave a Comment

VOM News

FREE
VIEW