ပုလဲနယ် ကြောင်ဝင်းဒူးရွာက သတင်းပေးသူလို့ နာမည်ထွက်နေသူ ဓားခုတ်ခံရလို့ သေဆုံး

သြဂုတ် ၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ်၊ ကန်းဒေါင့်အုပ်စု ၊ ကြောင်ဝင်ဒူးရွာမှာ မနေ့ သြဂုတ် ၂ ရက် ညနေပိုင်း ၆ နာရီဝန်းကျင်က သတင်းပေးသူလို့ နာမည်ထွက်နေသူတစ်ဦး ဓားခုတ်ခံရပြီး သေဆုံးသွားတယ်လို့ ကန်းဒေါင့်ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကန့်ဒေါင့်ရွာခံ တစ်ယောက်က ” ကြောင်ဝင်ဒူးရွာက ဦးမြင့်သန်း အသက် ၅၄ ဝန်းကျင်ဟာ ရွာဘေးက ချောင်းထဲမှာ ဓားခုတ်ခံရလို့ နေရာမှာတင် သေဆုံးသွားတယ် “လို့ ပြောပါတယ်။
 
သေဆုံးသူ ဦးမြင့်သန်း ဆိုသူဟာ ကန့်ဒေါင့်ရဲစခန်းက ရဲဝန်ထမ်းတချို့နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိပြီး ပြောဆိုဆက်ဆံတာတွေရှိတဲ့အတွက် သတင်းပေးသူလို့ နာမည်ထွက်နေတာကြောင့် သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ သေဆုံးသူရဲ့ မိတ်ဆွေဖြစ်တဲ့ ကန့်ဒေါင့်ရွာခံ တချို့က မှတ်ချက်ပြု ပြောဆိုတာတွေရှိပါတယ်။
 
” ကြောင်ဝင်ဒူးရွာက ကန့်ဒေါင့်မြောက်ဘက်မှာရှိတယ် ၊ ကန့်ဒေါင့်မှာ ရဲစခန်းရှိတယ် ၊ ဒါပေမယ့် အခုတော့ ရဲတစ်ယောက်မှ မရှိတော့ဘူး ၊ စခန်းပျက်ကြီးဖြစ်နေပြီ ၊ ပုလဲမြို့ပေါ်ကနေ အုပ်ချုပ်ရေး လက်လှမ်းမီဖို့ ခက်တဲ့နေရာဖြစ်တယ် ” လို့ ပုလဲမြို့ခံတစ်ယောက်က ပြောပါတယ်။
 
ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လထဲက လူသတ်မှုဖြစ်စဥ်တွေ ပေါ်ပေါက်ခဲ့ပြီး ချင်ပြစ်နယ်ဘက်မှာ သံဃာတော်တချို့ လုပ်ကြံခံရကာ ပျံလွန်တော်မူတာတွေရှိတဲ့အပြင် လူပုဂ္ဂိုလ် ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
 
ဒါ့အပြင် ပုလဲမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူး တချို့ တာဝန်အလုပ်ကနေ နူတ်ထွက်ခွင့်တင်ပြတာတွေ လည်း ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanamr #VOM #ပုလဲ

Related posts

Leave a Comment

VOM News

FREE
VIEW