ကျောက်ဆည်နယ် ဗလီကွင်းရွာက ပျူစောထီးလို့ အမည်ထွက်နေသူ ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ

သြဂုတ် ၊ ၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ၊ ဗလီကွင်းကျေးရွာနဲ့ ထုံးဘိုကျေးရွာကြားမှာ ဒီကနေ့ နေ့လယ်ပိုင်းက ပျူစောထီးလို့ အမည်ထွက်နေသူ ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ကျောက်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ဗလီကွင်းရွာခံ တစ်ယောက်က ” ဖြစ်တာက ဒီနေ့ ၁၁ နာရီဝန်းကျင်က ဖြစ်တယ် ၊ ဦးမျိုးခိုင်ရဲ့ ရင်ဘတ်ကို ကျည်ဆံ ဖောက်ဝင်ပြီး သေဆုံးသွားတာ ” လို့ ​ပြောပါတယ် ။   အဲ့ဒီ သေဆုံးသူ ဦးမျိုးခိုင်ဟာ ဗလီကွင်းရွာဘက်ကို သက်ဆိုင်ရာအဖွဲ့တွေ နယ်​မြေရှင်းလင်းရေးလာတဲ့အခါ လက်ခံ ဧည့်ဝတ်ပြုတာတွေရှိပြီး သူကိုယ်တိုင်က ပျူစောထီး လှုပ်ရှားသူတစ်ယောက်ဖြစ်တယ်လို့ ပြောဆိုတာတွေရှိတယ်လို့ ဗလီကွင်းရွာခံတချို့က…

Read More

မြန်မာ့ရွေးကောက်ပွဲအစီအစဉ် အချိန်ဆွဲတာလို့ အမေရိကန်ဝေဖန်၊ အာဆီယံပိုမိုအားထုတ်ရန် တိုက်တွန်း

၀ါရှင်တန်၊ သြဂုတ်-၃-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူသံတစ်မန်တစ်ဦးခန့်အပ်ရေးကို တွန်းအားပေးဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဘလင်ကင်က ပြင်ဆင်နေချိန်မှာ မြန်မာနိုင်ငံမှာ လာမယ့်နှစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ အစီအစဉ်ဟာ အချိန်ဆွဲတာသာဖြစ်တယ်လို့ အမေရိကန်က သြဂုတ် ၂ ရက်မှာပြောဆိုလိုက်ပါတယ်။   အမေရိကန်နိုင်ငံခြားရေး၀န်ကြီ ဘလင်ကင်ဟာ အာဆီယံအဖွဲ့ နိုင်ငံခြားရေး၀န်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှုမတိုင်ခင်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်က အခုလိုဝေဖန်လိုက်တာဖြစ်ပါတယ်။   လက်ရှိနိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာတာ၀န်ရှိသူတွေက အချိန်ဆွဲနေတာဖြစ်ပြီး ဒီိလိုကာလကြာရှည်လုပ်ဖို့ ဆန္ဒရှိနေတဲ့အတွက် အာဆီယံအနေနဲ့ အဖွဲ့ရဲ့အားထုတ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက တိုက်တွန်းလိုက်ပါတယ်။   ဒါကြောင့်အာဆီယံအနေနဲ့ ဒီကိစ္စတွေအပေါ်မှာ ပါ၀င်လုပ်ဆောင်ရမှာဖြစ်ပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်ထိန်းသိမ်းလိုက်နာစေဖို့ အားထုတ်ရမယ်လို့ သူကဆိုပါတယ်။   မြန်မာအာဏာပိုင်တွေရဲ့ ရွေးကောက်ပွဲအစီအစဉ်ဟာ စစ်မှန်တဲ့လမ်းကြောင်းနဲ့ သွေဖယ်နေတယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကလည်းပြောဆိုထားပါတယ်။   ဒါဟာ…

Read More

ဒေသတွင်းတင်းမာနေချိန် တောင်တရုတ်ပင်လယ်သို့ ဂျာမနီက စစ်သင်္ဘောစေလွှတ်

ဘာလင်၊ သြဂုတ်-၃-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှုရည်မှန်းချက်တွေအပေါ် ဒေသတွင်းတင်မားနေချိန်မှာ ဂျာမနီဟာ ဒေသတွင်းမှာ သူ့ရဲ့ စစ်ရေးတည်ရှိမှုကိုချဲ့ထွင်မှုအဖြစ် အခြားသောအနောက်နိုင်ငံတွေနဲ့ပူးပေါင်းဖို့ တောင်တရုတ်ပင်လယ်သို့ စစ်သင်္ဘောတစ်စင်းကို သြဂုတ် ၂ ရက်မှာ စေလွှတ်လိုက်ပါတယ်။   တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ဒေသအများစုကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး သဘာ၀ဓါတ်ငွေ့နဲ့ ပင်လယ်သယံဇာတတွေပေါကြွယ်၀ရာ လယ်ပြင်မှာ ကျွန်းတုတွေဖန်တီးပြီး စစ်အခြေစိုက်စခန်းတွေတည်တောက်ထားပါတယ်။   ဂျာမနီစစ်သင်္ဘောဟာ ဘုံကုန်သွယ်ရေးလမ်းကြောင်းအတိုင်းခုတ်မောင်းသွားမှာဖြစ်ပြီး တရုတ်နိုင်ငံကပြစ်တင်ဝေဖန်လေ့ရှိပြီး အမေရိကန်ရေတပ်ကလှုပ်ရှားနေကြအတိုင်း ထိုင်၀မ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းဖွယ်မရှိဘူးလို့ ဂျာမနီတာ၀န်ရှိသူတွေကပြောပါတယ်။   အဲဒီသင်္ဘောပေါ်မှာ အမှုထမ်း ၂၀၀ ကျော်ပါ၀င်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထိ ဒေသတွင်းမှာ တာ၀န်ထမ်းဆောင်မယ်လို့ဆိုပါတယ်။   အမေရိကန်ရေတပ်ဟာ တရုတ်နိုင်ငံရဲ့နယ်မြေတောင်းဆိုမှုကိုဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ လွတ်လပ်စွာခုတ်မောင်းသွားလာခွင့်ရှိတယ်ဆိုကာ အငြင်းပွားဖွယ်ကျွန်းတွေအနီးသူ့ရဲ့ စစ်သင်္ဘောတွေ ဖြတ်သန်းခုတ်မောင်းမှု ပုံမှန်လုပ်လေ့ရှိပါတယ်။   အမေရိကန်ရဲ့ အဲဒီလုပ်ရပ်တွေကို တရုတ်နိုင်ငံက…

Read More

ကမ္ဘာတပတ်ပြန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မွေးရပ်မြေဝူဟန်တစ်မြို့လုံး ဗိုင်းရပ်စ်စစ်ရတော့မယ်

ပေကျင်း၊ သြဂုတ်-၃-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံ ဝူဟန်မြို့မှာ တစ်နှစ်ကျော်ကာလအတွင်း ဒေသတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ပထမဆုံးတွေ့ရှိပြီးနောက် မြို့မှာနေထိုင်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးသွားမယ်လို့ မြို့အာဏာပိုင်တွေက သြဂုတ် ၃ ရက်မှာပြောပါတယ်။   မြို့နေပြည်သူ ၁၁ သန်းကို ဗိုင်းရပ်စ်ရှိမရှိ အလျှင်အမြန်စစ်ဆေးမှုများပြုလုပ်သွားမယ်လို့ ဝူဟန်မြို့ထိပ်တန်းတာ၀န်ရှိသူ Li Tao က သြဂုတ် ၃ ရက်တွင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။   ၀ူဟန်မြို့မှာ ၂၀၂၀ ခုနှစ်အစောပိုင်းက ဗိုင်းရပ်စ်ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားပြီး မကြုံစဖူးလော့ခ်ဒေါင်းချတာတွေပြုလုပ်ခဲ့ရပြီး တစ်နှစ်ကြာချိန်ထိ ဗိုင်းရပ်စ်ကူးစက်မတွေမရှိခဲ့ပါဘူး။ ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားများအကြား မြို့မှာကူးစက်မှု ခုနှစ်ခုတွေ့ရှိခဲ့တယ်လို့ မြို့အာဏာပိုင်တွေက သြဂုတ် ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။   ဒါ့ပြင် နန်ကျင်းလေဆိပ် သန့်ရှင်းရေးသမားတွေမှာ ဗိုင်းရပ်စ်စတင်ကူးစက်မှုကြောင့် နိုင်ငံအနှံ့မှာ ကူးစက်မှုတွေရှိခဲ့ပြီး မြို့ကြီးဒါဇင်များစွာမှာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ကူးစက်မှုဟာ…

Read More

ခင်ဦးနယ် ရွာသန်းကျေးရွာမှာ ဒလန်လို့ နာမည်ထွက်နေတဲ့ သားအဖ ၂ ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ရွာသန်းကျေးရွာက ဒလန်လို့ နာမည်ထွက်နေသူ သားအဖ ၂ ယောက် မနေ့သြဂုတ် ၂ ရက် ၊ ည ၁၁ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ခင်ဦးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ခင်ဦးမြို့ခံတစ်ယောက်က ” ရွာသန်းကျေးရွာက ကိုဖိုးပြားနဲ့ သူ့သား မောင်ချစ်ဦး တို့ ၂ ယောက် သတ်ခံရတာလို့ ဒီမနက်မှာ ကြားရတယ် ၊ သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး ကိုဖိုးပြား မိန်းမ ခင်မိုးမြင့်လည်း ကျည်ဆံထိမှန် ဒဏ်ရာရထားတယ် ” လို့ ပြောပါတယ် ။  …

Read More

ပုလဲနယ် ကြောင်ဝင်းဒူးရွာက သတင်းပေးသူလို့ နာမည်ထွက်နေသူ ဓားခုတ်ခံရလို့ သေဆုံး

သြဂုတ် ၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ်၊ ကန်းဒေါင့်အုပ်စု ၊ ကြောင်ဝင်ဒူးရွာမှာ မနေ့ သြဂုတ် ၂ ရက် ညနေပိုင်း ၆ နာရီဝန်းကျင်က သတင်းပေးသူလို့ နာမည်ထွက်နေသူတစ်ဦး ဓားခုတ်ခံရပြီး သေဆုံးသွားတယ်လို့ ကန်းဒေါင့်ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကန့်ဒေါင့်ရွာခံ တစ်ယောက်က ” ကြောင်ဝင်ဒူးရွာက ဦးမြင့်သန်း အသက် ၅၄ ဝန်းကျင်ဟာ ရွာဘေးက ချောင်းထဲမှာ ဓားခုတ်ခံရလို့ နေရာမှာတင် သေဆုံးသွားတယ် “လို့ ပြောပါတယ်။   သေဆုံးသူ ဦးမြင့်သန်း ဆိုသူဟာ ကန့်ဒေါင့်ရဲစခန်းက ရဲဝန်ထမ်းတချို့နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိပြီး ပြောဆိုဆက်ဆံတာတွေရှိတဲ့အတွက် သတင်းပေးသူလို့ နာမည်ထွက်နေတာကြောင့် သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ သေဆုံးသူရဲ့…

Read More

မန္တလေးမြို့က လမ်းအချို့ကို ဝါးလုံးတားပြီးပိတ်ထား

မန္တလေး၊ သြဂုတ် ၃ -၂၀၂၁ Voice Of Myanmar   မန္တလေးမြို့ရှိ နေရာအချို့က လမ်းတွေကို ဝါးလုံးတားတာနဲ့ ကြိုးတားပြီး ပိတ်ထားတာတွေကို ဒီကနေ့ မနက်ပိုင်းကစတင်ကာ တွေ့ရှိလာတယ်လို့ မန္တလေးမြို့ခံတွေကနေ သိရပါတယ်။   ” အရင်က ပစ္စည်းပို့ရင် အဲ့ဒီလောက်လမ်းအများကြီးကို မရှောင်ရဘူး ပိတ်မထားတာကိုပြောတာ၊ ဒီနေ့မှ ဘာတွေဘယ်လိုဖြစ်ပြီး ပိတ်လိုက်တယ်ဆိုတာတော့ မသိဘူး၊ စစ်ဆေးရေး(နယ်ကျော်ကဒ်)စစ်တာတွေလည်း နေရာတိုင်းလိုလိုတွေ့ရတယ် “လို့ မန္တလေးမြို့မှာ ပစ္စည်းပို့ဆောင်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။   ကိုဗစ်ရောဂါဖြစ်ပွားနေချိန် အိမ်အပြင်ကိုထွက်ပါက ဈေးဝယ်ခွင့်ကဒ်နဲ့ နယ်ကျော်ကဒ်ယူဆောင်သွားရမယ်လို့ ဒေသန္တရဥပဒေထုတ်ထားပြီး နယ်ကျော်ကဒ်စစ်ဆေးချိန် ကဒ်မပါခဲ့ရင် ဒဏ်ငွေ ၅၀၀၀ ကျပ်ပေးဆောင်ရမယ်လို့ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက ကြေညာခဲ့တာလည်း ရှိပါတယ်။   အခုလို လမ်းပိတ်ထားတာတွေနဲ့ပတ်သက်ပြီး ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝိုင်းကို ဆက်သွယ်ကြည့်ရာမှာတော့ ” ဝင်/ထွက် ကဒ်စစ်ဖို့ ယာယီသဘောမျိုး ပိတ်ထားတာပါ၊…

Read More

ကျယ်ဂေါင်က မြန်မာနိုင်ငံသား ကျောက်ကုန်သည်တွေကို ပြန်ဖို့ ဖိအားပေးနေတာကြောင့် အခက်အခဲ ဖြစ်နေ

ဩဂုတ် ၃၊ ၂၀၂၁ Shy V(VOM)   တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မှာ ကျောက်စိမ်း အရောင်းအဝယ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ကျောက်ကုန်သည်တွေကို မြန်မာနိုင်ငံပြန်ဖို့ တရုတ်ဘက်က ဖိအားပေးနေတာကြောင့် အခက်အခဲ ဖြစ်နေတတယ်လို့ ကျယ်ဂေါင်၊ ရွှေလီရောက် မြန်မာကျောက်ကုန်သည်တွေက ပြောပါတယ်။   “ကျောက်ကုန်သည်တွေက အပြည့်အစုံရှိပါတယ်။ နေထိုင်ခွင့်တွေရော၊ လုပ်ငန်းလိုင်စင်တွေရော ရှိတယ်လေ။ ဒါပေမယ့် ခုလို့ ကိုယ့်ပစ္စည်းတွေ ရှိနေတဲ့အခါကတော့ မပြန်ချင်ဘူး။ Quarantine ဝင်ရမယ်ဆိုရင် လည်း ဝင်လိုက်မယ်။ ပစ္စည်းတွေကို နှမြောလို့။ Quarantine ထွက်ပြီးရင်တော့ အခန်းထဲက ပစ္စည်းယူခွင့်ရှိတယ်။ ဒါပေမယ့် ကျောက်တွေကတော့ အကုန် ပြန်သယ် နိုင်ဖို့ မလွယ်ဘူး။” လို့ ကျယ်ဂေါင်က ကျောက်ကုန်သည် တစ်ဦးကပြောပါတယ်။   ကျောက်ကုန်သည်တွေ ဝင်ငွေမရှိပဲ ဆိုင်တွေ ပြန်ဖွင့် ဖို့စောင့်ဆိုင်းရင်း ၄ လကျော်လာသလို…

Read More
VOM News

FREE
VIEW