ဒေသတွင်းတင်းမာနေချိန် တောင်တရုတ်ပင်လယ်သို့ ဂျာမနီက စစ်သင်္ဘောစေလွှတ်

ဘာလင်၊ သြဂုတ်-၃-၂၀၂၁
မျိုးဆက် (VOM)
 
တရုတ်နိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှုရည်မှန်းချက်တွေအပေါ် ဒေသတွင်းတင်မားနေချိန်မှာ ဂျာမနီဟာ ဒေသတွင်းမှာ သူ့ရဲ့ စစ်ရေးတည်ရှိမှုကိုချဲ့ထွင်မှုအဖြစ် အခြားသောအနောက်နိုင်ငံတွေနဲ့ပူးပေါင်းဖို့ တောင်တရုတ်ပင်လယ်သို့ စစ်သင်္ဘောတစ်စင်းကို သြဂုတ် ၂ ရက်မှာ စေလွှတ်လိုက်ပါတယ်။
 
တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ဒေသအများစုကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး သဘာ၀ဓါတ်ငွေ့နဲ့ ပင်လယ်သယံဇာတတွေပေါကြွယ်၀ရာ လယ်ပြင်မှာ ကျွန်းတုတွေဖန်တီးပြီး စစ်အခြေစိုက်စခန်းတွေတည်တောက်ထားပါတယ်။
 
ဂျာမနီစစ်သင်္ဘောဟာ ဘုံကုန်သွယ်ရေးလမ်းကြောင်းအတိုင်းခုတ်မောင်းသွားမှာဖြစ်ပြီး တရုတ်နိုင်ငံကပြစ်တင်ဝေဖန်လေ့ရှိပြီး အမေရိကန်ရေတပ်ကလှုပ်ရှားနေကြအတိုင်း ထိုင်၀မ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းဖွယ်မရှိဘူးလို့ ဂျာမနီတာ၀န်ရှိသူတွေကပြောပါတယ်။
 
အဲဒီသင်္ဘောပေါ်မှာ အမှုထမ်း ၂၀၀ ကျော်ပါ၀င်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထိ ဒေသတွင်းမှာ တာ၀န်ထမ်းဆောင်မယ်လို့ဆိုပါတယ်။
 
အမေရိကန်ရေတပ်ဟာ တရုတ်နိုင်ငံရဲ့နယ်မြေတောင်းဆိုမှုကိုဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ လွတ်လပ်စွာခုတ်မောင်းသွားလာခွင့်ရှိတယ်ဆိုကာ အငြင်းပွားဖွယ်ကျွန်းတွေအနီးသူ့ရဲ့ စစ်သင်္ဘောတွေ ဖြတ်သန်းခုတ်မောင်းမှု ပုံမှန်လုပ်လေ့ရှိပါတယ်။
 
အမေရိကန်ရဲ့ အဲဒီလုပ်ရပ်တွေကို တရုတ်နိုင်ငံက ကန့်ကွက်လေ့ရှိပြီး ဒီလိုလုပ်ဆောင်တာဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို အထောက်အကူပြုမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
 
Ref : Reuters
Photo: German Navy
 
#voiceofmyanamar #vom #ဂျာမဏီ

Related posts

Leave a Comment

VOM News

FREE
VIEW