ကျောက်ဆည်နယ် ဗလီကွင်းရွာက ပျူစောထီးလို့ အမည်ထွက်နေသူ ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ

သြဂုတ် ၊ ၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ၊ ဗလီကွင်းကျေးရွာနဲ့ ထုံးဘိုကျေးရွာကြားမှာ ဒီကနေ့ နေ့လယ်ပိုင်းက ပျူစောထီးလို့ အမည်ထွက်နေသူ ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ကျောက်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ဗလီကွင်းရွာခံ တစ်ယောက်က ” ဖြစ်တာက ဒီနေ့ ၁၁ နာရီဝန်းကျင်က ဖြစ်တယ် ၊ ဦးမျိုးခိုင်ရဲ့ ရင်ဘတ်ကို ကျည်ဆံ ဖောက်ဝင်ပြီး သေဆုံးသွားတာ ” လို့ ​ပြောပါတယ် ။
 
အဲ့ဒီ သေဆုံးသူ ဦးမျိုးခိုင်ဟာ ဗလီကွင်းရွာဘက်ကို သက်ဆိုင်ရာအဖွဲ့တွေ နယ်​မြေရှင်းလင်းရေးလာတဲ့အခါ လက်ခံ ဧည့်ဝတ်ပြုတာတွေရှိပြီး သူကိုယ်တိုင်က ပျူစောထီး လှုပ်ရှားသူတစ်ယောက်ဖြစ်တယ်လို့ ပြောဆိုတာတွေရှိတယ်လို့ ဗလီကွင်းရွာခံတချို့က မှတ်ချက်ပြုပြောပါတယ် ။
 
ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်း တစ်ယောက်က ” ဗလီကွင်းရွာမှာ ဇူလိုင် ၂၀ ကလည်း ဦးစိန်မြင့် ဆိုတဲ့သူ လုပ်ကြံခံရလို့ သေဆုံးခဲ့တယ် ၊ ဒီနေ့ ဦးမျိုးခိုင် ဖြစ်စဥ်ရောဆိုရော ၂ ကြိမ်ရှိတယ် ” လို့ VOM ရဲ့ ဆက်သွယ်မေးမြန်းတာကို ဖြေကြားပါတယ်။
 
ဒါ့အပြင် အဲ့ဒီ လုပ်ကြံသတ်မှုတွေနဲ့ ပတ်သက်လို့ အင်တာနက် လူမှုကွန်ယက်စာမျက်နှာမှာ ဦးမျိုးခိုင် သေဆုံရခြင်းဟာ သေမင်းမှတ်တမ်း ဒလန်ရှင်းလင်းရေးအဖွဲ့က သေမင်းဦးစီးပြီး သုတ်သင်ခဲ့တာလို့ ဖော်ပြထားတာကိုလည်း တွေ့ရှိရပါတယ်။
 
#voiceofmyanamr #VOM #ကျောက်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW