မြန်မာ့ရွေးကောက်ပွဲအစီအစဉ် အချိန်ဆွဲတာလို့ အမေရိကန်ဝေဖန်၊ အာဆီယံပိုမိုအားထုတ်ရန် တိုက်တွန်း

၀ါရှင်တန်၊ သြဂုတ်-၃-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူသံတစ်မန်တစ်ဦးခန့်အပ်ရေးကို တွန်းအားပေးဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဘလင်ကင်က ပြင်ဆင်နေချိန်မှာ မြန်မာနိုင်ငံမှာ လာမယ့်နှစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ အစီအစဉ်ဟာ အချိန်ဆွဲတာသာဖြစ်တယ်လို့ အမေရိကန်က သြဂုတ် ၂ ရက်မှာပြောဆိုလိုက်ပါတယ်။
 
အမေရိကန်နိုင်ငံခြားရေး၀န်ကြီ ဘလင်ကင်ဟာ အာဆီယံအဖွဲ့ နိုင်ငံခြားရေး၀န်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှုမတိုင်ခင်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်က အခုလိုဝေဖန်လိုက်တာဖြစ်ပါတယ်။
 
လက်ရှိနိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာတာ၀န်ရှိသူတွေက အချိန်ဆွဲနေတာဖြစ်ပြီး ဒီိလိုကာလကြာရှည်လုပ်ဖို့ ဆန္ဒရှိနေတဲ့အတွက် အာဆီယံအနေနဲ့ အဖွဲ့ရဲ့အားထုတ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက တိုက်တွန်းလိုက်ပါတယ်။
 
ဒါကြောင့်အာဆီယံအနေနဲ့ ဒီကိစ္စတွေအပေါ်မှာ ပါ၀င်လုပ်ဆောင်ရမှာဖြစ်ပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်ထိန်းသိမ်းလိုက်နာစေဖို့ အားထုတ်ရမယ်လို့ သူကဆိုပါတယ်။
 
မြန်မာအာဏာပိုင်တွေရဲ့ ရွေးကောက်ပွဲအစီအစဉ်ဟာ စစ်မှန်တဲ့လမ်းကြောင်းနဲ့ သွေဖယ်နေတယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကလည်းပြောဆိုထားပါတယ်။
 
ဒါဟာ ဒီမိုကရေစီပြန်လည်ထွန်းကားရေး၊ နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးရေးနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ရေးအတွက် အာဆီယံအဖွဲ့နဲ့ မိမိတို့တောင်းဆိုထားတာတွေနဲ့ ပိုမိုဝေးကွာစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူကထောက်ပြပြောဆိုပါတယ်။
 
Ref : CNA
Photo: Getty Images
 
#voiceofmyanamar #vom #မြန်မာ့အရေး

Related posts

Leave a Comment

VOM News

FREE
VIEW