ကမ္ဘာမှာ ကိုဗစ်ကူးစက်ခံရသူ သန်း ၂၀၀ ကျော်ရှိလာ၊ ၄ ဒသမ ၄ သန်းသေဆုံး

ဂျီနီဗာ၊ သြဂုတ် ၅-၂၀၂၁
မျိုးဆက် (VOM)

ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သြဂုတ် ၄ ရက်ထိ သန်း ၂၀၀ ကျော်ရှိလာပြီဖြစ်ဖြစ်ပါတယ်။

လက်ရှိချိန်မှာ ဒယ်လ်တာ သန္ဓေပြောင်းဗိုင်ရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ပိုမိုများပြားလာနေပြီး ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်တွေ နှောင့်နှေးနေတာတွေကလည်း ကျန်းမာရေးစနစ်အပေါ် ဖိအားတွေရှိနေပါတယ်။

ဒီလိုကူးစက်မှုနှုန်းမြင့်တက်လာဟာ ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံများအကြား ကာကွယ်ဆေးထိုးနှံမှု ကွာဟချက်ကြီးကြီးမားမားရှိနေတာကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ သုံးပုံတစ်ပုံမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေပြီး အဲဒီနိုင်ငံတွေထဲက နိုင်ငံအများအပြားမှာ နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ခန့်ကိုပင် ပထမအကြိမ် ကာကွယ်ဆေး မထိုးနှံရသေးပါဘူး။

ကမ္ဘာ့နိုင်ငံတိုင်းရဲ့ လူဦးရေ ၁၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံမှုပြီးချိန်ထိ တတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံတာတွေကို ရပ်ဆိုင်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပထမဆုံးသန်း ၁၀၀ ပြည့်ဖို့ တစ်နှစ်ကြာမြင့်ခဲ့ပြီးနောက် ခြောက်လအတွင်း နောက်ထပ် သန်း ၁၀၀ ကူးစက်ခံခဲ့ရကာ ရောဂါကြောင်း လူပေါင်း ၄ ဒသမ ၄ သန်းနီးပါး သေဆုံးခဲ့ပြီဖြစ်ပါတယ်။

အမေရိကန်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ အီရန်နိုင်ငံတို့ဟာ တစ်ပတ်အတွင်းဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေအဖြစ် ရပ်တည်နေပြီး ကမ္ဘာတစ်ဝန်း နေ့စဉ်ကူးစက်မှုရဲ့ ၃၈ ရာခိုင်နှုန်းထိရှိနေပါတယ်။

Ref : CNBC
Photo: Getty Images
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW