တောင်တွင်းကြီးက ရာအိမ်မှူး(၁)ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သြဂုတ် ၂၁-၂၀၂၁
KK(VOM)

တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး၁ရပ်ကွက်၊ ရပ်
ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့မနက်ပိုင်းက အမည်မသိအဖွဲ့က သေနတ်နဲ့လာပစ်ချိန် ရာအိမ်မှူးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေအိုး၁ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ရာအိမ်မှူးဦးဇော်လတ် သေနတ်နဲ့ပစ်ခံရတာဖြစ်ပြီး ရုံးအတွင်းကို ဝင်ရောက်ပစ်ခတ်သွားတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

“သေနတ်သံတွေတော့ ကြားရတာပဲ၊ ဘယ်လောက်အထိပစ်သွားလဲတော့ မသိဘူး၊ သူကစစ်တပ်ထောက်ခံသူလေ အဲ့ဒါကြောင့်အခုလိုပစ်တာဖြစ်မယ်”လို့ သူကပြောပါတယ်။

ရာအိမ်မှူး ကိုဇော်လတ်ရဲ့ နဖူးနဲ့ရင်ဘတ်တို့ သေနတ်ထိမှန် သေဆုံးခဲ့ပြီး တောင်တွင်းကြီးပြည်သူ့ဆေးရုံကိုပို့
ဆောင်လိုက်တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။

ဗီသာနိုးပြည်သူကာကွယ်ရေးတပ်ဆိုတဲ့ လူမှုကွန်ယက်စာမျက်နှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲထိဝင်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာဟာမိမိတို့အဖွဲ့ဖြစ်ပြီး တပ်မတော်ထောက်ခံပွဲတွေမှာ ဦးဆောင်ခဲ့သူဖြစ်တာကြောင့် ပစ်သတ်ခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားတာကို တွေ့ရပါတယ်။

လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ရွှေအိုး ၁ရပ်ကွက်နဲ့ အုပ်ချုပ်ရေးမှူးရုံးအနီးတစ်ဝိုက်မှာ စုံစမ်းစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါနယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၅ရက် ကလည်း မောင်းတိုင် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဋ္ဌေးငွေရဲ့ နေအိမ်မှာ
ဗုံးပေါက်ခဲ့ပါသေးတယ်။

တောင်တွင်းကြီးမြို့နယ်မှာ မေလ ၃၁ရက်နေ့ကစပြီး သြဂုတ် ၁၃ရက်နေ့အထိ မြို့နယ်အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ဌာနဆိုင်ရာ ရုံးတွေကတော့ မေလ ၃၁ ရက် ညနေ၃နာရီက မြို့နယ်ပညာရေးမှူးရုံး ဗုံးပေါက်ခဲ့ပြီး ဇူလိုင် ၂၆ ရက် မနက် ၄နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့နေအိမ် ဗုံးပေါက်ခဲ့သလို သြဂုတ် ၁၃ရက် ည ၇နာရီကလည်း ရဲဝန်ထမ်းအိမ်ယာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #တောင်တွင်းကြီး

Related posts

Leave a Comment

VOM News

FREE
VIEW