ရုရှားရဲ့ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် မြန်မာနိုင်ငံသို့ သတ်မှတ်ချိန်အတိုင်း ပေးပို့မယ်

မော်စကို၊ သြဂုတ်-၂၆-၂၀၂၁
မျိုးဆက် (VOM)

ရုရှာနိုင်ငံဟာ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ်ကို သက်ဆိုင်ရာအရောင်းစာချုပ်မှာ ဖော်ပြထားတဲ့အတိုင်း အချိန်မီပို့ဆောင်သွားမယ်လို့ ရုရှားစစ်ဘက်နဲ့နည်းပညာပူးပေါင်ဆောင်ရွက်ရေးဌာန အကြီးအကဲကို ကိုးကားပြီး RIA သတင်းဌာနကဖော်ပြထားပါတယ်။

အဲဒီလေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဒုံးပျံတွေကို ပစ်ချရာမှာ အသုံးပြုနိုင်ပါတယ်။

မြန်မာနဲ့ရုရှားနိုင်ငံတို့အကြား တာဝန်ရှိသူတွေအပြန်အလှန်သွားရောက်မှု၊ လက်နက်အရောင်းအဝယ် စာချုပ်တွေကြောင့် ရုရှားဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကို တရားဝင်အသိအမှတ်ပြုနေတာလို့ တက်ကြွလှုပ်ရှားသတွေက စွပ်စွဲထားပါတယ်။

ရုရှားနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ ကာလကြာရှည် မဟာဗျူဟာမြောက် ဆက်ဆံရေးထားရှိကြောင်းနဲ့ မြန်မာ့အရေးအခြေအနေအတော်ဆိုးရွားနေပေမယ့် အာဏာပိုင်တွေအနေနဲ့ တည်ငြိမ်စေဖို့ အာဏာပိုင်တွေ အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

မြန်မာနဲ့ရုရှားတို့အကြား Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် အရောင်းအဝယ်ကို ပြီးခဲ့တဲ့ဇန်နဝါရီလမှာ သဘောတူခဲ့ကြတာဖြစ်ကြောင်း ရုရှားလက်နက်ဆိုင်ရာအကြီးအကဲ Dmitry Shugayev ကိုကိုးကားပြီး RIA သတင်းဌာနက ဖော်ပြထားပါတယ်။

Ref : Reuters
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

✕
VOM News

FREE
VIEW