ရွှေဘိုနယ်က မိုးကြိုးမုန်တိုင်း အဖွဲ့ဝင် ၁ ဦး အဖမ်းခံရ

သြဂုတ် ၊ ၂၆ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ မင်းကုန်းကျေးရွာနေ မိုးကြိုးမုန်တိုင်း အဖွဲ့ဝင် ၁ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒီကနေ့ သြဂုတ် ၂၆ မှာ
ရွှေဘိုမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ဒီကိစ္စအတည်ပြုနိုင်ဖို့ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့ရုံးကိုမေးကြည့်တော့
 
” ရွှေဘိုခရိုင်ထဲက မြို့နယ်တွေနဲ့ မုံရွာခရိုင်ထဲက မြို့နယ်တွေမှာ ဒလန်ရှင်းလင်းရေး လုပ်နေတဲ့ နယ်စည်းမခြား မိုးကြိုးမုန်တိုင်း အဖွဲ့ဝင် တစ်ယောက် ရွှေဘိုမှာ ဖမ်းမိထားတယ် ၊ သူ့နာမည်က အောင်ကိုကို အသက် ၃၈ နှစ် ဖြစ်တယ်” လို့ ရုံး တာဝန်ကျ ရဲဝန်ထမ်း တစ်​​ယောက်က ပြောပါတယ်။
 
အဲ့ဒီ ဖမ်းဆီးခံရတဲ့သူဟာ မင်းကုန်းရွာမှာနေထိုင်ပြီး စျေးရောင်းနဲ့ ဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူတစ်ယောက်ဖြစ်ကာ သူ့ရဲ့နေအိမ်ခြံဝန်းအတွင်းက ဘောစကိုင်းသစ်ပင်အောက်မှာ မြေကျင်းတူးပြီး သိမ်းဆည်းထားတဲ့ လက်လုပ်မိုင်း ၆၅ လုံးနဲ့အတူ ဖောက်ခွဲရေးသုံး ဆက်စပ် ပစ္စည်းတွေ အများအပြားနဲ့ ကျည်ဆံ တစ်တောင့်ထိုး သေနတ် ၁ လက်ကို သိမ်းဆည်းရမိတယ်လို့ ဒေသတွင်းကလာတဲ့ သတင်းတွေအရသိရပါတယ်။
 
ဒါ့အပြင် ရွှေဘိုခရိုင်နဲ့ မုံရွာခရိုင်ထဲက မြို့နယ် ရပ်ကွက် ကျေးရွာတွေမှာ နယ်စည်မခြား မုန်းကြိုး မုန်တိုင်းအဖွဲ့က သူတို့အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ အင်တာနက် လူမှုကွန်ရက်ကနေ ထုတ်ပြန်ကြေညာတဲ့အခါ အခု သြဂုတ်လ ၃ ရက်ကနေ ၁၈ ရက်အထိ အုပ်ချုပ်ရေးမှူး ၇ ယောက် ၊ သတင်းပေး ဒလန် ၁၆ ယောက် ၊ ပျူစောထီး အဖွဲ့ဝင် ၈ ​ယောက် ၊ အွန်လိုင်း အာချောင်သူ ၃ ယောက်နဲ့ CDM ဝန်ထမ်းတွေအပေါ် ဖိအားပေး ပြောဆိုသူ ၁ ယောက် အပါအဝင် လူ ၃၅ ယောက်ကို သုတ်သင်ရှင်းလင်း သတ်ဖြတ်ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
 
#voiceofmyanmar #vom #မိုးကြိုးမုန်တိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW