မင်းကင်းနယ်မှာ ကွာရန်တင်းဝင်နေသူ ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရ

သြဂုတ် ၊ ၂၇ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ သင်တောကျေးရွာအုပ်စု ၊ ညောင်ပင်သာကျေးရွာက ကွာရန်တင်း စင်တာမှာ ကိုဗစ်ရောဂါ စောင့်ကြည့်စစ်ဆေးခံနေရတဲ့ သူ ၂ ဦး ကို မနေ့ သြဂုတ် ၂၆ မနက်အစောပိုင်းက သေနတ်နဲ့ ဝင်ပစ်တာကို ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ သင်တောဒေသခံတွေရဲ ဆက်သွယ်ပြောပြချက်အရ သိရပါတယ် ။
 
” ညက ၁ နာရီဝန်းကျင်လောက်မှာ သေနတ်သံတွေကြားရတယ် ၊ ကွာရန်တင်း စင်တာထဲမှာ ကျူဝင်နေတဲ့ ကိုချစ်စမ်းမောင် နဲ့ ဗိုလ်ချုပ်တို့ ၂ ယောက် ပစ်ခံရလို့ သေတယ်ဆိုတာ မိုးလင်းကျမှ သိရတာ ” လို့ အဲ့ဒီ ရွာခံတစ်ယောက်က ပြောပါတယ်။
 
ကျန်းမာရေး စောင့်ကြည့် စစ်ဆေးခံနေရတဲ့ ကိုချစ်စမ်းမောင် အသက် ၄၈ နှစ်နဲ့ ဗိုလ်ချုပ် ခေါ် မျိုးသန့် အသက် ၄၀ နှစ်ဆိုသူ ၂ ယောက်ဟာ ခရီးပြန်ဖြစ်တဲ့အတွက် ရွာရဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေး ထုံးစံအရ ကွာရန်တင်းစင်တာမှာ ကျူဝင်နေစဥ် အခုလို သေနတ်နဲ့ ပစ်ခတ်ခံရပြီး ၂ ယောက်စလုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
 
အဲ့ဒီ ကွာရန်တင်းစင်တာထဲ ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်တဲ့သူတွေဟာ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ ရွာခံတွေက ပြောဆိုတာ မရှိပေမယ့် မြင်တွေ့လိုက်ရသူတွေရဲ့ ပြောပြချက်အရ သေနတ်သမားတွေဟာ မျက်နှာမှာ အိုးမဲသုတ်ထားပြီး တူမီးသေနတ်တွေကိုင်ထားတာဖြစ်တယ်လို့ သိရပါတယ်။
 
သူတို့ကို ဘာ့ကြောင့်သတ်တယ်ဆိုတာနဲ့ ဖြစ်စဉ်နောင်္က်ဆုံးအခြေအနေသိနိုင်ဖို့ မင်းကင်းရဲစခန်းကို VOM က ဆက်သွယ်လို့ မရသေးတာကြောင့် အကြောင်းအရင်းကို မသိရသေးပါဘူး။
 
ဒါ့အပြင် အခု ပစ်ခတ်သေဆုံးတဲ့ ညောင်ပင်သာရွာနားက အုန္နဲပုတ်ရွာမှာလည် ပြီးခဲ့တဲ့ ၂ လဝန်းကျင်က လင်မယား ၂ ယောက်နဲ့ ကလေး ၁ ယောက်အပါအဝင် မိသားစု ၃ ယောက် သတ်ဖြတ်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #vom #မင်းကင်း

Related posts

Leave a Comment

VOM News

FREE
VIEW