မလိခမြစ်ရေ ပူတာအိုခရိုင်မှာ ပေ ၃၀ ကျော်အထိ မြင့်တက်ခဲ့

ဩဂုတ် ၂၇-၂၀၂၁ Voice Of Myanmar   ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်အတွင်းက မလိခမြစ်မှာ မနေ့ဩဂုတ် ၂၆ ရက် ညနေပိုင်းကစပြီး ပေ ၃၀ ကျော်တဲ့အထိ ရေတက်လာပြီး စိုးရိမ်ရေမှတ်အထိ မြင့်တက်ခဲ့တယ်လို့ ပူတာအိုမြို့နယ် ၊ မန်ပန်ကျေးရွာ၊ ဓမ္မရက္ခိတကျောင်း ဆရာတော်က မိန့်ကြားပါတယ်။   မနေ့ တက်ခဲ့တဲ့ မလိခမြစ်ရေအခြေအနေဟာ မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံကျေးရွာ မြစ်ကမ်းအနီး လူနေရပ်ကွက်၊ လူနေအိမ်တွေ မလိခမြစ်‌ကြောင်း တစ်လျှောက်အနီးက ကျေးရွာတွေမှာလည်း ရေဝင်ရောက်ခဲ့ပါတယ်။   ဒီနေ့ ဩဂုတ် ၂၇ ရက်နေ့ မှာတော့ မန်ပန်ကျေးရွာဘက်မှာ မြစ်ရေ ၂၆ ပေလောက်ကျသွားပြီး၊ ကောင့်မှုလုံဘက်မှာတော့ ၉ ပေလောက်ပဲကျသွားတယ်လို့ သိရပါတယ်။   ” မြစ်ကမ်းနားတွေတော့ တစ်ချို့ရွေ့ရတာရှိပေမယ့်။ ဒီမှာကရေကြီးလည်းခဏပါ။ တောင်ပေါ်ဆိုတော့ ။…

Read More

မင်္ဂလာတောင်ညွှန့်မှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး လူငယ်တစ်ဦးသေဆုံး

ရန်ကုန်၊သြဂုတ် ၂၇၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ မင်္ဂလာစျေးအနီး၊ ၁၂၂လမ်းမှာ မနေ့ ဩဂုတ်လ ၂၆ရက် ည ၈နာရီက ပစ်ခတ်မှုဖြစ်ခဲ့ပြီး အမျိုးသားလူငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   “မနေ့ညပိုင်းက ၁၂၂ လမ်းထိပ်မှာ အရက်သမား ၁ဦးက အရက်သောက်ထားပြီး စစ်တပ်ကို ရုတ်တရက်မြင်လို့ အော်ဟစ်ထွက်ပြေးရာကနေ ပစ်ခတ်မှုစတင်ခဲ့တယ်၊ အဲ့ဒီအမူးသမားက သွားဆဲတယ်လို့ကြားတယ်၊ အရက်မူးနေတော့ ကြောက်ပြီးထွက်ပြေးတယ်လည်းပြောတယ်၊ အဲ့ဒီမှာ ကင်းလှည့်နေတဲ့စစ်တပ်ကတွေ့ရာ အကုန်လိုက်ပစ်တော့တာပဲ”လို့ ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောပါတယ်။   လိုက်လံပစ်ခတ်မှုကြောင့် ၁၂၁လမ်းမှာ နွားနို့ရောင်းနေတဲ့ အမျိုးသားလူငယ်တစ်ဦး လည်ပင်းကို ကျည်ထိမှန်ကာ သွေးထွက်လွန် သေဆုံးခဲ့တယ်လို့ ၁၂၁လမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။   သေနတ်ပစ်ခတ်မှုတွေပြီးသွားချိန် နွားနို့ရောင်းတဲ့ လူငယ်တစ်ဦးပျောက်ဆုံးနေလို့ မိသားစုဝင်တွေက ရပ်ကွက်ရုံးကိုအကြောင်းကြားပြီး လိုက်လံရှာဖွေရာ နောက်ဖေးလမ်းကြားအတွင်း ကျည်မှန်တဲ့ဒဏ်ရာနဲ့ သွေးထွက်လွန်…

Read More

ကောလင်းက ဌာနဆိုင်ရာ နေရာတွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

သြဂုတ် ၊ ၂၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့ ၊ မြောက်အင်းရပ်ကွက်မှာရှိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ဝန်းခြံ အပါအဝင် ဌာနဆိုင်ရာ နေရာ ၃ ခုမှာ မနေ့ သြဂုတ် ၂၆ ညနေပိုင်းက ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ကောလင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” ညနေ ၃ နာရီ ၅ မိနစ်မှာ ခရိုင်အုပ်ချုပ်ရေးမှူး နေတဲ့အိမ်ဘက်က ပေါက်ကွဲသံ တကြိမ် ၊ မိနစ်ပိုင်း အနည်းငယ်ခြားပြီး ၃ နာရီ ၈ မိနစ်လောက်မှာ စက်ရုံလယ်ပြင်ရပ်ကွက် ထွေ / အုပ် ဝန်ထမ်းအိမ်ယာနဲ့ မီးရထားလမ်း ကြား ဘက်က ပေါက်ကွဲတာ တကြိမ်…

Read More

မုံးကိုးအနီးမှာ တပ်မတော်နဲ့ MNDAA တိုက်ပွဲဖြစ်

ဩဂုတ် ၂၇၊ ၂၀၂၁ Shy V(VOM)   မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံ ထိစပ်နေတဲ့ မုံးကိုးမြို့အနီးက မန်ဂျေရွာဘက်မှာ ဩဂုတ်လ ၂၆ ရက် ညနေ ၆ နာရီ ကျော်ခန့်ကစ နာရီဝက်ကြာ တပ်မတော်နဲ့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။   “ညနေ ၆ နာရီ ၁၀ မိနစ် လောက်က။ စစ်တပ်နဲ့ ကိုးကန့် ဖြစ်နေတာ။ မိနစ် ၃၀ လောက် ကြာတယ်။ စစ်သားတွေက ရွာထဲ ကနေလည်း ပစ်နေတာ။ ဘာတွေ ထိသွားလဲ ဘာမှမသိရသေးဘူး။ ပစ္စည်းတွေ သိမ်းနေတာ။ မရှောင်ရ‌ သေးဘူး။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။  …

Read More

ကြေးမုံသတင်းထောက် ဆိုသူတယောက် သေနတ်နဲ့ပစ်သတ်ခံရ

သြဂုတ် ၂၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ရန်ကုန်တိုင်း ၊ ဒဂုန်ဆိပ်ကမ်းမြို့နယ် ၊ ယုဇနဥယျာဥ်မြို့တော် အိမ်ယာ ၁၅ လမ်း ၊ A မှာ နေထိုင်တဲ့သတင်းထောက် တဦး မနေ့သြဂုတ် ၂၆ ညနေပိုင်းက သေနတ်နဲ့ ပစ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ယုဇန ဥယျာဥ်မြို့တော်နေ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   “ကိုရဲကြီးလို့ခေါ်ကြတာပါ ၊ သူက ကြေးမုံသတင်းစာမှာ သတင်းထောက်လုပ်တယ် ၊ နောက်ပြီး ပြည်ခိုင်ဖြိုးလည်းဖြစ်တယ် ၊ သံပုံးတီးတဲ့အိမ်တွေကို စစ်သားနဲ့ရဲက ဝင်ရောက်ဖမ်းတာ သူ့ကြောင့်လို့ နာမည်ထွက်နေတာ ကြားမိတယ် ” လို့ သေဆုံးသူနဲ့ ရင်းနှီးခဲ့ဖူးသူ တစ်ယောက်ကပြောပါတယ်။   အဲ့ဒီ ပစ်ခတ်မှုဖြစ်ပြီးနောက် နာရီပိုင်းအကြာမှာ Yangon Revolution Group…

Read More

မင်းကင်းနယ်မှာ ကွာရန်တင်းဝင်နေသူ ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရ

သြဂုတ် ၊ ၂၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ သင်တောကျေးရွာအုပ်စု ၊ ညောင်ပင်သာကျေးရွာက ကွာရန်တင်း စင်တာမှာ ကိုဗစ်ရောဂါ စောင့်ကြည့်စစ်ဆေးခံနေရတဲ့ သူ ၂ ဦး ကို မနေ့ သြဂုတ် ၂၆ မနက်အစောပိုင်းက သေနတ်နဲ့ ဝင်ပစ်တာကို ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ သင်တောဒေသခံတွေရဲ ဆက်သွယ်ပြောပြချက်အရ သိရပါတယ် ။   ” ညက ၁ နာရီဝန်းကျင်လောက်မှာ သေနတ်သံတွေကြားရတယ် ၊ ကွာရန်တင်း စင်တာထဲမှာ ကျူဝင်နေတဲ့ ကိုချစ်စမ်းမောင် နဲ့ ဗိုလ်ချုပ်တို့ ၂ ယောက် ပစ်ခံရလို့ သေတယ်ဆိုတာ မိုးလင်းကျမှ သိရတာ ” လို့ အဲ့ဒီ ရွာခံတစ်ယောက်က ပြောပါတယ်။…

Read More
VOM News

FREE
VIEW