မုံးကိုးအနီးမှာ တပ်မတော်နဲ့ MNDAA တိုက်ပွဲဖြစ်

ဩဂုတ် ၂၇၊ ၂၀၂၁
Shy V(VOM)
 
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံ ထိစပ်နေတဲ့ မုံးကိုးမြို့အနီးက မန်ဂျေရွာဘက်မှာ ဩဂုတ်လ ၂၆ ရက် ညနေ ၆ နာရီ ကျော်ခန့်ကစ နာရီဝက်ကြာ တပ်မတော်နဲ့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ညနေ ၆ နာရီ ၁၀ မိနစ် လောက်က။ စစ်တပ်နဲ့ ကိုးကန့် ဖြစ်နေတာ။ မိနစ် ၃၀ လောက် ကြာတယ်။ စစ်သားတွေက ရွာထဲ ကနေလည်း ပစ်နေတာ။ ဘာတွေ ထိသွားလဲ ဘာမှမသိရသေးဘူး။ ပစ္စည်းတွေ သိမ်းနေတာ။ မရှောင်ရ‌ သေးဘူး။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
 
မုံးကိုးမြို့ အနီးနားမှာ တပ်မတော် နဲ့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) တို့အကြား တိုက်ပွဲ ဖြစ်ပွားမှု မရှိတာ ၁ လ နီးပါး ရှိပြီဖြစ်ပြီး ဩဂုတ်၂၆ ရက်ညမှာ ပြင်းပြင်းထန်ထန် ပြန်ဖြစ်တာလို့ မုံးကိုးမြို့ခံ တစ်ဦးက ပြောပါတယ်။
 
ဇူလိုင်လ ၃ ရက်ခန့်က မုံးကိုး ဖောင်းဆိုင်ဒေသဘက် တပ်မတော် နဲ့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင်း ဖောင်းဆိုင်၊ မန့်ယန် နဲ့ ဘန်မွေ့ စတဲ့ရွာတွေထဲက ပြည်သူတွေ တရုတ်နဲ့ မြန်မာ နယ်စပ် တောစပ်တွေထဲ တိမ်းရှောင်နေခဲ့ တာဖြစ်ပြီး လက်ရှိထိ ရွာ ပြန်မနေခိုင်းတာ‌ေကြာင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ မိုးကာတို့ အရေးကြီး လိုအပ်နေကြောင်း ဖောင်းဆိုင် ဒေသခံတစ်ဦးက ပြောပါတယ်။
 
မုံးကိုးမြို့ဘက်က တချို့ရွာတွေကို စစ်တပ်က စားနပ်ရိက္ခာ လမ်းကြောင်းတွေ ဖြတ်တောက်ထားလို့ စားနပ်ရိက္ခာ ခက်ခဲတဲ့ကိစ္စကို MNDAA အမှုဆောင်အဖွဲ့က ဖြေရှင်းပေးမယ်လို့ ဩဂုတ်လ ၂၃ ရက်နေ့က ကိုးကန့်သတင်းတွေအရ သိရပါတယ်။
 
ကြူကုတ် (ပန်ဆိုင်း) အနီးတဝိုက်မှာည်း ဩဂုတ်လ ၄ ရက်နေ့ကတည်းက နေ့စဉ်နီးပါး စစ်တပ်နဲ့ MNDAA တို့တိုက်ပွဲ ပြင်းထန်နေတာကြောင့် ပန်ဆိုင်းမြို့ထဲက အဆောက်အဦး အချို့နဲ့ တချို့ရွာတွေက နေအိမ်အချို့ ကျည်ထိမှန်ပျက်စီးခဲ့ပါတယ်။
 
ကောင်းစထီး၊ ဖိုင်ကောင်း၊ ကောင်ရာ၊ ခါ့လျန်၊ မန်ဂျေ၊ နမ့်ဟူး၊ ကောင်းဝိုင်၊ ရေပူစမ်း စတဲ့ရွာတွေထဲက ဒေသခံ ၁၄၀၄ ဦး မြန်မာ-တရုတ် ထိစပ်နေတဲ့ လယ်တောမှာ လက်ရှိအချိန်ထိရှောင်တိမ်းနေ ကြရတယ်လို့ သိရပါတယ်။
 
Photo Crd# မန်ဂျေရွာခံတစ်ဦး
 
#voiceofmyanmar #vom #MNDAA #ကိုးကန့#မုံကိုး

Related posts

Leave a Comment

VOM News

FREE
VIEW