ကိုဗစ်ကို ဇီဝလက်နက်အဖြစ် ဖန်တီးခဲ့တာမဟုတ်နိုင်လို့ အမေရိကန်ထောက်လှမ်းရေးပြော

ဝါရှင်တန်၊ သြဂုတ်၂၈-၂၀၂၁
မျိုးဆက် (VOM)

ကိုဗစ်-၁၉ ရောဂါရဲ့ မူလဇစ်မြစ်နဲ့ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းအကြားမှာ ယတိပြတ်ဆုံးဖြတ်နိုင်ခြင်းမရှိသေးဘဲ ဗိုင်းရပ်စ်ဟာ ဓါတ်ခွဲခန်းကနေ စတင်ထွက်ပေါ် ကူးစက်ခြင်း သို့မဟုတ် သဘာဝအတိုင်း လူသားများထံ ကူးစက်ခြင်းတို့အပေါ် ကွဲပြားမှုတွေရှိနေပါတယ်။

ဒါပေမယ့် ဗိုင်းရပ်စ်ကို ဇီဝလက်နက်အဖြစ် အသုံးပြုဖို့ ဖန်တီးခဲ့တာမဟုတ်နိုင်ကြောင်း နိုင်ငံ ၁၈ နိုင်ငံမှ ထောက်လှမ်းရေးအေဂျင်စီတွေကို ကြီးကြပ်ကွပ်ကဲရေးရုံးက သြဂုတ် ၂၇ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်ထောက်လှမ်းရေးရဲ့ အဲ့ဒီအစီရင်ခံစာဟာ သိပ္ပံနည်းကျမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ကဆိုပါတယ်။

ဗိုင်းရပ်စ်စတင်ကူးစက်ပျံ့ပွားခြင်းနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေကို စုဆောင်းဖို့ အချိန်မရှိတော့ဘူလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ဗိုင်းရပ်စ်ရဲ့ ဖြစ်နိုင်ခြေအရှိဆုံး မူလဇစ်မြစ်နဲ့ပတ်သက်ပြီး ထောက်လှမ်းရေးအသိုင်းအဝိုင်းမှာ ဝိဝါဒကွဲပြားနေဆဲဖြစ်ကြောင်း အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရောဂါပိုးရှိတဲ့ တိရိစ္ဆာန်နဲ့ထိတွေ့ခြင်းမှ လူသားများအပေါ် ကူးစက်ခြင်းနဲ့ ဓါတ်ခွဲခန်းမှ ယိုစမ့်ကူးစက်ခြင်း ဆိုတဲ့ ယူဆချက်နှစ်မျိုးစလုံးဟာ ဖြစ်နိုင်ခြေရှိကြောင်း ထောက်လှမ်းရေးအေဂျင်စီတွေအားလုံးက အကဲဖြတ်ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW