သတင်းပေးရင် ဆုကြေးငွေပေးမယ်လို့ ထုတ်ပြန်ပြီးနောက် ဝက်လက်နယ်မှာ ၃ ယောက် အဖမ်းခံရ

သြဂုတ် ၊ ၂၈ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   NUG နဲ့ CRPH အဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး သတင်းပေးသူကို ဆုကြေးငွေ အနည်းဆုံး ကျပ်သိန်း ၅ သိန်း ချီးမြှင့်ပေးမယ်လို့ နစက သတင်းထုတ်ပြန် ကြေညာချက်တွေ ထွက်ပေါ်လာပြီးနောက် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့က CRPH အဖွဲ့ဝင်တွေဆိုပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ဝက်လက်နယ်ခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။   ” မနေ့က စစ်သားနဲ့ ရဲတွေ ဝက်လက်မြို့ပေါ်မှာ အခါတိုင်းနေ့တွေထက် ပိုများတယ် ၊ လူ ၃ ယောက်လည်း ဖမ်းခံရတယ် ” လို့ ဝက်လက်မြို့ခံ တစ်ယောက်က ပြောပါတယ် ။   ဒါ့အပြင် ဝက်လက်မြို့ပေါ်မှာ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ယောက် ပြောတာက ”…

Read More

လှိုင်မြို့နယ်မှာ တပ်မတော်ဒန်အိုးစက်ရုံ၊KBZဘဏ်၊EPCရုံးတို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွား

ရန်ကုန်၊သြဂုတ် ၂၈၊၂၀၂၁ KK(VOM)   လှိုင်မြို့နယ်မှာ ဒီကနေ့ နေ့လယ် ၁၂နာရီခန့်က တပ်မတော် ဒန်အိုးစက်ရုံ၊KBZဘဏ်၊EPCရုံးရှေ့တို့မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   ” လှိုင်မြို့နယ်၊ ၁၆ရပ်ကွက်၊ အုတ်ကျင်းလမ်းမပေါ်မှာရှိတဲ့ တပ်မတော်ဒန်အိုးစက်ရုံမှာ ဒီကနေ့နေ့လယ် ၁၂နာရီက ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်၊ ဗုံးကဆင့်ပေါက်တာ စစ်သားတွေလည်း ဗုံးပေါက်တယ်ဆိုတာနဲ့ ရမ်းသမ်းပစ်တော့တာပဲ၊ လူငယ်တွေကိုလည်း စစ်ဆေးနေတယ်လို့ ကြားတယ်”လို့ အုတ်ကျင်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။   နေ့လည် ၁နာရီလောက်မှာတော့ ၁ရပ်ကွက်၊ ရွာမကျောင်းလမ်းမီးပွိုင့်အနီး KBZ Bank ရှေ့မှာ ထပ်မံဗုံးပေါက်မှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။   အလားတူပင် လှိုင်မြို့နယ်၊ ၉ရပ်ကွက်၊ ပါရမီမီးပွိုင့်အနီးမှာရှိတဲ့ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးရှေ့မှာလည်း ဗုံးထပ်မံပေါက်ခဲ့လို့ စစ်တပ်နဲ့ ရဲတွေဟာ အင်အားတိုးမြှင့်ကာ ပိတ်ဆို့ရှာဖွေနေတယ်လို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။   ပြီးခဲ့တဲ့ သြဂုတ် ၂၀ရက် နေ့လယ်ပိုင်းကလည်း…

Read More

ဘဏ်ငွေထုတ်ခွင့် ကန့်သတ်ချက်တွေကို စက်တင်ဘာလမှာ စတင်ဖြေလျှော့ပေးမယ်လို့သိရ

သြဂုတ် ၂၈ -၂၀၂၁ CKC(VOM)   ဘဏ်တွေကနေ ငွေအကန့်အသတ်နဲ့ထုတ်ယူရတဲ့ကိစ္စကို လာမယ့် စက်တင်ဘာလ လဆန်းပိုင်းက စတင်ပြီး ဖြေလျှော့မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဝင်းသော်ကပြောပါတယ်။   “စက်တင်ဘာလထဲမှာ စပြီးတော့ တဖြည်းဖြည်း ဖြေလျှော့သွားမှာပါ။ ကျနော်တို့ပြောထားတဲ့အတိုင်းပါပဲ ။ ငွေထုတ်တာတွေနဲ့ပတ်သက်ပြီး တိုးထုတ်နိုင်ဖို့ပေါ့။လက်ရှိဖြစ်နေတဲ့ အခြေအနေတစ်ခုထက် အဆင်ပြေအောင်ပေါ့ ။ ဥပမာပေါ့ ATM ပေါ့ ဒါကရှင်းလင်းအောင်ပြောပြတာပေါ့ ATMတွေမှာဆိုရင် ပိုက်ဆံထုတ်လို့မရဘူးရှိတယ်၊ ဒါတွေဆို ပတ်ဝန်းကျင်ထိတွေ့မှုအများဆုံးနေရာတွေမှာ ပြဿနာတွေရှိနိုင်တာပေါ့။နောက်တစ်ခါ ဘဏ်တွေမှာ ၂၀၀ ၊ ၂၀ ကန့်သတ်ထားတာရှိတယ်။တကယ်တမ်းကျ ၂၀၀ ၊ ၂၀ တောင်မပေးကြဘူးဖြစ်နေတယ်။ဒါတွေကိုလည်း ဘဏ်တွေကိုကန့်သတ်ချက်နဲ့အညီ အပြည့်အဝထုတ်ပေးဖို့ဆိုတာတွေလုပ်မယ်”လို့ ဦးဝင်းသော်က ပြောပါတယ်။   လက်ရှိဖြစ်နေတဲ့အခြေအနေတွေကနေ ပိုပြီးအဆင်ပြေအောင် တဆင့်ပြီးတဆင့် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလည်း ငွေသားထုတ်ယူမှုဆိုင်ရာကန့်သတ်ချက်တွေဖြေလျော့ပြီးဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။   “နောက်တဆင့်က…

Read More

တန့်ဆည်မြို့နယ် သမဝါယမအသင်းဥက္ကဌ အသတ်ခံရ

သြဂုတ် ၂၈ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ကြက်ဆူကန်ကျေးရွာနေ တန့်ဆည်မြို့နယ်သမဝါယမ အသင်းဥက္ကဌ ရဲ့ သေဆုံးနေတဲ့ရုပ်အလောင်းကို ဒီကနေ့ မနက်အစောပိုင်းက တွေ့ရတယ်လို့ တန့်ဆည်မြို့ခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ် ။   ” သေဆုံးသူက မြို့နယ်သမဝါယမအသင်းဥက္ကဌ ဦးကျော်ညွှန့်ဖြစ်တယ် ၊ သူရဲ့ ရုပ်အလောင်းကို ဒီမနက် အစောပိုင်းက ပဲခင်းကြီးသုဿန်နားက တွေ့ရတာ ၊ ဦးခေါင်းပြတ်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ် “လို့ တန့်ဆည်မြို့ခံတစ်ယောက်က ပြောပါတယ် ။   ဒါ့အပြင် တန့်ဆည်လမ်းဆုံမှာနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပြောတာက ” ကာပေါင်းကျဘက်မှာလည်း ညက ပစ်တာခတ်တာရှိတယ် ၊ ကြက်ဆူကန်ရွာမှာနေတဲ့ သမဥက္ကဌရဲ့အိမ်ကို လူ ၂၀ လောက်ဝင်ပြီး သမဥက္ကဌကိုဖမ်းသွားတယ် ၊ သူ့မိန်းမလည်း ဓားဒဏ်ရာ ရတယ်လို့တော့ ကြားရတယ်၊…

Read More

အာဖဂန်အရှေ့ပိုင်းရှိ အိုင်အက်စ်အဖွဲ့ကို မောင်းသူမဲ့လေယာဉ်နဲ့ အမေရိကန်လေကြောင်းတိုက်ခိုက်

ကဘူး၊ သြဂုတ်-၂၈-၂၀၂၁ မျိုးဆက် (VOM)   အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာပြုလုပ်တဲ့ မောင်းသူမဲ့လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အိုင်အက်စ်အဖွဲ့ခွဲတစ်ခုမှ တိုက်ခိုက်ရေးစီစဉ်ညွှန်ကြားသူတစ်ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်က သြဂုတ် ၂၇ ရက်မှာပြောပါတယ်။   အိုင်အက်စ်-ကေ အဖွဲ့မှ သံသယရှိတဲ့ အဲဒီညွှန်ကြားသူဟာ နန်ဂါဟာပြည်နယ်အတွင် ပစ်မှတ်ထားတိုက်ခိုက်မှုမှာ သေဆုံးခဲ့ဖွယ်ရှိတယ်လို့ဆိုပါတယ်။   အမေရိကန်တပ်ဖွဲ့၀င် ၁၃ ဦးအပါအ၀င် လူ ၁၇၀ ကျော်သေဆုံးခဲ့တဲ့ ကဘူးလေဆိပ်ပြင်ပမှာ သြဂုတ် ၂၆ ရက်ကဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်-ကေအဖွဲ့က ထုတ်ပြန်ထားပါတယ်။   ယခုလအတွင်းမှာ အာဖဂန်ကို တာလီဘန်တို့ကထိန်းချုပ်လိုက်ပြီးနောက် ကဘူးလေဆိပ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လေယာဉ်အများအပြားနဲ့ ဆောင်ရွက်လျှက်ရှိပါတယ်။   ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ကဘူးလေဆိပ်မှ လူတစ်သိန်းကျော်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့၀င်တွေဟာ အာဖဂန်မှ သြဂုတ် ၃၁ ရက်နောက်ဆုံးထားပြီး ဆုတ်ခွာရန်စီစဉ်ထားပါတယ်။  …

Read More

တာချီလိတ်​မြို့နယ်​စည်​ပင်​ရုံး​ရှေ့ ဗုံးပေါက်ခဲ့ပြီး အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

သြဂုတ် ၂၈-၂၀၂၁ KK(VOM)   တာချီလိတ်​မြို့နယ်မှာ မနေ့ည ၁၀ နာရီခွဲက မြို့နယ်စည်​ပင်​သာယာ​ရေးဌာနရုံး​ရှေ့မှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် အမျိုးသားတစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။   ” မနေ့ညပိုင်းက တောင်ကြီးနဲ့တာချီလိတ်ကားလမ်းမပေါ်က မြို့နယ်စည်ပင်သာယာရေးဌာနရှေ့မှာ ဗုံးပေါက်ကွဲခဲ့တာ၊ ဗုံးပေါက်တာက အကျယ်ကြီးပဲ၊ စည်ပင်ရုံးက ခရိုင်ရုံးတွေ ရဲစခန်းတွေနဲ့နီးတယ် အဲ့ဒီနားမှာပေါက်တာ၊ လူထိခိုက်မှုမရှိပေမယ့် စစ်တပ်နဲ့ရဲတွေဟာ နီးစပ်ရာလိုက်လံရှာဖွေပြီး လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့တယ်၊ ဖမ်းခံရတဲ့သူက CCTVမှာ ဗုံးထောင်တဲ့သူနဲ့ ဆိုင်ကယ်ချင်းတူတယ်ဆိုပြီးဖမ်းတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။   ဗုံးပေါက်ပြီးနောက် ရန်အောင်​မြေရပ်ကွက်၊ ပေါသျှံ(၁)လမ်းအတွင်း စစ်တပ်နဲ့ရဲတွေက အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။   တာချီလိတ်မြို့နယ်ဟာ ညမထွက်ရ အမိန့်ကို ဖေဖော်ဝါရီ ၉ရက်က ထုတ်ပြန်ကြေညာထားပြီး အမိန့်မလိုက်နာလို့ ပုဒ်မ-၁၈၈နဲ့ အရေးယူခံရသူတွေလည်းရှိတယ်လို့ ရပ်မိရပ်ဖတွေဆီက သိရပါတယ်။   မနေ့ညက…

Read More

ဒေါ်လာငွေလွှဲစနစ်နဲ့ပတ်သက်ပြီး ပုံမှန်အတိုင်း​ပြန်ဖြစ်နေပြီလို့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ပြော

သြဂုတ် ၂၈-၂၀၂၁ CKC(VOM)   Visa ဘဏ်ကဒ်ထဲကို ငွေသွင်း၊ ငွေလွှဲစနစ်နဲ့ပတ်သက်ပြီး ဗဟိုဘဏ်ဘက်က ကန့်သတ်မှုတွေမလုပ်ခဲ့ဘူးလို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်ကပြောပါတယ်။   ဘဏ်တွေဘက်ကManagement နဲ့ ပြုလုပ်ခြင်းသာဖြစ်ကြောင်း၊ လက်ရှိမှာတော့ ပုံမှန်အတိုင်းပြန်ဖြစ်နေပြီလို့လည်း ပြောပါတယ် ။   ” ကန့်သတ်တာမရှိပါဘူး။ဗီဇာကတ်ထဲ ငွေထည့်တာနဲ့ပတ်သက်လို့ ကန့်သတ်တယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ systemအရ ဘဏ်က သူတို့ဘာသာ management နဲ့ လိုအပ်တာကို ဘဏ်က ခဏလုပ်တာပါ ။ သူတို့ အခုကပုံမှန်ဖြစ်သွားပါပြီ ” လို့ ဦးဝင်းသော်က ပြောပါတယ်။   ပြီးခဲ့တဲ့ရက်ပိုင်းက Visa ကဒ်ထဲကို ငွေသွင်း၊ ငွေလွှဲဝန်ဆောင်မှုလုပ်မယ်ဆိုရင် အွန်လိုင်းကနေလုပ်ဆောင်လို့မရဘဲ ဘဏ်ကိုသွားရောက်ပြီး ငွေသားပေးသွင်း၊ အမေရိကန်ဒေါ်လာအဖြစ် လဲလှယ်ပြီးမှ visa ကဒ်ထဲကို ငွေသွင်းနိုင်မယ်လို့ ဘဏ်အချို့က ကန့်သတ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီးမေးမြန်းမှုကို ဗဟိုဘဏ်…

Read More

တောင်ဒဂုံ၊သင်္ဃန်းကျွန်း၊တောင်ဥက္ကလာမှ လူအချို့ ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၂၈-၂၀၂၁ KK(VOM)   ရန်ကုန်မြို့ရှိ တောင်ဒဂုံ၊သင်္ဃန်းကျွန်း၊တောင်ဥက္ကလာမြို့နယ်တို့မှ လူအချို့ကို မနေ့ဩဂုတ်လ ၂၇ရက် ညပိုင်းက ဖမ်းဆီးသွားခဲ့တယ်လို့ ​ဒေသခံတွေဆီက သိရပါ တယ်။   တောင်ဥက္ကလာပမြို့နယ်၊ စီမံကိန်းရပ်ကွက်၊ သခင်ဖိုးလှကြီးလမ်းမှာ မနေ့ည ၁၀ နာရီဝန်းကျင်က အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။   သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ သမာဓိလမ်းထဲက အမျိုးသားနှစ်ဦးကိုလည်း မနေ့ည ၁၁နာရီလောက် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။   “စစ်တပ်က ဝင်လာပြီး တိုက်ပေါ်ကနေ ယောင်္ကျားလေးတွေဆင်းခိုင်းတယ်၊ ပြီးတော့ဒူးထောက်ခိုင်းတယ် ၊ စာရွက်နဲ့တိုက်ကြည့်ပြီး နှစ်ယောက်လုံးဖမ်းသွားတယ်”သူက ရှင်းပြပါတယ်။   တောင်ဒဂုံမြို့နယ်၊ ၂၆ရပ်ကွက်၊ တေးနုယဥ်လမ်းက အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကိုလည်း မနေ့ညနေပိုင်းက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။   “မစုမာကို ဖမ်းဖို့လာတာ မတွေ့လို့ အဲ့ဒီအိမ်မှာရှိတဲ့သူနှစ်ယောက်ကိုဖမ်းသွားတာ၊…

Read More

ကိုဗစ်ကို ဇီဝလက်နက်အဖြစ် ဖန်တီးခဲ့တာမဟုတ်နိုင်လို့ အမေရိကန်ထောက်လှမ်းရေးပြော

ဝါရှင်တန်၊ သြဂုတ်၂၈-၂၀၂၁ မျိုးဆက် (VOM) ကိုဗစ်-၁၉ ရောဂါရဲ့ မူလဇစ်မြစ်နဲ့ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းအကြားမှာ ယတိပြတ်ဆုံးဖြတ်နိုင်ခြင်းမရှိသေးဘဲ ဗိုင်းရပ်စ်ဟာ ဓါတ်ခွဲခန်းကနေ စတင်ထွက်ပေါ် ကူးစက်ခြင်း သို့မဟုတ် သဘာဝအတိုင်း လူသားများထံ ကူးစက်ခြင်းတို့အပေါ် ကွဲပြားမှုတွေရှိနေပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကို ဇီဝလက်နက်အဖြစ် အသုံးပြုဖို့ ဖန်တီးခဲ့တာမဟုတ်နိုင်ကြောင်း နိုင်ငံ ၁၈ နိုင်ငံမှ ထောက်လှမ်းရေးအေဂျင်စီတွေကို ကြီးကြပ်ကွပ်ကဲရေးရုံးက သြဂုတ် ၂၇ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမေရိကန်ထောက်လှမ်းရေးရဲ့ အဲ့ဒီအစီရင်ခံစာဟာ သိပ္ပံနည်းကျမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ကဆိုပါတယ်။ ဗိုင်းရပ်စ်စတင်ကူးစက်ပျံ့ပွားခြင်းနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေကို စုဆောင်းဖို့ အချိန်မရှိတော့ဘူလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ဗိုင်းရပ်စ်ရဲ့ ဖြစ်နိုင်ခြေအရှိဆုံး မူလဇစ်မြစ်နဲ့ပတ်သက်ပြီး ထောက်လှမ်းရေးအသိုင်းအဝိုင်းမှာ ဝိဝါဒကွဲပြားနေဆဲဖြစ်ကြောင်း အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရောဂါပိုးရှိတဲ့ တိရိစ္ဆာန်နဲ့ထိတွေ့ခြင်းမှ လူသားများအပေါ် ကူးစက်ခြင်းနဲ့ ဓါတ်ခွဲခန်းမှ ယိုစမ့်ကူးစက်ခြင်း ဆိုတဲ့…

Read More
VOM News

FREE
VIEW