လှိုင်မြို့နယ်မှာ တပ်မတော်ဒန်အိုးစက်ရုံ၊KBZဘဏ်၊EPCရုံးတို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွား

ရန်ကုန်၊သြဂုတ် ၂၈၊၂၀၂၁
KK(VOM)
 
လှိုင်မြို့နယ်မှာ ဒီကနေ့ နေ့လယ် ၁၂နာရီခန့်က တပ်မတော် ဒန်အိုးစက်ရုံ၊KBZဘဏ်၊EPCရုံးရှေ့တို့မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
” လှိုင်မြို့နယ်၊ ၁၆ရပ်ကွက်၊ အုတ်ကျင်းလမ်းမပေါ်မှာရှိတဲ့ တပ်မတော်ဒန်အိုးစက်ရုံမှာ ဒီကနေ့နေ့လယ် ၁၂နာရီက ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်၊ ဗုံးကဆင့်ပေါက်တာ စစ်သားတွေလည်း ဗုံးပေါက်တယ်ဆိုတာနဲ့ ရမ်းသမ်းပစ်တော့တာပဲ၊ လူငယ်တွေကိုလည်း စစ်ဆေးနေတယ်လို့ ကြားတယ်”လို့ အုတ်ကျင်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
 
နေ့လည် ၁နာရီလောက်မှာတော့ ၁ရပ်ကွက်၊ ရွာမကျောင်းလမ်းမီးပွိုင့်အနီး KBZ Bank ရှေ့မှာ ထပ်မံဗုံးပေါက်မှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
 
အလားတူပင် လှိုင်မြို့နယ်၊ ၉ရပ်ကွက်၊ ပါရမီမီးပွိုင့်အနီးမှာရှိတဲ့ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးရှေ့မှာလည်း ဗုံးထပ်မံပေါက်ခဲ့လို့ စစ်တပ်နဲ့ ရဲတွေဟာ အင်အားတိုးမြှင့်ကာ ပိတ်ဆို့ရှာဖွေနေတယ်လို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ် ၂၀ရက် နေ့လယ်ပိုင်းကလည်း လှိုင်မြို့နယ်၊ ၁၂ရပ်ကွက်၊ အင်းစိန်လမ်းမကြီးနဲ့ပါရမီလမ်းထောင့်မှာရှိတဲ့ တပ်မတော်ချည်မျှင်နဲ့စက်ရုံ(သမိုင်း)မှာ ဗုံးပေါက်ခဲ့ပါသေးတယ်။
 
အလားတူ သြဂုတ်၁၃ရက် နေ့လယ်ပိုင်းမှာလည်း လှိုင်မြို့နယ်၊ ၅ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ခဲ့ပြီး ဇူလိုင်လ ၂ရက်နေ့ မနက် ၁၀ နာရီမှာ လှိုင်မြို့နယ် EPCရုံး ဗုံးပေါက်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #လှိုင်မြိူ့နယ် #ဗုံးပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW