သတင်းပေးရင် ဆုကြေးငွေပေးမယ်လို့ ထုတ်ပြန်ပြီးနောက် ဝက်လက်နယ်မှာ ၃ ယောက် အဖမ်းခံရ

သြဂုတ် ၊ ၂၈ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
NUG နဲ့ CRPH အဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး သတင်းပေးသူကို ဆုကြေးငွေ အနည်းဆုံး ကျပ်သိန်း ၅ သိန်း ချီးမြှင့်ပေးမယ်လို့ နစက သတင်းထုတ်ပြန် ကြေညာချက်တွေ ထွက်ပေါ်လာပြီးနောက် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့က CRPH အဖွဲ့ဝင်တွေဆိုပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ဝက်လက်နယ်ခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။
 
” မနေ့က စစ်သားနဲ့ ရဲတွေ ဝက်လက်မြို့ပေါ်မှာ အခါတိုင်းနေ့တွေထက် ပိုများတယ် ၊ လူ ၃ ယောက်လည်း ဖမ်းခံရတယ် ” လို့ ဝက်လက်မြို့ခံ တစ်ယောက်က ပြောပါတယ် ။
 
ဒါ့အပြင် ဝက်လက်မြို့ပေါ်မှာ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ယောက် ပြောတာက ” ဖမ်းခံရတဲ့ ၃ ယောက်က အရင်တုန်းက မင်းကင်းမြို့နယ် ၊ ပြည်တွင်းအခွန် ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ဒုတိယ ဦးစီးမှူး ဦးချစ်ထူး အသက် ၇၀ နှစ် ဝက်လက်မြို့နယ် ၊ ဦးထွန်းဇော် အသက် ၄၉ နှစ် နဲ့ ဦးမင်းနိုင် အသက် ၄၆ နှစ်၊ အဲ့ဒီ လူ ၃ ယောက်စလုံးဟာ သူတို့နေအိမ်တွေမှာပဲ အဖမ်းခံလိုက်ရတာ” လို့ ပြောပြပါတယ်။
 
အဲ့ဒီ လူ ၃ ဦး ဖမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဝက်လက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူးရုံးနဲ့ ဖမ်းခံရသူတွေရဲ့မိသားစုဝင်တွေကို သတင်းအတည်ပြုချက် ရရှိဖို့ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
#voiceofmyanmar #vom #ဝက်လက် #crph

Related posts

Leave a Comment

VOM News

FREE
VIEW