တောင်ဒဂုံ၊သင်္ဃန်းကျွန်း၊တောင်ဥက္ကလာမှ လူအချို့ ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၂၈-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့ရှိ တောင်ဒဂုံ၊သင်္ဃန်းကျွန်း၊တောင်ဥက္ကလာမြို့နယ်တို့မှ လူအချို့ကို မနေ့ဩဂုတ်လ ၂၇ရက် ညပိုင်းက ဖမ်းဆီးသွားခဲ့တယ်လို့ ​ဒေသခံတွေဆီက သိရပါ
တယ်။
 
တောင်ဥက္ကလာပမြို့နယ်၊ စီမံကိန်းရပ်ကွက်၊ သခင်ဖိုးလှကြီးလမ်းမှာ မနေ့ည ၁၀ နာရီဝန်းကျင်က အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
 
သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ သမာဓိလမ်းထဲက အမျိုးသားနှစ်ဦးကိုလည်း မနေ့ည ၁၁နာရီလောက် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
 
“စစ်တပ်က ဝင်လာပြီး တိုက်ပေါ်ကနေ ယောင်္ကျားလေးတွေဆင်းခိုင်းတယ်၊ ပြီးတော့ဒူးထောက်ခိုင်းတယ် ၊ စာရွက်နဲ့တိုက်ကြည့်ပြီး နှစ်ယောက်လုံးဖမ်းသွားတယ်”သူက ရှင်းပြပါတယ်။
 
တောင်ဒဂုံမြို့နယ်၊ ၂၆ရပ်ကွက်၊ တေးနုယဥ်လမ်းက အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကိုလည်း မနေ့ညနေပိုင်းက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
 
“မစုမာကို ဖမ်းဖို့လာတာ မတွေ့လို့ အဲ့ဒီအိမ်မှာရှိတဲ့သူနှစ်ယောက်ကိုဖမ်းသွားတာ၊ လမ်းထဲက ယောက်ကျ်ားလေးတစ်ယောက်ပါ ထပ်ပါသွားတယ်”လို့ သူကရှင်းပြပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ ဘယ်လိုကိစ္စနဲ့ပတ်သက်ပြီး ဖမ်းခံရတယ်ဆိုတာက်ို သိရဖို့အတွက် VOMအနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
 
ရန်ကုန်မြို့မှာ သြဂုတ်လ ၂၃ရက်နောက်ပိုင်း မရမ်းကုန်း၊ဗဟန်း၊စမ်းချောင်း၊ကမာရွတ်၊လှိုင်သာယာ၊မင်္ဂလာဒုံ၊တောင်ဒဂုံ၊မြောက်ဒဂုံ၊ဒဂုံဆိပ်ကမ်း၊မြောက်ဥက္ကလာ၊တောင်ဥက္ကလာ၊သာကေတနဲ့ခရမ်းမြို့နယ်ရှိ လူငယ်တွေကို ဖမ်းဆီးခဲ့တာ လူဦးရေတစ်ရာကျော်ရှိ
ပြီလို့ သိရပါတယ်။
 
AAPPရဲ့ ဩဂုတ် (၂၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ နစကလက်ထက် ဖမ်းဆီးခံရသူ ၇၅၈၉ဦးရှိပြီး ချုပ်နှောင်ထားခံရသူ ၅၉၆၉ဦး နဲ့ ဖမ်းဝရမ်းထုတ်ခံရသူ ၁၉၈၄ရှိတယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW