အာဖဂန်အရှေ့ပိုင်းရှိ အိုင်အက်စ်အဖွဲ့ကို မောင်းသူမဲ့လေယာဉ်နဲ့ အမေရိကန်လေကြောင်းတိုက်ခိုက်

ကဘူး၊ သြဂုတ်-၂၈-၂၀၂၁
မျိုးဆက် (VOM)
 
အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာပြုလုပ်တဲ့ မောင်းသူမဲ့လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အိုင်အက်စ်အဖွဲ့ခွဲတစ်ခုမှ တိုက်ခိုက်ရေးစီစဉ်ညွှန်ကြားသူတစ်ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်က သြဂုတ် ၂၇ ရက်မှာပြောပါတယ်။
 
အိုင်အက်စ်-ကေ အဖွဲ့မှ သံသယရှိတဲ့ အဲဒီညွှန်ကြားသူဟာ နန်ဂါဟာပြည်နယ်အတွင် ပစ်မှတ်ထားတိုက်ခိုက်မှုမှာ သေဆုံးခဲ့ဖွယ်ရှိတယ်လို့ဆိုပါတယ်။
 
အမေရိကန်တပ်ဖွဲ့၀င် ၁၃ ဦးအပါအ၀င် လူ ၁၇၀ ကျော်သေဆုံးခဲ့တဲ့ ကဘူးလေဆိပ်ပြင်ပမှာ သြဂုတ် ၂၆ ရက်ကဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်-ကေအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ယခုလအတွင်းမှာ အာဖဂန်ကို တာလီဘန်တို့ကထိန်းချုပ်လိုက်ပြီးနောက် ကဘူးလေဆိပ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လေယာဉ်အများအပြားနဲ့ ဆောင်ရွက်လျှက်ရှိပါတယ်။
 
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ကဘူးလေဆိပ်မှ လူတစ်သိန်းကျော်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့၀င်တွေဟာ အာဖဂန်မှ သြဂုတ် ၃၁ ရက်နောက်ဆုံးထားပြီး ဆုတ်ခွာရန်စီစဉ်ထားပါတယ်။
 
Ref : BBC
Photo: Reuters
#voiceofmyanmar #vom #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW