ဒေါ်လာငွေလွှဲစနစ်နဲ့ပတ်သက်ပြီး ပုံမှန်အတိုင်း​ပြန်ဖြစ်နေပြီလို့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ပြော

သြဂုတ် ၂၈-၂၀၂၁
CKC(VOM)
 
Visa ဘဏ်ကဒ်ထဲကို ငွေသွင်း၊ ငွေလွှဲစနစ်နဲ့ပတ်သက်ပြီး ဗဟိုဘဏ်ဘက်က ကန့်သတ်မှုတွေမလုပ်ခဲ့ဘူးလို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်ကပြောပါတယ်။
 
ဘဏ်တွေဘက်ကManagement နဲ့ ပြုလုပ်ခြင်းသာဖြစ်ကြောင်း၊ လက်ရှိမှာတော့ ပုံမှန်အတိုင်းပြန်ဖြစ်နေပြီလို့လည်း ပြောပါတယ် ။
 
” ကန့်သတ်တာမရှိပါဘူး။ဗီဇာကတ်ထဲ ငွေထည့်တာနဲ့ပတ်သက်လို့ ကန့်သတ်တယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ systemအရ ဘဏ်က သူတို့ဘာသာ management နဲ့ လိုအပ်တာကို ဘဏ်က ခဏလုပ်တာပါ ။ သူတို့ အခုကပုံမှန်ဖြစ်သွားပါပြီ ” လို့ ဦးဝင်းသော်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းက Visa ကဒ်ထဲကို ငွေသွင်း၊ ငွေလွှဲဝန်ဆောင်မှုလုပ်မယ်ဆိုရင် အွန်လိုင်းကနေလုပ်ဆောင်လို့မရဘဲ ဘဏ်ကိုသွားရောက်ပြီး ငွေသားပေးသွင်း၊ အမေရိကန်ဒေါ်လာအဖြစ် လဲလှယ်ပြီးမှ visa ကဒ်ထဲကို ငွေသွင်းနိုင်မယ်လို့ ဘဏ်အချို့က ကန့်သတ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီးမေးမြန်းမှုကို ဗဟိုဘဏ် ဒု- ဥက္ကဋ္ဌက အထက်ပါအတိုင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။
 
” အွန်လိုင်းကနေမရဘူး ၊ ဘဏ်ကို ကိုယ်တိုင်လာရမယ်။ ငွေသားပဲသွင်းရမယ်ဆိုတော့ တော်တော် ဒုက္ခ ရောက်သွားတယ်။ ငွေကိုငွေပြန်လဲ ၊ ပြီးမှ ဒေါ်လာထပ်လဲ ၊ ကုန်ပစ္စည်းတွေကိုလည်း အွန်လိုင်းငွေချေအစား ငွေသားပေးဖို့ customer တွေကိုတောင်းဆိုရ နဲ့။ ခုပုံမှန်အတိုင်းဖြစ်ပြီဆိုတော့လည်း ငွေသွင်းရင်သိရမယ် ” လို့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
 
လက်ရှိ အမေရိကန်ဒေါ်လာ ပေါက်စျေးသည် ဗဟိုဘဏ်ရောင်းစျေးနဲ့ ပြင်ပပေါက်စျေးလဲလှယ်မှုက တစ်ဒေါ်လာကို ကျပ်ငွေ ၁၀၀ လောက်အထိ စျေးနူန်းကွာဟမှုရှိနေတယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ဒေါ်လာငွေလွှဲစနစ် #ဗဟိုဘဏ

Related posts

Leave a Comment

VOM News

FREE
VIEW