ကဘူးလေဆိပ်ကို တိုက်ခိုက်လာတဲ့ ဒုံးကျည်တွေကို အမေရိကန်စစ်ဘက် ကြားဖြတ်ဟန့်တား

ကဘူး၊ သြဂုတ်-၃၀-၂၀၂၁ မျိုးဆက် (VOM) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလေဆိပ်ကို ဒုံးကျည်တွေနဲ့ ဦးတည်တိုက်ခိုက်ခံခဲ့ရပြီး အမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်က ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က သြဂုတ် ၃၀ ရက်တွင်အတည်ပြုထားပါတယ်။ဒါပမယ့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ သြဂုတ် ၂၉ ရက်ကလည်း ဘူးလေဆိပ်ကို မော်တော်ယာဉ်နဲ့ နောက်ထပ်အသေခံဗုံးခွဲရန်ကြိုးပမ်းမှုတစ်ခုကို အမေရိကန်က မောင်းသူမဲ့လေယာဉ်နဲ့ ကြိုတင် တိုက်ခိုက်ပြီးကာကွယ်ခဲ့ပြီးနောက် ကဘူးလေဆိပ်ကို အခုလို ဒုံးကျည်တွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကဘူးမှာ နောက်ထပ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အမေရိကန်က သတိပေးထားပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေရှိနေပေမယ့်လည်း နောက်ဆုံးအချိန်ထိတိုင်အောင် ကဘူလေဆိပ်မှ အာဖဂန်နိုင်ငံသားတွေကို ကယ်ထုတ်သွားမယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို သြဂုတ် ၃၁ ရက်မှာ နောက်ဆုံးထားလုပ်ဆောင်ဖို့ တာလီဘန်အဖွဲ့နှင့် အမေရိကန်တို့အကြား သဘောတူထားပါတယ်။ အခြားနိုင်ငံတွေကတော့ ကယ်ဆယ်ရေးအစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး အမေရိကန်ကတော့ ကယ်ဆယ်ရေးလုပ်ငန်းအပြည့်အဝလုပ်ဆောင်နေတဲ့ နောက်ဆုံးနိုင်ငံဖြစ်ပါတယ်။ Ref :…

Read More

မုံးကိုးမြို့နယ် နမ်ဟာရွာက မိသားစုဝင် ၄ ဦး လက်နက်ကြီးကျည်ထိပြီး သေဆုံး

ဩဂုတ် ၃၀-၂၀၂၁ Shy V(VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ကောင်းလုံကျေးရွာအုပ်စု၊ မုံးကိုးကနေ ၅ မိုင်ခန့်အကွာက နမ့်ဟာရွာမှာ မနေ့ ဩဂုတ် ၂၉ ရက်နေ့ မနက်ပိုင်းက ထွက်မပြေးဘဲ နေအိမ်မှာကျန်နေတဲ့ မိသားစု ၉ ‌ဦးထဲက မိသားစုဝင် ၄ ဦး နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက် ထိမှန်ခဲ့ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။   “နမ့်ဟာဘက်မှာက မနက် ၆နာရီ ကတည်းက တိုက်ပွဲဖြစ်တာ။ ၉ နာရီ ၆ မိနစ်မှာ အဲ့ဒီအိမ်ပေါ် ကျည်ကျလာတယ်။ အမျိုးသား ၂ ဦး နဲ့ အမျိုးသမီးကြီး ၂ ဦး လက်နက်ကြီးထိပြီး သေသွားတယ်။ မီးလောင်တဲ့ အိမ်လည်း ရှိတယ်။” လို့ ရွာခံတစ်ဦးက ပြောပါတယ်။…

Read More

ရန်ကုန်ရှိ အင်းစိန်အပါအဝင် မြို့နယ် ၅မြို့နယ်မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွား

ရန်ကုန်၊သြဂုတ် ၃၀-၂၀၂၁ KK(VOM)   ရန်ကုန်ရှိ အင်းစိန်မြို့နယ်အပါအဝင် မြို့နယ် ၅မြို့နယ်မှာ ဒီကနေ့ မနက်၅နာရီလောက်ကစတင်ပြီး ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ပေါက်ကွဲမှုဖြစ်ရာ မြို့နယ်နေထိုင်သူတွေဆီက သိရပါတယ်။   အင်းစိန်စျေးအနီးနေထိုင်သူတစ်ဦးက ” ဒီကနေ့ မနက် ၅နာရီဝန်းကျင်က ပေါက်တောဝမီးပွိုင့်၊ အင်းစိန်ဂျပန်လမ်း၊ အင်းစိန်ရထားဘူတာအနီး နဲ့ အင်းစိန် BOC မီးပွိုင့်က မော်တော်ပီကယ်ရုံးတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်”လို့ ပြောပါတယ်။   စမ်းချောင်းမြို့နယ်၊ လှည်းတန်းမီးပွိုင့် CityMark အနီးရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှာလည်း ဒီကနေ့မနက်၅နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သလို ရန်ကင်းမြို့နယ် ၁၂ရပ်ကွက် ရန်ကင်းလမ်းမပေါ်ရှိ ရန်ကင်းစာတိုက်အနီးမှာလည်း ဗုံးပေါက်ကွဲခဲ့တယ်လို့ ​အဲ့ဒီမြို့နယ်မှာနေထိုင်သူတွေက ပြောပါတယ်။   မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက် ၊ ခေမာသီ လမ်းမပေါ်ရှိ အဝိုင်းအနီးမှာလည်း ဒီကနေ့မနက် ၅နာရီ ခွဲက ဗုံးပေါက်ခဲ့ပြီး အလားတူ တောင်ဥက္ကလာပမြို့နယ်မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့…

Read More

မုံရွာက အိမ်ထောင်စု ၁၅၀၀ ကို စားသောက်ကုန် ၇ မျိုး မျှဝေပေး

သြဂုတ် ၊ ၃၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   စစ်ကိုင်းတိုင်း မုံရွာမြို့မှာရှိတဲ့ လက်လုပ် လက်စား အခြေခံလူတန်းစား မိသားစု ၁၅၀၀ ကို မုံရွာသား အိမ်ခြံမြေအငှားဝန်ဆောင်မှုလုပ်ငန်းက မဘုရားကြီးရပ်ကွက် တရုတ်တန်းလမ်းနဲ့ ကန္နားလမ်းမှာ မျှဝေပေးလျှက်ရှိပါတယ်။   အဲ့ဒီလို မျှဝေးပေးနေတာနဲ့ ပတ်သက်လို့ စေတနာရှင် ဦးအောင်မြင့် (မုံရွာသား အိမ်ခြံမြေ အငှားသီးသန့် ဝန်ဆောင်မှု) ပြောတာက   ” အိမ်ထောင်မိသားစု ၁၂၀၀ ကိုတုံကင်စနစ်နဲ့ စားသောက်ကုန် ၇ မျိုးနဲ့ မီးဖိုချောင် တနေ့တာစရိတ် ပိုက်ဆံ ၁ ထောင် အားလုံး ၈ မျိုးမျှဝေးပေးတယ် ၊ အဲ့ဒီလို မျှဝေပေးတဲ့အခါ အရံအနေနဲ့ အိမ်ထောင်စု ၃ ရာအတွက်ပါ အပိုစီစဥ်ထားတာကြောင့် အိမ်ထောင်စု ၁၅၀၀ စာအတွက် စီစဥ်ထားတာ…

Read More

မိုးအဆက်မပြတ် ရွာတဲ့အတွက် မုံရွာ-ခန္တီး ဗျူဟာလမ်းမှာ ကားတွေသွားမရဖြစ်နေ

သြဂုတ် ၊ ၃၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း မုံရွာ -ခန္တီး မဟာမြိုင် ဗျူဟာလမ်းဟာ သြဂုတ် ၂၈ ကစလို့ ဒီကနေ့အထိ သွားလာလို့မရပဲ ကားတွေအများအပြား ပိတ်ပိနေတယ်လို့ ကုန်တင်ယာဥ်မောင်းတွေရဲ့ ​​အပြောအရ သိရပါတယ်။   ” မိုးအဆက်မပြတ်ရွာနေတယ် မုံရွာ ကလေးဝ လမ်းပိုင်း တောကျင်နဲ့ အောင်ချမ်းသာကြားမှာ ၁ နေရာနဲ့ အောင်ချမ်းသာ လမ်းခွဲကနေ မုံရွာ ဖောင်းပြင် ဟုမ္မလင်း လမ်းပိုင်းမှာ ၃ နေရာ မြေသားလမ်းချော်တာနဲ့ မြေပြို ဗွက်နစ်တာတွေဖြစ်တယ် ” လို့ ကုန်တင်ယာဥ်မောင်း တစ်ဦးက ပြောပါတယ်။   မုံရွာ ဖောင်းပြင် ဟုမ္မလင်း ခန္တီး မဟာမြိုင် ဗျူးဟာလမ်းဟာ နှစ်စဥ် ဇွန် ဇူလိုင် လတွေဆိုရင်…

Read More
VOM News

FREE
VIEW