နှစ်နိုင်ငံပြိုင်ဆိုင်မှုမှ ပဋိပက္ခဖြစ်မလာဖို့ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ ဆွေးနွေး

၀ါရှင်တန်၊ စက်တင်ဘာ-၁၀-၂၀၂၁
မျိုးဆက်(VOM)
 
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ ခုနှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၉ ရက်မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်။
 
သမ္မတနှစ်ဦးဟာ နှစ်နိုင်ငံဘုံအကျိုးစီးပွားအတွက် နယ်ပယ်ကဏ္ဍအသီးသီးနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
 
ဒီဆွေးနွေးမှုဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ယှဉ်ပြိုင်မှုတွေကို တာ၀န်ယူစီမံဖို့ အမေရိကန်ရဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ အိမ်ဖြူတော်ကဆိုပါတယ်။
 
ယှဉ်ပြိုင်မှုတွေကတစ်ဆင့် ပဋိပက္ခတွေဖြစ်မလာဖို့ နှစ်နိုင်ငံစလုံးမှာ တာ၀န်ရှိတယ်လို့ သမ္မတနှစ်ဦးက ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
 
ဒီလို တယ်လီဖုန်းဆက်သွယ်ဆွေးနွေးတာဟာ သမ္မတဂျိုးဘိုင်ဒင် အာဏာရပြီးနောက် ဒုတိယအကြိမ်မြောက် ဆွေးနွေးမှုလည်းဖြစ်ပါတယ်။
 
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတွေဟာ ကုန်သွယ်ရေး၊ သူလျှိုကိစ္စနဲ့ ကပ်ရောဂါလိုမျိုး ပြဿနာတွေကြောင့် တင်းမာနေပါတယ်။
 
Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

✕
VOM News

FREE
VIEW