ဝန်းသို – ပင်လည်ဘူးလမ်းပေါ်က ဗိုက်ကြီးသည်မတံတား ပေါက်ကွဲမှုဖြစ်ပြီး လူ ၂ ဦး သေဆုံး

စက်တင်ဘာ ၊ ၁၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ်၊ မန်ကျည်ကုန်းကျေးရွာအုပ်စု ၊ လေဘိုကျေးရွာအနီး ဝန်းသို – ပင်လည်ဘူး ကားလမ်း ဗိုက်ကြီးသည်မ ချောင်းကူးတံတားမှာ ဒီကနေ့ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲတာကြောင့် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဝန်းသိုနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” တံတားအမှတ် ၁ / ၂၅ ဗိုက်ကြီးသည်မတံတားလို့ခေါ်တယ် ၊ အဲ့ဒီနေရာမှာ ၁၂ နာရီကျော်လောက်က ဖြစ်တာပါ၊ ပေါက်ကွဲတဲ့နေရာမှာ မိုင်းစထိမှန် ဒဏ်ရာတွေနဲ့ လူ ၂ ယောက်တွေ့ရတယ် ၊ ၁ ယောက်က သေနေပြီ ၊ ကျန် ၁ ယောက်ကတော့ သတိမရတော့ဘူး ၊ ဆေးရုံကိုပို့ရင်း…

Read More

မုံရွာ -ဂန့်ဂေါ -ကလေး ကားလမ်းမှာ မိုင်းအန္တရာယ်တွေကြောင့် သွားလာဖို့ မသင့်သေးဘူးလို့ လုပ်ငန်းရှင်တွေမှတ်ချက်ပြု

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဂန့်ဂေါ ကလေး ကားလမ်းမှာ မိုင်ပေါက်ကွဲပြီး ခရီးသွားကားတချို့ ထိခိုက်ပျက်စီးတာတွေနဲ့ လူတချို့ဒဏ်ရာရ သေဆုံးနေတာတွေရှိလာတဲ့အတွက် သွားလာဖို့ မသင့်သေးဘူးလို့ မုံရွာ ကလေး တမူး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။   ” ဂန့်ဂေါ ကလေး ကားလမ်းပိုင်းက အရင်းအနှီး သိပ်ကြီးတယ် ၊ ထိခိုက်မှု တစုံတခုအတွက် ကုစားဖို့ အချိန်မမီနိုင်ဘူး ၊ လမ်းဘေးမိုင်းတွေရှိနေတယ်လို့ ကြားရတော့ အန္တရာယ်များတဲ့အတွက် ကားတွေမထွက်ပဲ နားထားရတယ် ” လို့ မုံရွာ ကလေး တမူး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။   ဒီရက်ပိုင်းမှာ လမ်းဘေးမိုင်းတွေ မကြာခဏ ပေါက်ကွဲတာတွေဖြစ်နေတဲ့…

Read More

ရန်ကုန်မှာ တပ်စွဲထားတဲ့GTIကျောင်း၊ မော်တော်ပီကယ်ရုံး နဲ့ လ္ဘက်ရည်ဆိုင်တို့မှာ ဗုံးပေါက်မှုတွေဖြစ်ပွားခဲ့

စက်တင်ဘာ ၁၇-၂၀၂၁ GH ( VOM )   ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃ ခုက မော်တော်ပီကယ်ရုံး၊ စစ်တပ်က တပ်စွဲထားတဲ့ GTI ကျောင်းနဲ့ လက်ဘက်ရည်ဆိုင်တွေမှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   ရွှေပြည်သာမြို့နယ်မှာ မနက်အစောပိုင်းက စစ်တပ် တပ်စွဲထားတဲ့ GTI ကျောင်းအနီး ဗုံးပေါက်ကွဲခြင်း ၊မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်က လက်ဘက်ရည်ဆိုင်မှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့ခြင်း၊ ကမာရွတ်မြို့နယ် အင်းလျားလမ်းက မော်တော်ပီကယ်ရုံး ဗုံးကွဲတာတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။   ရွှေပြည်သာမြို့နယ်နေသူတစ်ဦးကတော့ ” မနက်အစောက ပေါက်ကွဲသံ ၄ ချက်ကြားရတယ်။ GTI ဘက်ကလို့သိရတယ်။ အဲ့ဒီမှာက စစ်တပ်က တပ်စွဲထားတယ် ။ အဲ့ဒီနားမှာပေါက်တာလို့တော့ကြားတယ် သေချာတော့မသိဘူး ” လို့ ပြောပါတယ်။   ဒီကနေ့မနက်ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေမှာ လူထိခိုက်ဒဏ်ရာရတာမရှိပေမယ့် မော်တော်ပီကယ်ရုံးပျက်စီးခဲ့သလို…

Read More

ဂျကာတာရဲ့ လေထုအရည်အသွေးကောင်းမွန်ရေး လုပ်ဆောင်ဖို့ သမ္မတဂျိုကိုဝီဒိုဒိုကို တရားရုံးအမိန့်ချ

ဂျကာတာ၊ စက်တင်ဘာ-၁၇-၂၀၂၁ မျိုးဆက် (VOM)   အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ အခြားထိပ်တန်းတာ၀န်ရှိသူတွေဟာ ဂျကာတာမြို့ရဲ့ လေထုညစ်ညမ်းမှုကို ကိုင်တွယ်ရာမှာ ပေါ့ဆမှုရှိခဲ့တယ်လို့ အင်ဒိုနီးရှားတရားရုံးတစ်ခုက စက်တင်ဘာ ၁၆ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။   သမ္မတနဲ့ပတ်သက်ပြီး တရားရုံးရဲ့သမိုင်း၀င် ဆုံးဖြတ်ချက်မှာတော့ လေထုအရည်အသွေးစောင့်ကြည့်ဖို့နဲ့ မြို့တော်ဂျကာတာမှာ လေထုအရည်သွေးကောင်းမွန်ဖို့ အခြားအစီအမံတွေကို သမ္မတက လုပ်ဆောင်ဖို့အတွက် တရားရုံးက အမိန့်ထုတ်လိုက်ပါတယ်။   လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ဂျကာတာဒေသခံတွေက ၂၀၁၉ ခုနှစ်မှာ တရားစွဲဆိုမှုကို စတင်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ စီရင်ချက်ချဖို့ အကြိမ်များစွာ ရွှေ့ဆိုင်းခဲ့ရပါတယ်။   လေထုညစ်ညမ်းမှုကြောင့် ဂျကာတာဒေသခံတွေရဲ့ သက်တမ်းဟာ ၅ ဒသမ ၅ နှစ်ထိ တိုတောင်းလာတယ်လို့ အမေရိကန်သုတေသီတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။   လူဦးရေ ၁၀ သန်းကျော်နေတဲ့ ဂျကာတာမြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း အကြီးအကျယ်ဖြစ်ပေါ်နေပြီး ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတွေကလည်း…

Read More

ကွမ်းခြံကုန်းက ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၇-၂၀၂၁ KK(VOM)   ကွမ်းခြံကုန်းမြို့နယ်၊ ကွမ်းခြံကုန်း-လက်ခုပ်ကုန်း ကားလမ်းမှာ ဒီကနေ့ မနက် ၁၁နာရီခန့်က ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ကွမ်းခြံကုန်မြို့ပေါ်ကို အလုပ်ကိစွနဲ့သွားပြီး နေအိမ်ကိုပြန်လာချိန် မိုင်တိုင် ၁၂ကားလမ်းမပေါ်မှာ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။   “သေနတ်ဒဏ်ရာ နှစ်ချက်ထိပြီး သေတာ၊ အလုပ်ကိစွနဲ့မြို့ထဲသွား အိမ်အပြန်မှာ ပစ်သတ်ခံရတာပါ၊ ဘာကြောင့်သတ်လဲတော့ မသိဘူး”လို့ သူကပြောပါတယ်။   သေဆုံးသူဟာ တော်ကူးကျေးရွာက ဦးမြစိုးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   လက်တလောမှာ စစ်တပ်နဲ့ရဲတွေက ပစ်ခတ်မှုဖြစ်ပွားရာ ကားလမ်းမနဲ့ တော်ကူးကျေးရွာမှာ စုံစမ်းစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   နစကကောင်စီလက်ထက်မှာ ပြည်ခိုင်ဖြိုးပါတီဝင်၊ မိသားစုနဲ့ ထောက်ခံအားပေးသူပေါင်း ၂၅၀ ကျော် အသတ်ခံခဲ့ရတယ်လို့…

Read More

အမေရိကန်အပါအ၀င် နေတိုးမဟာမိတ်တွေနဲ့ ယူကရိန်းတို့ ပူးတွဲစစ်ရေးလေ့ကျင့်မယ်

ကိယက်ဗ်၊ စက်တင်ဘာ-၁၇-၂၀၂၁ မျိုးဆက်(VOM)   အိမ်နီးချင်းနိုင်ငံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက်စေခဲ့တဲ့ ရုရှားနဲ့ ဘီလာရုစ်တို့ရဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုပြီးနောက် ရက်အနည်းငယ်အကြာမှာ ယူကရိန်းကလည်း နိုင်ငံအနောက်ပိုင်းမှာ အနောက်ပိုင်းမှာ လာမယ့် သီတင်းပတ်အတွင်းမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်မယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က စက်တင်ဘာ ၁၆ ရက်မှာပြောပါတယ်။   ရုရှားနဲ့ ဘီလာရုဇ်တို့ရဲ့ စစ်ရေးလေ့ကျင့်နေရာထဲမှာ အီးယူအဖွဲ့၀င်နိုင်ငံတွေရဲ့ နယ်စပ်တွေအနီးရှိနေရာတွေပါ၀င်နေတာကြောင့် ယူကရိန်းနဲ့ အခြားသောနေတိုးအဖွဲ့၀င်နိုင်ငံတွေက သတိထားစောင့်ကြည့်နေခဲ့ကြပါတယ်။   Rapid Trident 2021 လို့အမည်ပေးထားတဲ့ စစ်ရေးလ့ကျင့်မှုမှာ ယူကရိန်း၊ အမေရိကန်နဲ့ အခြားနေတိုးအဖွဲ့၀င်နိုင်ငံတွေမှ တပ်ဖွဲ့၀င် ၆၀၀၀ ကျော်ပါ၀င်မှာဖြစ်ပြီး အောက်တိုဘာ ၁ ရက်ထိ ကြာမြင့်မယ်လို့ ယူကရိန်းကဆိုပါတယ်။   ညွှန့်ပေါင်းစစ်ဆင်ရေးတွေအတွင်း နိုင်ငံစုံတပ်ဖွဲ့တစ်ခုရဲ့ ပူးတွဲလုပ်ဆောင်မှုတွေအတွက် ကြိုတင်ပြင်ဆင်ဖို့အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ယူကရိန်းစစ်ဘက်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။   ဒီလိုအနောက်မဟာမိတ်နိုင်ငံတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ နေတိုးအဖွဲ့သို့၀င်ရောက်နိုင်ဖို့ အရေးပါတဲ့…

Read More

မြစ်ကြီးနားက ရပ်ကျေးအုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံး ၊ သားဖြစ်သူ ဒဏ်ရာရ

စက်တင်ဘာ ၁၇-၂၀၂၁ GH ( VOM )   ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့သလို သားဖြစ်သူပါ ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ် ။   ” သူက ညဘက်ကင်းစောင့်ပြီး သူ့သားနဲ့ဆိုင်ကယ်စီးပြန်လာတာမှာ ပစ်ခံရတယ်လို့ကြားတယ်။ သူ့သားလည်း ထိတယ်ကြားတယ်။ သတင်းပေးလို့ ပစ်တာလို့တော့ကြားပေမယ့် ကျနော်လည်း သေချာတော့မသိဘူး “လို့မြစ်ကြီးနားမြို့ဒေသခံတစ်ဦးက ပြောပါတယ် ။   သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဟာ ဦးလှမြင့် ဆိုသူဖြစ်ပြီး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တယ်လို့လည်းသိရတယ်။   ပစ်ခတ်မှုတွေအပြီးမှာ စစ်သားနဲ့ ရဲတွေ ရောက်လာပြီး စစ်ဆေးမှုတွေလုပ်ခဲ့သလို့ ပစ်ခတ်သွားတဲ့သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။   စက်တင်ဘာလ ၆ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းအနီးမှာ အသံမိုင်းပေါက်ကွဲမှုရှိခဲ့ပြီး…

Read More

မင်းကင်းမြို့နယ်က ဖမ်းခံရသူ၁ယောက် စစ်ကြောရေးဒဏ် မခံနိုင်လို့ သေကြောင်းကြံရာက အသက်မသေပဲ ဆေးရုံရောက်

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့ ၊ မင်းကင်းပြည်သူ့ဆေးရုံက အရေးပေါ်လူနာဌာနမှာ မှုခင်းနဲ့ဆက်စပ်သူတယောက် လည်ပင်း ဓားဒဏ်ရာနဲ့ ဆေးကုခံဖို့ ရောက်လာတယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းက လူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” လူနာက အဖမ်းခံထားရသူ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်တယ် ၊ လည်ပင်း ဘယ်ဘက်ခြမ်းမှာ ထိုသွင်း ဓားဒဏ်ရာ ၁ ချက်နဲ့ဖြစ်တယ် ၊ အသက်အန္တရာယ် အခြေအနေကတော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ် ” လို့ ကျန်းမာရေး ဝန်ထမ်း တစ်ဦးက ပြောပါတယ်။   အဲ့ဒီ လူနာကတော့ မင်းကင်းမြို့ ၊ အမှတ် ၃ ရပ်ကွက်က ရွှေပန်းတိမ်…

Read More

မိုးကုတ်မှာ သတင်းပေးလို့နာမည်ထွက်နေတဲ့ အရန်မီးသတ်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၇-၂၀၂၁ KK(VOM)   မိုးကုတ်မြို့နယ်၊ ရွှေကူရပ်ကွက်မှာ မနေ့ စင်တင်ဘာ ၁၆ရက် ညနေပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   နေအိမ်ကနေ အပြင်ကိုသွားပြီး အပြန်လမ်းမှာ ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးက သေနတ်နဲ့သုံးချက်ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   “သူက သတင်းပေးလို့ နာမည်ထွက်နေတာကြာပြီ၊ အရင်ကလည်း လိုင်းပေါ်မှာ သူကိုတင်ကြသေးတယ်ဒလန်ဆိုပြီး၊ အဲ့ဒါကြောင့်အသတ်ခံရတာဖြစ်မယ်”လို့ သူကပြောပါတယ်။   သေဆုံးသူမှာ ကိုအောင်ကျော်စိုး၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သတင်းပေးသူလို့ နာမည်ထွက်နေသူတစ်ဦးဖြစ်တယ်လို့ ရွှေကူရပ်ကွက်နေသူတွေဆီက သိရပါတယ်။   ကိုအောင်ကျော်စိုးမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သေဆုံးသည်မှာ မှန်ကန်ကြောင်း မြန်မာနိူင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်ရုံးခွဲ)မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။   မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ရက်နေ့ မနက်ပိုင်းကလည်း ပြည်ခိုင်ဖြိုးပါတီဝင် လင်မယားနှစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။  …

Read More

ကျိုက်ထိုမှာ ပါတီဥက္ကဌတစ်ဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၇-၂၀၂၁ KK(VOM)   ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းတိုးချဲ့ရပ်ကွက်မှာ မနေ့ စက်တင်ဘာ ၁၆ရက်နေ့ ညနေပိုင်းက ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ ပြည်နယ်ဥက္ကဌ သေနတ် နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   မြောက်ပိုင်းတိုးချဲ့ရပ်ကွက်၊ ဆားဖိုးကြီးအိမ်ရှေ့ ဆိုင်တန်းရှေ့မှာဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက သေနတ်နဲ့ခေါင်းကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။   “ခေါင်းကို သေနတ်နဲ့နှစ်ချက်ပစ်ခံရတာ ကျိုက်ထိုဆေးရုံကို ပို့ပြီး ရန်ကုန်ဆေးရုံကို လွှဲဖို့လုပ်တဲ့အခါ ဆုံးသွားတာ၊ ချက်ချင်းသေတာ မဟုတ်ပါဘူး”လို့ သူကပြောပါတယ်။   သေဆုံးသူဟာ ဦးရန်ရှင်းဆ်ိုသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူအကျိုးပြုကျောင်းသားများပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့သူတစ်ဦးဖြစ်ပြီး အရင်က ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ကာ ငွေအရှုပ်အရှင်းကိစ္စတွေကြောင့် ပါတီကနေ ထုတ်ပယ်ခံရသူတစ်ဦးလည်းဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။   မေလကစပြီး ကျိုက်ထိုမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီရုံး၊ ဌာနဆိုင်ရာရုံး၊ Mytelတာဝါတိုင်တွေမှာ ဗုံးပေါက်ကွဲခဲ့ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့…

Read More
VOM News

FREE
VIEW