မိုးကုတ်မှာ သတင်းပေးလို့နာမည်ထွက်နေတဲ့ အရန်မီးသတ်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၇-၂၀၂၁
KK(VOM)
 
မိုးကုတ်မြို့နယ်၊ ရွှေကူရပ်ကွက်မှာ မနေ့ စင်တင်ဘာ ၁၆ရက် ညနေပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
နေအိမ်ကနေ အပြင်ကိုသွားပြီး အပြန်လမ်းမှာ ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးက သေနတ်နဲ့သုံးချက်ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
“သူက သတင်းပေးလို့ နာမည်ထွက်နေတာကြာပြီ၊ အရင်ကလည်း လိုင်းပေါ်မှာ သူကိုတင်ကြသေးတယ်ဒလန်ဆိုပြီး၊ အဲ့ဒါကြောင့်အသတ်ခံရတာဖြစ်မယ်”လို့ သူကပြောပါတယ်။
 
သေဆုံးသူမှာ ကိုအောင်ကျော်စိုး၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သတင်းပေးသူလို့ နာမည်ထွက်နေသူတစ်ဦးဖြစ်တယ်လို့ ရွှေကူရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
ကိုအောင်ကျော်စိုးမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သေဆုံးသည်မှာ မှန်ကန်ကြောင်း မြန်မာနိူင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်ရုံးခွဲ)မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။
 
မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ရက်နေ့ မနက်ပိုင်းကလည်း ပြည်ခိုင်ဖြိုးပါတီဝင် လင်မယားနှစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
 
အရန်မီးသတ်တပ်ဖွဲ့ဝင်သေဆုံးမှုဟာ ဒီဖြစ်စဉ်နဲ့ဆိုရင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ရက်က ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ ၃ရပ်ကွက်မှာ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးတင်လှဆိုသူ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #မိုးကုတ

Related posts

Leave a Comment

VOM News

FREE
VIEW