ကမာရွတ်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး လူတစ်ဦး ဒဏ်ရာရ၊ ၄ဦးထပ်မနည်းဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၁၈-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၃) ရပ်ကွက်၊ လှည်းတန်း (၆)လမ်းထိပ်က King လဘ္ဘက်ရည်ဆိုင်ရှေ့မှာ ဒီကနေ့ မနက် ၆ နာရီက လူတစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရပြီး လူ၄ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
” ၃ရပ်ကွက် လှည်းတန်း၆လမ်းထိပ်က King လ္ဘက်ရည်ဆိုင်ရှေ့မှာ သေနတ်ကိုင်သူတစ်ဦးက အမျိုးသားတစ်ဦးကို ပစ်ခတ်ခဲ့တယ်၊ သူ့ကို ဒလန်ဆိုပြီး လူတိုင်းက သိထားတာ၊ သူ့ကြောင့်အဖမ်းခံရတဲ့သူတွေလည်းရှိတယ်၊ ဒီနေ့လ္ဘက်ရည်လာသောက်တဲ့အချိန်မှာ ပစ်တာ၊ သူက ဗိုက်ကို သေနတ်နဲ့ပစ်ခံရတယ်ဆိုပြီး လမ်းကြားထဲထွက်ပြေးတာ၊ ရဲကားနဲ့ဆေးရုံကို ခေါ်သွားတာတွေ့တယ်၊ အဲ့ဒီကိစွနဲ့ အဖမ်းခံရသူတွေလည်းရှိတယ်” လို့ ၆လမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
 
သေနတ်ပစ်ခတ်ခံရသူဟာ ဦးသာစန်းဆိုသူဖြစ်ပြီး ဝမ်းဗိုက်ကို သုံးချက်ထိမှန်ခဲ့တာကြောင့် ခုတင်၁၀၀၀စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
 
လက်ရှိအခြေအနေမှာတော့ ပစ်ခတ်ခဲ့သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ကမာရွယ်မြို့နယ် ရဲအသိုင်းအဝိုင်းကနေ ပြောပါတယ်။
 
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်နဲ့ရဲတွေဟာ သေနတ်ပစ်ခတ်မှုကိစ္စနဲ့ပတ်သက်တယ်ဆိုကာ
အမျိုးသား၊အမျိုးသမီး လေးဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
ကမာရွတ်မြို့နယ် ၃ရပ်ကွက်မှာပဲ ပြီးခဲ့တဲ့ သြဂုတ် ၁၇ရက်က သတင်းလို့နာမည်ထွက်နေတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။
 
# voiceofmyanmar #VOM #ကမာရွတ် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW