ခရမ်းမြို့နယ်မှာ ဗုံးပေါက်ကွဲမှုနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက်အကျဆုံးရှိ

ရန်ကုန်၊စက်တင်ဘာ ၁၈-၂၀၂၁
KK(VOM)
 
ခရမ်းမြို့နယ် အားကစားရုံမှာ မနေ့ စက်တင်ဘာ ၁၇ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ရာ ၂ဖက်အကျဆုံးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
အမည်မဖော်လိုသူဒေသခံတစ်ဦးက” မနေ့ည၆နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်တပ်၊ရဲတပ်ဖွဲ့ဝင်တွေနဲ့ခရမ်းPDFအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့တာ ၊ ည ၁၀အချိန်ထိ ကျနော်တို့ ကြားရတဲ့သတင်းတွေအရ ခရမ်းPDFဘက်က နှစ်ဦးအရင်သေတယ် တစ်ဦးအဖမ်းခံရတယ်၊ အဖမ်းခံရတဲ့ တစ်ဦးလည်း ည ၁၀ နာရီလောက်မှာ ဒဏ်ရာနဲ့သေသွားတယ်လို့ သိရတယ်၊ စစ်တပ်ဘက်ကလည်း ၅ဦးသေတယ်လို့ ကြာတယ်”လို့ ပြောပါတယ်။
 
PDF ဘက်က သေဆုံးသူနှစ်ဦးဟာ အမှတ် ၃ရပ်ကွက် မြေနီလမ်း နေသူတစ်ဦးနဲ့ ကျုံးကျုံးကျကျေးရွာမှ CDMပြုလုပ်နေတဲ့ စာရေးဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပြီးကျန်တစ်ဦးကိုတော့ စုံစမ်းနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
အမည်မဖော်လိုတဲ့ရဲအရာရှိတစ်ဦးကတော့ “ကျနော်တို့ဘက်က သိထားသလောက်တော့ စစ်တပ်က သေတာမရှိဘူး၊ ရဲတစ်ဦးဒဏ်ရာရတယ် PDFဘက်က နှစ်ဦးသေတယ် တစ်ဦးဖမ်းမိတယ်၊ MK12နှစ်လက်နဲ့ပစ္စတိုတစ်လက် ကျည်အိမ်လေးခုရတယ် “လို့ ပြောပါတယ်။
 
အကျဆုံးစာရင်းတွေက ဒေသခံတွေအပြောသာဖြစ်ပြီး VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
 
အခုလပိုင်းအတွင်း ခရမ်းမြို့နယ်မှာ စစ်တပ်နဲ့ရဲတွေက NLDပါတီဝင်တွေ၊ကျောင်းသားတွေနဲ့CDMဝန်ထမ်းတွေကို ပစ်မှတ်ထားဖမ်းဆီးလာတာတွေ့ရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
ခရမ်းမြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းက စစ်တပ်က ဗိုလ်ကြီးတစ်ဦး၊ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ်၊ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ ရဲသတင်းပေးတွေ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး ဗုံးပေါက်ကွဲမှုတွေလည်း ဖြစ်ခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ခရမ်း #အပြန်အလှန်ပစ်ခတ်မှု #နှစ်ဖက်အကျဆုံးရှိ

Related posts

Leave a Comment

VOM News

FREE
VIEW