မိုးညိုမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးအိမ် သေနတ်ပစ်ခံရတဲ့ကိစ္စနဲ့ ရွာသား ၃၀ ထက်မနည်း ဖမ်းဆီးခံရ

စက်တင်ဘာ ၁၈-၂၀၂၁
GH ( VOM )
 
သာယာဝတီခရိုင် ၊ မိုးညိုမြိုနယ်၊ ကြို့ကုန်းရွာက
အုပ်ချုပ်ရေးမှူးနေအိမ် သေနတ်ပစ်ခံရပြီးနောက်ပိုင်းမှာ ကြို့ကုန်းရွာအပါအဝင် ဘေးပတ်ဝန်းကျင်ရွာတချို့က ရွာသားတော်တော်များများ ဖမ်းဆီးခံလိုက်ရပြီး ဖမ်းဆီးခံရသူတွေထဲက တစ်ဦးသေဆုံးသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။
 
သေဆုံးတဲ့အမျိုးသားတစ်ယောက်ကတော့ ရွှေကြို့ပင်ရွာကဖြစ်တယ်လို့ သိရပါတယ်။
 
” ညကတစ်ယောက်သေတယ် ၊ သူတိုစစ်တာကိုမခံနိူင်လို့သိရတယ်၊ ဖမ်းခံရတာကတော့ နူမ်ကုန် ၊ ကြိုကုန် ၊ ပန်တောရွာကလည်းပါတယ်ဗျ ဘေးရွှာတွေကလည်းပါတယ်လို့ပြောတယ်၊ မသင်္ကာမှုနဲ့ဖမ်းကြတာ ၊ ရွှာတွေကများတော့ ဘယ်ရွှာဘယ်ရွှာတွေဆိုတာသေချာမသိရဘူးဗျ၊ ကျနော်သိတာကတော့ အဲ့ဒီလောက်ပဲ ကျနော်တို့လည်း ထွက်ပြေးနေရတာ ” လို့ ရွာခံတစ်ယောက်ကပြောပါတယ်။
 
စက်တင်ဘာလ ၁၅ ရက်နေ့က ကြို့ကုန်းအုပ်ချုပ်ရေးမှူးတင်စိုးနေအိမ် သေနတ်နဲ့အပစ်ခံရပြီးနောက်မှာ အဲ့ဒီကြို့ကုန်းရွာအပါအဝင် ဘေးရွာတွေက ရွာသားတွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ ဒီကနေ့အထိ ဖမ်းဆီးခံရတဲ့ရွာသားက ခန့်မှန်း ၃၀ ကနေ ၅၀ ကြား ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
” အုပ်ချုပ်ရေးမှူး အိမ်ပစ်ခံရပြိး တစ်ယောက်သေတယ်။ နောက်ရက်အဖမ်းခံရတာတွေရှိတယ်လို့ကြားတယ်။ အတိကျတော့မသိဘူး “လို့ မိုးညိုမြို့ခံတစ်ဦးကပြောပါတယ်။
 
ရွာသားတွေဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့အတွက် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့တာကြောင့် VOM အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
 
စက်တင်ဘာလ ၁၅ ရက်နေ့က ကြို့ကုန်းရွာ အုပ်ချုပ်ရေးမှူးအိမ် သေနတ်နဲ့အပစ်ခံရပြီး တစ်ဦးသေဆုံးခဲ့သလို သားဖြစ်သူလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
 
# voiceofmyanmar #VOM #မိုးည်ို

Related posts

Leave a Comment

VOM News

FREE
VIEW