သုံးကြိမ်ထိုးရတဲ့ ကျူးဘားနိုင်ငံထုတ် Abdala ကာကွယ်ဆေး ဗီယက်နမ်မှာအသုံးပြုမယ်

ဟနွိုင်း၊ စက်တင်ဘာ-၁၈-၂၀၂၁
မျိုးဆက် (VOM)
 
ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ရုန်းကန်နေရချိန်မှာ ကျူးဘားနိုင်ငံက ထုတ်လုပ်တဲ့ Abdala ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုဖို့ခွင့်ပြုလိုက်ကြောင်း ဗီယက်နမ် အစိုးရက စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
ဒါဟာ ဗီယက်နမ်နိုင်ငံမှာ အသုံးပြုဖို့ ခွင့်ပြုလိုက်တဲ့ အဌမမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်ပါတယ်။
 
ဗီယက်နမ်နိုင်ငံဟာ ဒေသတွင်းမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်းအနိမ့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူဦးရေ ၉၈ သန်းမှာ ၆.၃ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးနှံရပါသေးတယ်။
 
ဗီယက်နမ်သမ္မတဟာ ကျူးဘားနိုင်ငံကို တရား၀င်အလည်အပတ်သွားရောက်ဖို့ ဟနွိုင်းမှထွက်ခွာပြီးနောက် နာရီအနည်းငယ်အကြာမှာ ကျူးဘားနိုင်ငံရဲ့ Abdala ကာကွယ်ဆေးကို အသုံးပြုဖို့အတွက် ကြေညာလိုက်တာဖြစ်ပါတယ်။
 
ကျူးဘားနိုင်ငံဟာ အဲဒီကာကွယ်ဆေးအမြောက်အများကို ဗီယက်နမ်နိုင်ငံသို့ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ယခုနှစ်ကုန်မှာတော့ ကာကွယ်ဆေးထုတ်လုပ်ရေး နည်းပညာကို လွှဲပြောင်းပေးမှာဖြစ်တယ်လို့ ဗီယက်နမ်ကျန်းမာရေး၀န်ကြီးဌာနက လွန်ခဲ့သည့်လကထုတ်ပြန်ထားပါတယ်။
 
သုံးကြိမ်ထိုးနှံရတဲ့ Abdala ကာကွယ်ဆေးဟာ နောက်ဆုံးအဆင့်လက်တွေ့စမ်းသပ်မှုတွေအရ ကိုဗစ်-၁၉ ရောဂါကို ၉၂ ဒသမ ၂၈ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်ကြောင်း ကျူးဘားနိုင်ငံက ပြောဆိုထားပါတယ်။
 
Ref : CNA
Photo:Reuters
#voiceofmyanmar #VOM #ဟနွိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW