ကိုရီးယားစစ်ပွဲ တရား၀င်အဆုံးသတ်ဖို့ တောင်ကိုရီးယားသမ္မတ တိုက်တွန်း

နယူးယောက်၊ စက်တင်ဘာ-၂၂-၂၀၂၁
မျိုးဆက် (VOM)
 
ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးရရှိဖိုနဲ့ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ တရား၀င်အဆုံးသတ်ကြောင်း ကြေညာဖို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင် တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
 
ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးရဖို့အတွက် တွေ့ဆုံဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓိကကျတယ်လို့ နယူးယောက်မှာကျင်းပတဲ့ ကုလမသဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ သမ္မတမွန်ဂျေးအင်က ​ပြောပါတယ်။
 
၂၀၁၇ ခုနှစ်မှာ သမ္မတရာထူးရယူပြီးနောက် မြောက်ကိုရီးယားနှင့်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ်မှာ ကိုရီးယားနှစ်နိုင်ငံအကြား ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာခဲ့တယ်လို့ သူကပြောပါတယ်။
 
ကိုရီးယားနှစ်နိုင်ငံနဲ့ အမေရိကန် သုံးပွင့်ဆိုင် သို့မှဟုတ် တရုတ်နိုင်ငံပါ ပါ၀င်တဲ့ လေးပွင့်ဆိုင်အနေနဲ့ ကိုရီးယားစစ်ပွဲအဆုံးသတ်ကြောင်း ပူးတွဲကြေညာသင့်တယ်လို့ တောင်ကိုရီးယား သမ္မတက ပြောပါတယ်။
 
ကိုရီးယားစစ်ပွဲမှာ ပါ၀င်တဲ့နိုင်ငံတွေဟာ ၁၉၅၃ ခုနှစ်ဇူလိုင် ၂၇ ရက်မှာ ရန်လိုမှုတွေကိုရပ်တန့်ဖို့အတွက် စစ်ရပ်ဆိုင်းကြောင်း သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပေမယ့် စစ်ပွဲတရား၀င်အဆုံးသတ်ကြောင်း မကြေညာရသေးပါဘူး။
 
Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #နယူးယောက

Related posts

Leave a Comment

VOM News

FREE
VIEW