ဒေါက်တာအမ်ဇော်လတ်ကို အကြမ်းဖက်ဥပဒေနဲ့အမှုဖွင့်ခံရလို့ “ဝ”အမျိုးသားပါတီ ဖြေရှင်းမယ်

ရန်ကုန်၊စက်တင်ဘာ ၂၂-၂၀၂၁
KK(VOM)
 
“ဝ”အမျိုးသားပါတီ (WNP) က အနိုင်ရကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါက်တာအမ်ဇော်လတ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စက်တင်ဘာ ၂၀ရက်နေ့က အမှုဖွင့်ခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေဆီက သိရပါတယ်။
 
ဒေါက်တာအမ်ဇော်လတ်ကို NUG၊ CRPHတို့နဲ့ဆက်သွယ်တယ်ဆိုကာ မိုင်းတုံစစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ အမှုဖွင့်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းသွားမယ်လို့ “ဝ”အမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဆမ်းဆောင်ကားက VOM ကိုပြောပါတယ်။
 
“ကာယကံရှင်လည်းမသိဘူး အမှုဖွင့်တဲ့ စရဖနဲ့ဆက်သွယ်ဖို့ စီစဥ်နေတယ်၊ အဲ့ဒီလိုတွေ့မှပဲ သိရမှာ၊ ကျနော်တို့ပါတီကရော ဒေါက်တာအမ်ဇော်လတ်ရော CRPH/NUGတို့နဲ့ပတ်သက်တာမရှိဘူး၊ ဘာသက်သေအထောက်အထားမှ မရှိဘူး၊ အဲ့ဒီလို ဘာကြောင့်အမှုဖွင့်လဲဆိုတာမသိဘူးဖြစ်နေတယ်၊ မိုင်းတုံ စရဖတပ်နဲ့ တွေ့ဆုံပြီး သူတို့တုံ့ပြန်ချက်အတိုင်း ဝ အမျိုးသားပါတီအနေနဲ့ပြန်လည်စီစဥ်သွားမှာဖြစ်တယ်”လို့ ဦးဆမ်ဆောင်းကားက ပြောပါတယ်။
 
ဒေါက်တာအမ်ဇော်လတ်(ခ)ဆမ်မာကို့(စ်) ဟာ ၂၀၂၀ရွေးကောက်ပွဲမှာ “ဝ”အမျိုးသားပါတီ ကိုယ်စားပြု မိုင်းတုံမြို့နယ် အမှတ်၂မဲဆန္ဒနယ်ကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိူင်ရရှိထားသူတဦးလည်းဖြစ်သလို ဝ အမျိုးသားပါတီ ရဲ့အတွင်းရေး
မှူးအဖွဲ့ဝင်တဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မိုင်းတုံ #ဝအမျိုးသားပါတီ #ဒေါက်တာအမ်ဇော်လတ်

Related posts

Leave a Comment

VOM News

FREE
VIEW