မိုးကုတ် လျှပ်စစ်ရုံးမန်နေဂျာ သေနတ်နဲ့ ပစ်သတ်ခံရ

စက်တင်ဘာ ၂၂ -၂၀၂၁
GH (VOM )
 
မိုးကုတ်မှာ ဒီကနေ့ ၃ နာရီလောက်က
လျှပ်စစ်ရုံးတာဝန်ခံမန်နေဂျာကို မီတာဆောင်မယ်ဆိုပြီး ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
EPC ရုံးထဲအထိ ဝင်ပြီး သေနတ်နဲ့ ဦးခေါင်းကို ၂ ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံကပြောပါတယ် ။
 
“မီတာ ဆောင်သလိုလို နဲ့ ဝင်ပစ်သွားတာ ၊ ၂ ချက်ဗျ။ဦးခေါင်းကိုမှန် တယ်လို့ပြောတယ်၊
ဆန္ဒပြတုန်း က ညဘက်တွေ လိုက်ဖမ်းဆီးတုန်းကလည်း မီးဖျက်တာတွေ လုပ်တယ်။ epc ဝန်ထမ်းတွေကိုလည်း ဖိအားပေးလို့ သတင်းထွက်ခဲ့တာတွေရှိတယ်။ “လို့ မိုးကုတ်ဒေသခံကပြောပါတယ်။
 
သေဆုံးသူ EPC လျပ်စစ်ရုံး တာဝန်ခံမန်နေဂျာ ဦးစန်းအေးက မိုးကုတ် EPC ကိုပြောင်းရွှေ့လာတာ မကြာသေးကြောင်းနဲ့ စစ်တပ်ကဗိုလ်ကြီးဟောင်းတယောက်လည်း ဖြစ်တယ်လို့ ဒေသခံကပြောပါတယ် ။
 
” သေတာတယောက်ပါ။ ကယ်ဆယ်ရေးသွားတာကတော့ ၅ နာရီလောက်ပေါ့။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပရဟိတအသင်းက အတည်ပြုပြောပါတယ်။
 
EPC ရုံးက မိုးကုတ်မြို့အရှေ့ပိုင်းမှာရှိတာဖြစ်ကြောင်း၊ လက်ရှိမှာတော့ မိုးကုတ်မြို့မှာ စစ်တပ်နဲ့ရဲက ပိတ်ဆို့စစ်ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
 
ပြီးခဲ့တဲ့စက်တင်ဘာလ ၃ ရက်နေ့ကလည်း မိုးကုတ် EPC ရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့သိရပါတယ်။
 
#voiceofmyanmar #vom #မိုးကုတ

Related posts

Leave a Comment

VOM News

FREE
VIEW