မြောက်ဒဂုံမှာ ရဲသတင်းပေးလို့စွပ်စွဲခံရသူ သေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်၊စက်တင်ဘာ ၂၂ ၊၂၀၂၁
KK(VOM)
 
ဒဂုံမြို့သစ် အရှေပိုင်းမြို့နယ်မှာ စက်တင်ဘာ၂၁ မနေ့ည ၇နာရီခွဲက ၃၉ရပ်ကွက်ရာဇဓိရာဇ်လမ်းမှာ ရဲသတင်းလို့ အများက သတ်မှတ်ထားသူ ဆိုင်ကယ်ကယ်ရီသမားတယောက်ကို အမည်မသိလူတယောက်က သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
ဆိုင်ကယ်နဲ့ပြည်ထောင်စုလမ်းဘက်ကနေ ဦးဝိစာရလမ်းဘက်ကို ရာဇဓိရာဇ်လမ်းအတိုင်းမောင်းလာတုန်း သေနတ်သမားက ပစ်ခတ်လို့ သေသွားတဲ့အကြောင်း ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
 
“သေနတ်သံကြားရတာတော့ သုံးချက်လောက်ကြားတယ် သွားကြည့်တော့ သေနေပြီ ရင်ဘတ်ကို သုံးချက်ပစ်တာ သေတဲ့သူက ဒဂုံ
အရှေကလို့ ပြောတယ် ရဲသတင်းပေးဆိုပြီး ကယ်ရီလောကမှာ နာမည်ကြီးနေတာ”လို့သူကရှင်းပြပါတယ်။
 
သေဆုံးသူမှာ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ် အမှတ် ၅ရပ်ကွက်တွင်နေထိုင်ပြီး ဆိုင်ကယ်ကယ်ရီသမား ကိုကျော်ကျော်ဝင်းဖြစ်တယ်လို့အုပ်ချုပ်ရေးပိုင်းက သိရပါတယ်။
 
သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ မြောက်ဒဂုံမြို့နယ် ၃၉ရပ်ကွက် ရာဇဓိရာဇ်လမ်းနဲ့ လမ်းတချို့ကိုစစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
မနေ့စက်တင်ဘာ ၂၁ရက် မနက်ပိုင်းကလည်း ဒေါပုံမြို့နယ် ဆေးစက်ရပ်ကွက်မှာ ရပ်ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဌလည်းဖြစ်သလို ရာအိမ်မှုးတစ်ဦးလည်းဖြစ်တဲ့ ကိုလွင်မျိုးဦး သေနတ်နဲ့ပစ်ခတ်ခံလို့သေဆုံးခဲ့ပါသေးတယ်။
 
ဒါ့အပြင်ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်ကလည်း မြောက်ဒဂုံမြို့နယ် ၄၉ရပ်ကွက်က ရာအိမ်မှုးကိုနိုင်လင်းဆိုသူ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်းရှိပါတယ်။
 
မြောက်ဒဂုံမြို့နယ်မှာ သြဂုတ်လနဲ့စက်တင်ဘာလ အတွင်း ဌာနဆိုင်ရာရုံးတွေ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေနဲ့ မြို့မရဲစခန်းတွေမှာ ဗုံးပေါက်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိသူတွေရှိသလို ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံရတဲ့ လူငယ်တွေလည်း ရှိပါတယ်။
 
#voiceofmyanmar #VOM #မြောက်ဒဂုံ

Related posts

Leave a Comment

VOM News

FREE
VIEW