လေထုညစ်ညမ်းမှုကြောင့် ပေါ်တူဂီကို အီးယူက တရားစွဲတော့မယ်

ဘရပ်ဆယ်၊ နို၀င်ဘာ-၁၃-၂၀၂၁
မျိုးဆက်(VOM)
 
ပေါ်တူဂီနိုင်ငံမှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်မြင့်မားမှုကြောင့် လေထုအရေအသွေး ကျဆင်းမှုနဲ့ပတ်သက်ပြီး ပေါ်တူဂီကို တရားစွဲဖို့ဆုံးဖြတ်ခဲ့ကြောင်း ဥရောပကော်မရှင်က နို၀င်ဘာ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပြီး အဲဒီပြသနာကိုကိုင်တွယ်ဖြေရှင်းဖို့ သင့်လျော်သည့်အစီအမံတွေ ပေါ်တူဂီမှာမရှိဘူးလို့ ထောက်ပြပြောဆိုပါတယ်။
 
ပေါ်တူဂီဟာ လေထုအရေအသွေးဇုန်သုံးခုမှာ နှစ်စဉ်နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ကန့်သတ်ချက် တန်ဖိုးဟာ အဆက်မပြတ်ကျော်လွန်နေကြောင်း ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး နိုင်ငံရဲ့ည အကြီးဆုံးမြို့တွေဖြစ်တဲ့ ပေါ်တိုနဲ့ လစ္စဘွန်းတို့လည်း ပါ၀င်နေပါတယ်။
 
အဲဒီဇုန်တွေမှာ သဘာ၀ပတ်၀န်းကျင်ကို ကြီးစွာထိခိုက်စေတဲ့ လေထုညစ်ညမ်းမှုဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အထူးသဖြင့် ဒီဇယ်စွမ်းအင်သုံးကားတွေကြောင့်လို့ ဥရောပကော်မရှင်ကဆိုပါတယ်။
 
ကားတွေ၊ ဓါတ်အားပေးစက်ရုံတွေနဲ့အခြားစက်ရုံတွေမှ ထွက်ရှိတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်တွေကြောင့် အသက်ရှူလမ်းကြောင်းနဲ့ နှလုံးရောဂါတွေဖြစ်ပေါ်စေပြီး ဥရောပသဘာ၀ပတ်၀န်းကျင်အေဂျင်စီရဲ့ အဆိုအရ ဥရောပမှာ အရွယ်မတိုင်မီသေဆုံးမှု နှစ်စဉ်ငါးသောင်းကျော်ရှိတယ်လို့သိရပါတယ်။
 
ဥရောပဒေသမြို့ကြီးတိုင်းနီးပါးမှာ လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့အဆင့်သို့ ရောက်ရှိနေကြောင်း အဲဒိအေဂျင်စီမှ ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
Ref: Reuters
#voiceofmyanmar #VOM #ဘရပ်ဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW