လေထုညစ်ညမ်းမှုကြောင့် ပေါ်တူဂီကို အီးယူက တရားစွဲတော့မယ်

ဘရပ်ဆယ်၊ နို၀င်ဘာ-၁၃-၂၀၂၁ မျိုးဆက်(VOM)   ပေါ်တူဂီနိုင်ငံမှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်မြင့်မားမှုကြောင့် လေထုအရေအသွေး ကျဆင်းမှုနဲ့ပတ်သက်ပြီး ပေါ်တူဂီကို တရားစွဲဖို့ဆုံးဖြတ်ခဲ့ကြောင်း ဥရောပကော်မရှင်က နို၀င်ဘာ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပြီး အဲဒီပြသနာကိုကိုင်တွယ်ဖြေရှင်းဖို့ သင့်လျော်သည့်အစီအမံတွေ ပေါ်တူဂီမှာမရှိဘူးလို့ ထောက်ပြပြောဆိုပါတယ်။   ပေါ်တူဂီဟာ လေထုအရေအသွေးဇုန်သုံးခုမှာ နှစ်စဉ်နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ကန့်သတ်ချက် တန်ဖိုးဟာ အဆက်မပြတ်ကျော်လွန်နေကြောင်း ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး နိုင်ငံရဲ့ည အကြီးဆုံးမြို့တွေဖြစ်တဲ့ ပေါ်တိုနဲ့ လစ္စဘွန်းတို့လည်း ပါ၀င်နေပါတယ်။   အဲဒီဇုန်တွေမှာ သဘာ၀ပတ်၀န်းကျင်ကို ကြီးစွာထိခိုက်စေတဲ့ လေထုညစ်ညမ်းမှုဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အထူးသဖြင့် ဒီဇယ်စွမ်းအင်သုံးကားတွေကြောင့်လို့ ဥရောပကော်မရှင်ကဆိုပါတယ်။   ကားတွေ၊ ဓါတ်အားပေးစက်ရုံတွေနဲ့အခြားစက်ရုံတွေမှ ထွက်ရှိတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်တွေကြောင့် အသက်ရှူလမ်းကြောင်းနဲ့ နှလုံးရောဂါတွေဖြစ်ပေါ်စေပြီး ဥရောပသဘာ၀ပတ်၀န်းကျင်အေဂျင်စီရဲ့ အဆိုအရ ဥရောပမှာ အရွယ်မတိုင်မီသေဆုံးမှု နှစ်စဉ်ငါးသောင်းကျော်ရှိတယ်လို့သိရပါတယ်။   ဥရောပဒေသမြို့ကြီးတိုင်းနီးပါးမှာ လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့အဆင့်သို့ ရောက်ရှိနေကြောင်း အဲဒိအေဂျင်စီမှ ၂၀၁၉…

Read More

တရုတ်နိုင်ငံ ဒါလျန်မြို့မှာ ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွားနေ

ပေကျင်း၊ နို၀င်ဘာ-၁၃-၂၀၂၁ မျိုးဆက်(VOM)   တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒါလျန်မြို့မှာ ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုများဖြစ်ပွားနေတာကြောင့် ပြင်ပခရီးသွားလာမှုတွေကိုကန့်သတ်ထားပြီး စာသင်ကျောင်းတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ နေရာအချို့ကို ပိတ်ထားလိုက်ကာ ရောဂါဖြစ်ပွားမှုကို အလျှင်အမြန်ထိန်းချုပ်ဖို့ အာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။   ဒါလျန်မြို့မှာ နို၀င်ဘာ ၁၁ ရက်က ဒေသတွင်းကူးစက်မှု ၅၂ ဦးရှိခဲ့ပြီး အောက်တိုဘာလလယ်မှစပြီး အခြားသောတရုတ်မြို့ကြီးတွေထက် နေ့စဉ်ကူးစက်မှုနှုန်း ပိုမိုများပြားနေတယ်လိုပ အာဏာပိုင်တွေက ပြောပါတယ်။   တရုတ်နိုင်ငံမှ အောက်တိုဘာ ၁၇ ရက်မှ နို၀င်ဘာ ၁၁ ရက်ကြားကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှု ၁၁၄၉ဦးထိရှိခဲ့ပြီး ဒီအရေအတွက်ဟာ အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် လွန်စွာနည်းပါးပေမယ့်လည်း ကူးစက်မှုလုံး၀မရှိစေရေးကို အာဏာပိုင်တွေက အားထုတ်လုပ်ဆောင်နေပါတယ်။   ရောဂါထိန်းချုပ်ရေးအတွက် အမျိုးမျိုးသောအစီအမံတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အချိန်တိုအတွင်းရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်အပေါ် သက်ရောက်မှုအနည်းဆုံးဖြစ်ဖို့ လုပ်ဆောင်နေတယ်လို့…

Read More

မြန်မာနိုင်ငံမှ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို ချက်ချင်းလွှတ်ပေးဖို့ ကုလတိုက်တွန်း

ကုလသမဂ္ဂ၊ နို၀င်ဘာ-၁၃-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာစစ်ဘက်တာ၀န်ရှိသူတွေကို ကုလမသဂ္ဂက တိုက်တွန်းလိုက်ပါတယ်။   နို၀င်ဘာ ၁၂ ရက်ကလည်း အမေရိကန်သတင်းသမားတစ်ဦးဖြစ်သူ ဒန်နီဖန်စတာကို သတင်းမှားဖြန့်ဝေမှုအပြင် အခြားစွဲချက်တွေနဲ့ ထောင် ၁၁ နှစ်ချမှတ်ခဲ့ပါတယ်။   ဒီလိုထောင်ချတာတွေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်တယ်လို့ ကုသလမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ထုတ်ဖော်ပြောဆိုထားပါတယ်။   ဒန်နီဖန်စတာကို အခုလိုပြင်းထန်တဲ့ စီရင်ချက်ချတာဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် မြန်မာနိုင်ငံကသတင်းသမားတွေရဲ့ ကျယ်ပြန့်တဲ့အကြပ်အတည်းကို ဖော်ပြနေတာလို့ သူကဆိုပါတယ်။   နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် သတင်းသမားတွေကို စောင့်ကြည့်တာတွေ ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပြီး သတင်းလုပ်ငန်းနဲ့ဆက်နွယ်သူ ၁၂၆ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကာ လက်ရှိချိန်ထိ ၄၇ ဦးဟာ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လိ်ု့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။   Ref: NHK…

Read More

လာအိုကို အလုပ်သွားလုပ်ပြန်လာတဲ့ မြန်မာ၈ ဦး စက်လှေမှောက်ပြီး ပျောက်ဆုံးနေ

နိုဝင်ဘာ ၊ ၁၃ ၊ ၂၀၂၁ Voice Of Myanmar (VOM)   မကွေးတိုင်းနဲ့ မန္တလေးတိုင်းထဲက လူငယ် ၈ ဦးဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်(က) ကျေးရွာကနေ တဆင့် မဲခေါင်မြစ်ကိုဖြတ်ကျော်ပြီး လာအိုနိုင်ငံဘက်ကို တရားမဝင် အလုပ်သွား လုပ်ရာက စက်လှေတိမ်းမှောက်ပြီး ရေနစ်ပျောက်ဆုံးနေတယ်လို့ တာချီလိတ် လူမှုကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။   ” လာအိုဘက်ကို သွားရောက်ခဲ့တဲ့ စက်လှေပေါ်မှာ မြန်မာရွှေ့ပြောင်း လုပ်သား ၁၉ ယောက်ပါတယ် ၊ စက်လှေတိမ်းမှောက်တဲ့အခါ အဲ့ဒီ ၁၉ ယောက်ထဲက ၁၁ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ် ၊ ကျန် ၈ ယောက်ကတော့ ရေနစ်ပျောက်ဆုံးနေခဲ့တာ အခု ( နိုဝင်ဘာ ၁၂ ရက်…

Read More

မအူပင်ရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေးနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တဦး ရိုက်နှက်ဒဏ်ရာတွေနဲ့သေဆုံး

နိုဝင်ဘာ ၁၃-၂၀၂၁ KK(VOM)   မအူပင်မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ရိုက်နှက်ခံထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   မအူပင်မြို့နယ်က ဒု-ဦးစီးမှုးတစ်ဦးရဲ့နေအိမ်မှာ ရွှေထည်ပစွည်းတွေပျောက်ဆုံးမှုနဲ့ နေအိမ်မှာ လာရောက်လုပ်ကိုင်ပေးနေတဲ့ ကိုယ်ဝန်ဆောင်လင်မယားနှစ်ဦးကို နိုဝင်ဘာ ၉ ရက်နေ့က ဖမ်းဆီးစစ်ဆေးရာကနေ သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။   “ယောက်င်္ကျားက စည်ပင်နေ့စားဝန်ထမ်းပါ ထွေအုပ်ကဒုဦးစီးမှုးနေအိမ်မှာ ဝိုင်းလုပ်လုပ်စားပေါ့၊ ရွှေတွေပျောက်တယ်ဆိုပြီးဖမ်းသွားတာ၊ ဖမ်းတဲ့နေ့ကစပြီး ရိုက်နှက်စစ်ဆေးတာပါ၊ သေတော့မှသိတာ ဒဏ်ရာတွေချည်းပဲ ကောင်မလေးက ကိုယ်ဝန်နဲ့”လို့ သူကပြော ပါတယ်။   မအူပင်ရဲတပ်ဖွဲ့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနေအိမ်မှ ရွှေထည်ပစ္စည်းတွေပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး စည်ပင်နေ့စားဝန်ထမ်းနဲ့ဇနီးဖြစ်သူတို့ကို ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့တာဖြစ််တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။   ခြေထောက်တွေရိုက်ချိုးခံထားရတဲ့အပြင် နှိပ်စက်ခံထားရလို့ တကိုယ်လုံး ညိုမည်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ မတင်မော်လင်းရဲ့ရုပ်ခန္ဓာကို မနေ့ နိုဝင်ဘာ ၁၂ရက် နေ့လယ်ပိုင်းက သင်္ဂြိုဟ်ခဲ့တယ်လို့ လူမှုကူညီရေးအ…

Read More
VOM News

FREE
VIEW