မအူပင်ရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေးနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တဦး ရိုက်နှက်ဒဏ်ရာတွေနဲ့သေဆုံး

နိုဝင်ဘာ ၁၃-၂၀၂၁
KK(VOM)
 
မအူပင်မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ရိုက်နှက်ခံထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မအူပင်မြို့နယ်က ဒု-ဦးစီးမှုးတစ်ဦးရဲ့နေအိမ်မှာ ရွှေထည်ပစွည်းတွေပျောက်ဆုံးမှုနဲ့ နေအိမ်မှာ လာရောက်လုပ်ကိုင်ပေးနေတဲ့ ကိုယ်ဝန်ဆောင်လင်မယားနှစ်ဦးကို နိုဝင်ဘာ ၉ ရက်နေ့က ဖမ်းဆီးစစ်ဆေးရာကနေ သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
“ယောက်င်္ကျားက စည်ပင်နေ့စားဝန်ထမ်းပါ ထွေအုပ်ကဒုဦးစီးမှုးနေအိမ်မှာ ဝိုင်းလုပ်လုပ်စားပေါ့၊ ရွှေတွေပျောက်တယ်ဆိုပြီးဖမ်းသွားတာ၊ ဖမ်းတဲ့နေ့ကစပြီး ရိုက်နှက်စစ်ဆေးတာပါ၊ သေတော့မှသိတာ ဒဏ်ရာတွေချည်းပဲ ကောင်မလေးက ကိုယ်ဝန်နဲ့”လို့ သူကပြော
ပါတယ်။
 
မအူပင်ရဲတပ်ဖွဲ့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနေအိမ်မှ ရွှေထည်ပစ္စည်းတွေပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး စည်ပင်နေ့စားဝန်ထမ်းနဲ့ဇနီးဖြစ်သူတို့ကို ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့တာဖြစ််တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
ခြေထောက်တွေရိုက်ချိုးခံထားရတဲ့အပြင် နှိပ်စက်ခံထားရလို့ တကိုယ်လုံး ညိုမည်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ မတင်မော်လင်းရဲ့ရုပ်ခန္ဓာကို မနေ့ နိုဝင်ဘာ ၁၂ရက် နေ့လယ်ပိုင်းက သင်္ဂြိုဟ်ခဲ့တယ်လို့ လူမှုကူညီရေးအ
သင်းတွေက ပြောပါတယ်။
 
သေဆုံးမှုကိစ္စနဲ့ပါတ်သတ်ပြီး အမည်မဖော်လိုသူ ရဲတဦးပြောတာကတော့ “သေတာမှန်ပါတယ် ဒီကလေးမကို စခန်းကဖမ်းသွားတုန်းကအကောင်းကြီးလေ၊ ရိုက်နှက်လို့သေတယ်ဆိုတာ ဒဏ်ရာတွေကြည့်ရုံနဲ့သိတယ်”လို့ ပြောပါတယ်။
 
အခုကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးကို VOMက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ခြင်းမရှိပေ။
 
လက်တလောမှာ သေဆုံးသူဇနီးနဲ့အတူ ဖမ်းဆီးခံထားရတဲ့ စည်ပင်နေ့စားဝန်ထမ်းကိုလည်း မအူပင်မြို့မရဲစခန်းကနေ ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။
 
#voiceofmyanmar #VOM #မအူပင#ကိုယ်ဝန်ဆောင်အမျိုးသမီး #ရိုက်နှက်ဒဏ်ရာတွေနဲ့ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW