တရုတ်နိုင်ငံ ဒါလျန်မြို့မှာ ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွားနေ

ပေကျင်း၊ နို၀င်ဘာ-၁၃-၂၀၂၁
မျိုးဆက်(VOM)
 
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒါလျန်မြို့မှာ ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုများဖြစ်ပွားနေတာကြောင့် ပြင်ပခရီးသွားလာမှုတွေကိုကန့်သတ်ထားပြီး စာသင်ကျောင်းတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ နေရာအချို့ကို ပိတ်ထားလိုက်ကာ ရောဂါဖြစ်ပွားမှုကို အလျှင်အမြန်ထိန်းချုပ်ဖို့ အာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။
 
ဒါလျန်မြို့မှာ နို၀င်ဘာ ၁၁ ရက်က ဒေသတွင်းကူးစက်မှု ၅၂ ဦးရှိခဲ့ပြီး အောက်တိုဘာလလယ်မှစပြီး အခြားသောတရုတ်မြို့ကြီးတွေထက် နေ့စဉ်ကူးစက်မှုနှုန်း ပိုမိုများပြားနေတယ်လိုပ အာဏာပိုင်တွေက ပြောပါတယ်။
 
တရုတ်နိုင်ငံမှ အောက်တိုဘာ ၁၇ ရက်မှ နို၀င်ဘာ ၁၁ ရက်ကြားကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှု ၁၁၄၉ဦးထိရှိခဲ့ပြီး ဒီအရေအတွက်ဟာ အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် လွန်စွာနည်းပါးပေမယ့်လည်း ကူးစက်မှုလုံး၀မရှိစေရေးကို အာဏာပိုင်တွေက အားထုတ်လုပ်ဆောင်နေပါတယ်။
 
ရောဂါထိန်းချုပ်ရေးအတွက် အမျိုးမျိုးသောအစီအမံတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အချိန်တိုအတွင်းရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်အပေါ် သက်ရောက်မှုအနည်းဆုံးဖြစ်ဖို့ လုပ်ဆောင်နေတယ်လို့ ဒါလျန်မြို့ကျန်းမာရေးတာ၀န်ရှိသူတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာတော့ လူဦးရေ ၇ ဒသမ ၅ သန်းရှိတဲ့ အဲဒီမြို့မှာ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ ခရီးသွားလာခြင်းမပြုဖို့ မပြုဖို အာအာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။
 
Ref Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW