အနုပညာသည်တွေကိုချစ်တဲ့ လူထုမောင်နှံ

ဆူးငှက် ပြည်သူချစ်သော အနုပညာသည်များ၊ အောင်ဗလဖိုးစိန် စိန်ကတုံး ၊ ရွှေမန်းတင်မောင်၊ မြန်မာ့မဟာဂီတ၊ အငြိမ့် စသောစာအုပ်များကို ပြုစုရေးသားခဲ့သည့် ဒေါ်ဒေါ်လူထုဒေါ်အမာဟူသည် ပွဲကြိုက်ခင်တစ်ဦးဟုသုံးသပ်လျှင် မှန်သည်ဆိုငြား တကယ်တော့ ခေတ်မီ၍ အအုပ်အစီးကောင်းသည့် ကြေးရေတက်မိသားစုက မွေးဖွားကြီးပြင်းခဲ့သော မန္တလေးသူတစ်ဦးမို့ ပွဲတိုင်းကျော်တော့ မဖြစ်ခဲ့။ ဒေါ်ဒေါ့် ပြောစကားများအရသော်လည်းကောင်း၊ ရေးသားခဲ့သော စာများအရလည်းကောင်း အငြိမ့်ပွဲလောက်သာပင် တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ယပ်ဝင်းဘုရားပွဲမှသာ ကြည့်ရသည်ဆို၏။ ဒါတောင် ပွဲခင်းကမငြိမ်မသက်ဖြစ်လျှင် ချက်ချင်းပြန်ကြရသည်။ ရုံဇာတ်ပွဲများဆိုလျှင် မိဘအုပ်ထိန်းသူများပါမှ တစ်ခါတစ်ရံ ကြည့်ရသည်။ အိမ်မှာဆေးရိုးပွဲရုံနှင့် ဆေးလိပ်ခုံရှိသောကြောင့် အလုပ်သမတွေ ဆေးလိပ်သမတွေက ပွဲကြိုက်ခင် ပွဲတိုင်းကျော်များဖြစ်သောကြောင့် ဆေးရိုးလှန်းရင်း၊ ဆေးလိပ်လိပ်ရင်းတဟိုဟို သီဆိုကြသည့် ဇာတ်သီချင်းများ၊ ဇာတ်ကတစာစာခင်းကြသည့် ဇာတ်ထုပ်များ၊ အတောမသတ် ရေပက်မဝင်ပြောကြသည့် ဇာတ်မင်းသား မင်းသမီး လူပြက်လူကြမ်းများအကြောင်းက နိစ္စဓူ၀ မကြားချင်အဆုံးဖြစ်လိမ့်မည်။ အရောင်းအဝယ် ကုန်သည်ပွဲစားသမီးဖြစ်သော်လည်း အနုပညာ…

Read More

ကလေးကစားစရာတွေ ရောင်းနေရတဲ့ အသံတုဝိဇ္ဇာ

အေးချမ်းသူ(VOM)   “ဒီအရုပ်လေးတွေ ရောင်းရမှ ထမင်းစားရမှာလေ ဒီအရုပ်တွေ မရောင်းတော့ ဘာနဲ့စားရမလဲ၊ အသံတုပညာနဲ့က လုပ်စားလို့မရတာ ခေတ်လည်း မရှိတော့ဘူး”လို့ ပြောလာသူကတော့ မြန်မာနိူင်ငံမှာ တစ်ဦးတည်းသာကျန်တော့တဲ့ အသက် ၇၅နှစ်အရွယ် အသံတုပညာရှင် ဦးရဲဆွေလေးပဲဖြစ်ပါတယ်။   မနက်အစော အိပ်ရာကနေထကာ ကလေးကစားစရာအရုပ်တွေကို ဘထ္ထရီစက်ဘီးပေါ်တင်ကာ နေအိမ်နဲ့ နီးစပ်ရာရပ်ကွက်တွေကို နေ့စဥ်သွားရောက် ရောင်းချနေရသူ ဖြစ်ပါတယ်။   ဂျိုကာဦးထုပ်ကို ခေါင်းမှာဆောင်း၊ နှုတ်ခမ်းမွှေးအတုကိုတပ်ထားတာကြောင့် မြင်ရသူအဖို့ သူ့ကို ဂျိုကာလူရွှင်တော်ကြီးတစ်ဦးလို့ ထင်မှတ်ရပါတယ်။   ရပ်ကွက်နဲ့နီးရာ စျေးတွေ၊ ကျောင်းတွေ၊ ကားဂိတ်တွေမှာ ကလေးကစားရုပ်တွေအပြင် ဂျိုကာဦးထုတ် နှုတ်ခမ်းမွှေးအတု ပူဖောင်းတွေကို သွားရောက်ရောင်းချရတာ ဟာ သူရဲ့နေ့စဥ်လုပ်ငန်းပဲဖြစ်ပါတယ်။   “ပူဖောင်းဆို လူတွေမဝယ်နဲ့ ပေါက်မယ် ပူဖောင်းဆိုတာ ပေါက်တဲ့အရာပဲလေ၊ တခါတလေ စိတ်ထဲမကောင်းဘူး၊ ဒါပေမယ့် ဒီလိုပဲရောင်းရတာလေ”လို့ သူကပြောပါတယ်။…

Read More

မြန်မာ-တရုတ် ကုန်သွယ်ရေးဂိတ်ပေါက် ၂ ခု စဖွင့်

နိုဝင်ဘာ ၂၇-၂၀၂၁ Shy V(VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ – တရုတ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ခု စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။   မူဆယ်ဘက်က ကျင်းစန်းကျော့ မြန်မာ -တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးဂိတ်ပေါက်ကို မနေ့ နိုင်ဝင်ဘာလ ၂၆ ရက်နေ့ တရုတ်စံတော်ချိန် မနက် ၁၀ နာရီမှာ ဖွင့်လှစ်ခဲ့ပြီး ချင်းရွှေဟော်ဂိတ်ကိုတော့ တရုတ်စံတော်ချိန် ညနေ ၃ နာရီမှာ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။   ကွန်တိန်နာစနစ်နဲ့ မြန်မာဘက်က ၅ စီးထွက်ပြီး တရုတ်ဘက်က ၅ စီးနဲ့ ဆိုင်ကယ်ပစ္စည်းတွေဝင်မှာဖြစ်တယ်လို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။   “မြန်မာဘက်ခြမ်းကနေ တရုတ်ဘက်ကို ရာဘာ…

Read More

မြန်မာစစ်ဘက်ကို လက်နက်တွေမရောင်းဖို့ အမေရိကန်နဲ့ အခြားခြောက်နိုင်ငံတောင်းဆို

၀ါရှင်တန်၊ နိုဝင်ဘာ၂၇-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံမှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်နဲ့အခြားခြောက်နိုင်ငံကနို၀င်ဘာ ၂၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး မြန်မာစစ်ဘက်ကို လက်နက်တွေမရောင်းချဖို့ တောင်းဆိုလိုက်ပါတယ်။   ဒီလိုတိုက်တွန်းတောင်းဆိုမှုကို အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယားနဲ့ ဗြိတိန်တို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဆိုပါတယ်။   အထူးသဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့ အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ပူပန်တယ်လို့ ခုနှစ်နိုင်ငံရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။   မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ချင်းပြည်နယ်မှာ လူလေးသောင်းကျော်နဲ့ မကွေးတိုင်းဒေသကြီးမှာ လူ တစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။   နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်ဘက်ကို စစ်ဆင်ရေးဆိုင်ရာ ပံ့ပိုးကူညီတာတွေကို ရပ်ဆိုင်းဖို့၊ လက်နက်၊ ပစ္စည်းကိရိယာတွေနဲ့ နည်းပညာဆိုင်ရာ အကူအညီတွေလွှဲပြောင်းတာကို ရပ်ဆိုင်းဖို့ တောင်းဆိုကြောင်း…

Read More

ရမည်းသင်းဘဏ်ကို ဓားပြတိုက်သူတွေ ဖမ်းဆီးရမိကြောင်း နစကပြန်ကြားရေးက အခုလို ထုတ်ပြန်ထား

နိုဝင်ဘာ ၂၇-၂၀၂ KT(VOM)   မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့၊အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်ကို နိုဝင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဓားပြတိုက်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး မသင်္ကာဖွယ်ရာ ဘဏ်ဝန်ထမ်းများဖြစ်သည့် ဘဏ်ခွဲဒုတိယမန်နေဂျာ သန်းဇော် (၃၄) နှစ်နဲ့ လက်ထောက်ကြီးကြပ်ရေးမှူးများဖြစ်သည့် ကျော်ကျော်ဦး (၃၃)နှစ်နှင့် ဝေဖြိုးလှိုင် (၃၁) နှစ်တို့အား လုံခြုံရေးပူးပေါင်းအဖွဲ့များက ခေါ်ယူစစ်ဆေးခဲ့ရာ ၄င်းတို့၏ပြောကြားချက်အရ ဓားပြတိုက်မှုတွင်ပူးပေါင်းပါဝင်ကြသည့် ဝါးတိုးရပ်ကွက်၊ရမည်းသင်းမြို့နေသူ ကျော်စိုးသိန်း (၂၉)နှစ်အား ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။   ကျော်စိုးသိန်းရဲ့ ပြောကြားချက်အရ ရမည်းသင်းမြို့နယ် ပေါက်ကုန်းကျေးရွာနေသူ ကျော်ခိုင်ဦး (၄၂)နှစ်အား ဓားပြတ်ုက်မှုတွင် စီးနင်းအသုံးပြုခဲ့သည့် TARYAN-TARYAN110 အမျိုးအစား ဆိုင်ကယ် ၁ စီး၊ လျှာထိုးဦးထုပ် ၁ လုံး၊လက်ကိုင်ဖုန်း ၂ လုံးနှင့်လည်းကောင်း၊ရမည်းသင်းမြို့နယ်၊ညောင်ပင်သာကျေးရွာနေသူ ဇော်ကြီး (၃၈)နှစ်အား KENBO-110 အမျိုးအစား ဆိုင်ကယ် ၁ စီး၊စတီးရိုးတတ်…

Read More

ကူးစက်မှုနှုန်းအလွန်မြင့်မားတဲ့ အိုမီခရွန် ဗိုင်းရပ်စ်သစ်တွေ့ရှိကြောင်း WHO ကြေညာ

ဂျီနီဗာ၊ နို၀င်ဘာ-၂၇-၂၀၂၁ မျိုးဆက်(VOM)   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ထပ်မံတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို အိုမီခရွန်လို့ အမည်ပေးလိုက်ပြီး စိုးရိမ်ပူပန်စရာကောင်းတဲ့ ဗိုင်းရပ်စ်ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။   အဲဒီဗိုင်းရပ်စ်ဟာ အကြိမ်ကြိမ်သန္ဓေပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့ပြီး အစောပိုင်းသက်သေ အထောက်အထားတွေအရ ကူးစက်နိုင်ခြေအလွန်မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ဖော်ပြောဆိုပါတယ်။   ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တောင်အာဖရိကမှာ နို၀င်ဘာ ၂၄ ရက်က စတင်တွေ့ရှိခဲ့ပြီး ဘော့ဆွာနာ၊ ဘယ်လ်ဂျီယံ၊ ဟောင်ကောင်နှင့် အစ္စရေးတို့မှာလည်း တွေ့ရှိနေပြီဖြစ်ပါတယ်။   ဗိုင်းရပ်စ်မျိုးကွဲသစ်ရဲ့ ကူးစက်နိုင်ခြေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက လေ့လာမှုများပြုလုပ်နေကာ ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုကိုသိရှိနိုင်ဖို့ အချိန်သီတင်းပတ်အနည်းငယ်ယူရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။   ဗိုင်းရပ်စ်မျိုးကွဲသစ်တွေ့ရှိမှုကြောင့် ကမ္ဘာ့နိုင်ငံအတော်များများဟာ တောင်အာဖရိကသို့ ခရီးသွားခြင်း သို့မဟုတ် တောင်အာဖရိကမှ ခရီးသွားတွေလာရောက်ခြင်းကို တားမြစ်ဖို့ လက်ရှိမှာ ဆုံးဖြတ်ထားပါတယ်။   Ref: BBC Photo:Getty Images #voiceofmyanmar…

Read More

ယင်းမာပင်မှာ လူနာသွားခေါ်တဲ့ သန္ဓေမီးသတ်(၃)ဦး နဲ့ လူနာတင်ကားပါ ပျောက်ဆုံးနေ

နိုဝင်ဘာ ၊ ၂၇ -၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့ ၊ ခရိုင်မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ဟာ ၃ ဦးဟာ မနေ့ နိုဝင်ဘာ ၂၆ နေ့လယ်ပိုင်းက ဆေးကုသဖို့လူနာကို သွားရောက်ခေါ်ဆောင်ရာက လူရော၊ကားပါ ပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။   လူမှုကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေတဲ့ မီးသတ် ၃ ယောက် ပျောက်နေတာနဲ့ပတ်သက်လို့ ယင်းမာပင်နယ်ခံ ပရဟိတသမားတယောက်က ” လာပို့ရွာက ​ခြေတောက် အရိုးအက်လူနာကို ယင်းမာပင်မှာ ဆေးကုသဖို့ သွားခေါ်တဲ့ လမ်းကြောင်းမှာ လူရော ကားပါ ပျောက်နေတာ “လို့ ပြောပါတယ်။   ဒါ့အပြင် ယင်းမာပင် မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူ တယောက်က ” မီးသတ်ကားနဲ့ မဟုတ်ဘူး ၊ ကယ်ဆယ်ရေးကား…

Read More

မိုင်းစထိတဲ့ ချောင်းဦး မြို့နယ်ရဲတပ်ဖွဲ့မှူး သေဆုံးပြီး နောက်ထပ် မိုင်းပေါက်ကွဲလို့ ရဲ ၃ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၂၇ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့ရုံး မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမှူး ၁ ဦးဟာ မိုင်းစထိမှန် ဒဏ်ရာရပြီးနောက် မနေ့ နိုဝင်ဘာ ၂၆ ရက် နေ့ခင်း ၁ နာရီကျော်အချိန်က နမခ စစ်ဆေးရုံမှာ သေဆုံးသွားခဲ့ပြီး မနေ့ မနက်ပိုင်းက နောက်ထပ် မိုင်းပေါက်ကွဲတဲ့အတွက် ရဲ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးနယ်ခံတွေက ပြောပါတယ်။   ” မြို့နယ်ရဲမှူးဖြစ်တဲ့ ရဲမှူး ဝင်းအောင်ဟာ မိုင်းစထိမှန် ဒဏ်ရာနဲ့ မနေ့က နမခ စစ်ဆေးရုံမှာ ဆုံးခဲ့တယ် ၊ အခုလ ၁၀ ရက် မနက်ပိုင်းက အသက်မဲ့ လုပ်ထားတဲ့ ရှင်းလင်းပြီးသား…

Read More
VOM News

FREE
VIEW