နိုဝင်ဘာ ၂၇-၂၀၂
KT(VOM)
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့၊အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်ကို နိုဝင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဓားပြတိုက်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး မသင်္ကာဖွယ်ရာ ဘဏ်ဝန်ထမ်းများဖြစ်သည့် ဘဏ်ခွဲဒုတိယမန်နေဂျာ သန်းဇော် (၃၄) နှစ်နဲ့ လက်ထောက်ကြီးကြပ်ရေးမှူးများဖြစ်သည့် ကျော်ကျော်ဦး (၃၃)နှစ်နှင့် ဝေဖြိုးလှိုင် (၃၁) နှစ်တို့အား လုံခြုံရေးပူးပေါင်းအဖွဲ့များက ခေါ်ယူစစ်ဆေးခဲ့ရာ ၄င်းတို့၏ပြောကြားချက်အရ ဓားပြတိုက်မှုတွင်ပူးပေါင်းပါဝင်ကြသည့် ဝါးတိုးရပ်ကွက်၊ရမည်းသင်းမြို့နေသူ ကျော်စိုးသိန်း (၂၉)နှစ်အား ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ကျော်စိုးသိန်းရဲ့ ပြောကြားချက်အရ ရမည်းသင်းမြို့နယ် ပေါက်ကုန်းကျေးရွာနေသူ ကျော်ခိုင်ဦး (၄၂)နှစ်အား ဓားပြတ်ုက်မှုတွင် စီးနင်းအသုံးပြုခဲ့သည့် TARYAN-TARYAN110 အမျိုးအစား ဆိုင်ကယ် ၁ စီး၊ လျှာထိုးဦးထုပ် ၁ လုံး၊လက်ကိုင်ဖုန်း ၂ လုံးနှင့်လည်းကောင်း၊ရမည်းသင်းမြို့နယ်၊ညောင်ပင်သာကျေးရွာနေသူ ဇော်ကြီး (၃၈)နှစ်အား KENBO-110 အမျိုးအစား ဆိုင်ကယ် ၁ စီး၊စတီးရိုးတတ် အရိုး/အသွား ၁ ပေခန့်ရှိ ဓားဦးချွန် ၂ ချောင်းနှင့်လည်းကောင်း၊ရမည်းသင်းမြို့၊ ဝါးတိုးရပ်ကွက်နေသူ ဒေါ်ကျင်ဌေး (၅၄)နှစ်နှင့် သမီးဖြစ်သူ သန္တာဖွေး (ခ) ဖွေးဖွေး (၂၄)နှစ်၏ နေအိမ်အပေါ်ထပ်တွင် ဓားပြတိုက်မှုမှ လုယူခဲ့သည့် ငွေကျပ် ၁၀၆၅၀၀၅၀၀ သိန်းအားလည်းကောင်း၊ ရမည်းသင်းမြို့၊မြို့မရပ်ကွက်၊ကျည်တော်ကုန်းရပ်နေ ဒေါ်ကျင်ဌေး၏ တူတော်စပ်သူ မောင်တိုး(ခ)တိုးတိုး( ယာဥ်မောင်း) ၏နေအိမ်၌ ငွေကျပ် ၅၀၀၀၀၀၀ သိန်း တို့အားလည်းကောင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ၊ဘဏ်ဓားပြတိုက်မှု တွင် ပါဝင်ခဲ့သည့် တရားခံ ၉ ဦးတို့အားဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
#voiceofmyanmar #VOM #ရမည်းသင်း #ဘဏ်ဓားပြ #ဖမ်းမိ #နစကထုတ်ပြန်
![](https://voiceofmyanmarnews.com/wp-content/uploads/2021/11/259630811_962824927652514_8125727244702221755_n-660x365.jpg)
![](https://voiceofmyanmarnews.com/wp-content/uploads/2021/11/260214573_962824897652517_9176400667625398105_n-660x365.jpg)
![](https://voiceofmyanmarnews.com/wp-content/uploads/2021/11/260424339_962824874319186_7880870123777399230_n-660x365.jpg)
![](https://voiceofmyanmarnews.com/wp-content/uploads/2021/11/261356733_962824864319187_5667373023961609965_n-660x365.jpg)
![](https://voiceofmyanmarnews.com/wp-content/uploads/2021/11/260261667_962824907652516_8224471700651962251_n-660x365.jpg)
![](https://voiceofmyanmarnews.com/wp-content/uploads/2021/11/260664975_962824920985848_4079981923751153343_n-660x365.jpg)