ယင်းမာပင်မှာ လူနာသွားခေါ်တဲ့ သန္ဓေမီးသတ်(၃)ဦး နဲ့ လူနာတင်ကားပါ ပျောက်ဆုံးနေ

နိုဝင်ဘာ ၊ ၂၇ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့ ၊ ခရိုင်မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ဟာ ၃ ဦးဟာ မနေ့ နိုဝင်ဘာ ၂၆ နေ့လယ်ပိုင်းက ဆေးကုသဖို့လူနာကို သွားရောက်ခေါ်ဆောင်ရာက လူရော၊ကားပါ ပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
 
လူမှုကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေတဲ့ မီးသတ် ၃ ယောက် ပျောက်နေတာနဲ့ပတ်သက်လို့ ယင်းမာပင်နယ်ခံ ပရဟိတသမားတယောက်က ” လာပို့ရွာက ​ခြေတောက် အရိုးအက်လူနာကို ယင်းမာပင်မှာ ဆေးကုသဖို့ သွားခေါ်တဲ့ လမ်းကြောင်းမှာ လူရော ကားပါ ပျောက်နေတာ “လို့ ပြောပါတယ်။
 
ဒါ့အပြင် ယင်းမာပင် မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူ တယောက်က ” မီးသတ်ကားနဲ့ မဟုတ်ဘူး ၊ ကယ်ဆယ်ရေးကား အဖြူရောင်နဲ့ပါ ၊ သန္ဓေမီးသတ် တပ်ကြပ် စိုးကိုကို ၊ တပ်ကြပ် သက်ပိုင်ထွန်း နဲ့ တပ်သား ကောင်းခန့်ကျော် တို့ ၃ ယောက်ဖြစ်တယ်၊ ဒီမနက်အထိတော့ သတင်းအစအန ဘာမှမရဘူး “လို့ ပြောပါတယ်။
 
စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး တာဝန်ရှိသူတယောက်က ” အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ဖြေကြား ပြောစရာ အကြောင်းမရှိသေးပါဘူး “လို့ ပြောပါတယ်။
 
ပျောက်ဆုံးနေတဲ့ မီးသတ် ၃ ဦးနဲ့ ကား ၁ စီးဟာ မနေ့ မနက်ပိုင်းက ယင်းမာပင်မြို့နယ် အနောက်ဘက်ခြမ်းမှာ လမ်းသွားလမ်းလာတချို့က မြင်တွေ့ခဲ့ရပြီးနောက်ပိုင်း ပျောက်ဆုံးနေတာဖြစ်တယ်လို့ ယင်းမာပင်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #ယင်းမာပင် #မီးသတ်သုံးဦးပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW