ဒေါ်အောင်ဆန်းစုကြည်တို့အမှု စီရင်ချက်မချဖြစ်သေး

နေပြည်တော်-နိုဝင်ဘာ ၃၀-၂၀၂၁
KT(VOM)
 
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင်၊ ဦးမျိုးအောင်တို့ကို စွဲဆိုထားတဲ့ ၅၀၅-ခ အမှုကို ဒီကနေ့ စီရင်ချက်ချမယ်လို့ အများကယူဆနေကြပေမယ့် အမိန့်မချဖြစ်သေးကြောင်း နေပြည်တော် ကောင်စီဝင်းအတွင်း အထူးတရားရုံးနားမှာစောင့်နေသူတွေက ပြောပါတယ်။
 
ဒက္ခိဏခရိုင်တရားရုံးရှေ့မှာ တွေ့ရတဲ့ အမည်မဖော်လိုသူရှေ့နေတဦးကတော့ “ဒီနေ့အမေကိုအမိန်ချမယ်လို့တော့ကြားပါတယ် ၅၀၅-ခ ဆိုတော့အမြင့်ဆုံးပြစ်ဒဏ်ကသုံးနှစ်ပေါ့ အမိန့်ချပြီးရင် ထောင်ကျအကျဥ်းသားဖြစ်သွားပြီ၊ အမေ့အမှုတွေက တပတ်လုံးဆိုတော့ ရုံးထုတ်ရင် ထောင်ဝတ်စုံဝတ်ရမယ်၊ခြေကျင်းခတ်ရမယ်၊ ကျမတို့တွေကမြင်ခွင့်မရတော့ မသိနိုင်ဘူးလေ အဆင်ပြေမှာမဟုတ်ဘူး၊ အမှုတွေအားလုံးစစ်ဆေးပြီးမှ တပေါင်းတည်း ဘယ်အမှုကဘယ်လောက်ဆိုတာမျိုး ချလိမ့်မယ်ထင်ပါတယ်၊ မခန့်မှန်းတတ်ပါဘူး တရားရုံးရဲ့သဘောဖြစ်လိမ့်မယ်ထင်ပါတယ်”လို့ ပြောပါတယ်။
 
လတ်တလောအခြေအနေမှာတော့ တရားရုံးပတ်ဝန်းကျင်မှာ လုံခြုံရေးထူထူထပ်ထပ်ချထားပြီး လမ်းတခြမ်းပိတ်ထားတာတွေ့ရပါတယ်။ နိုင်ငံရေးအကဲခတ်တွေကလည်း အခြေအနေကို စောင့်ကြည့်လေ့လာနေကြပါတယ်။
 
နောက်ရုံးချိန်းကို ဒီဇင်ဘာ၆ ရက်နေ့ ပြန်ချိန်းလိုက်တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #နေပြည်တော် #ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု

Related posts

Leave a Comment

VOM News

FREE
VIEW