မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက အလုပ်သမား လေးသိန်းကို တရား၀င်ခေါ်ဖို့ ထိုင်းအစိုးရ စီစဉ်ပြီ

ဘန်ကောက်၊ နို၀င်ဘာ-၃၀-၂၀၂၁ မျိုးဆက်(VOM)   အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက အလုပ်သမားလေးသိန်းကို တရား၀င်ခေါ်ဖို့ စီစဉ်နေတယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူတဦးက အတည်ပြုပြောဆိုလိုက်ပါတယ်။   ဒီအစီအစဉ်ဟာ နယ်စပ်ပြည်နယ်တွေကတဆင့် တရားမ၀င်ရွှေ့ပြောင်းလုပ်သားတွေ၀င်ရောက်မှုကို လျှော့ချဖို့နဲ့ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုတွေကို ကာကွယ်တားဆီးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ အလုပ်သမားရေးရာ၀န်ကြီးတွေနဲ့ ဆွေးနွေးပြီးဖြစ်ကြောင်း ထိုင်းအလုပ်သမား၀န်ကြီး Suchart Chomklin ကပြောကြားခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။   ကနဦးအနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ ကိုဗစ်-၁၉ စစ်ဆေးမှုအောင်မြင်ပြီး တရား၀င်အလုပ်လုပ်ဖို့ စာရင်းပေးသွင်းနိုင်မယ့်နေရာတွေဖြစ်တဲ့ တာ့ခ်၊ ရနောင်း၊ နွန်ခိုင်၊ မက်ဒါဟန်၊ ဆာကေအို စတဲ့နေရာငါးခုမှာ စောင့်ကြည့်ရေးနဲ့ ကွာရန်တင်းစင်တာတွေကို ထိုင်းနိုင်ငံက တည်ဆောက်သွားမှာဖြစ်ပါတယ်။   ဒီလိုမျိုး ရွှေ့ပြောင်းလုပ်သားတွေကို အစိုးရကတရား၀င်ခေါ်ယူလိုက်တာကြောင့် လုပ်ငန်းရှင်တွေအတွက်လည်း လုပ်သားလိုအပ်ချက်ကို လူကုန်ကူးဂိုဏ်းတွေအပေါ်…

Read More

ရန်ကုန်မှာ ပစ်ခတ်မှု ၊မီးရှို့မှု ၊ဆန္ဒပြမှုတွေပြီးတဲ့နောက် လမ်းတွေပိတ်ဆို့စစ်ဆေးနေ

ရန်ကုန်၊နိုဝင်ဘာ ၃၀ ၊၂၀၂၁ KK(VOM)   ရန်ကုန်မှာ အခုရက်ပိုင်းအတွင်း ပစ်ခတ်မှု ၊မီးရှို့မှု ၊ ဆန္ဒပြမှုတွေဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ လမ်းတွေပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့နယ်တချို့က သိရပါတယ်။   ရန်ကုန်က မြို့နယ်တချို့မှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြမှုတွေ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက် လမ်းတွေကို စစ်တပ်နဲ့ရဲတွေက ပိတ်ဆို့ရှာဖွေစစ်ဆေးနေတာ ဖြစ်တယ်လို့ ဗိုလ်တစ်ထောင်မြို့နယ်နေသူတဦးက ပြောပါတယ်။   “ဗိုလ်ချုပ်လမ်းတို့ ဘုန်ကြီးလမ်တွေမှာ ရှာနေတာ ကားတွေကို ဒီမနက် ဆန္ဒပြတဲ့သူတွေဖမ်းဖို့ရှာတာလား သန်လျှင်က ပစ်ခတ်မှုကို ရှာတာလားတော့မသိဘူး လမ်းတွေတော့ ပိတ်နေတယ်”ဟု ပြောပါတယ်။   သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်၊မင်းနန္ဒာလမ်းသွယ်မှာ ဒီကနေ့မနက် ၉ နာရီက ရာအိမ်မှုးဦးဘမြင့်ဆိုသူ သေနတ်နဲ့ပစ် ခတ်ခံရပြီးနောက် ရှာဖွေတာဖြစ််မယ်လို့လည်း သန်လျှင်မြို့ခံတဦးကပြောပါတယ်။   ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ထဲမှာ လူငယ်များဆန္ဒပြပြီးနောက်စစ်တပ်က ဖမ်းဆီးဖို့ ရှာဖွေတာလည်း ဖြစ်နိူင်တယ်လို့ ကျောက်တံတားမြို့နယ်နေသူတဦးက…

Read More

မြန်မာနိုင်ငံက ဆန် မက်ထရစ်တန် ၂သောင်း သီရိလင်္ကာ၀ယ်ယူမယ်

ကိုလံဘို၊ နို၀င်ဘာ-၃၀-၂၀၂၁ မျိုးဆက်(VOM)   သီရိလင်္ကာနိုင်ငံဟာ သူ့ရဲ့လက်ရှိလိုအပ်ချက်နဲ့ပြည့်မီရေးအတွက် မြန်မာနိုင်ငံကနေ ဆန်မက်ထရစ်တန် နှစ်သောင်းတင်သွင်းဖို့ သီရိလင်္ကာအစိုးရရဲ့ ခွင့်ပြုချက်ရရှိသွားပြီဖြစ်တယ်လို့သိရပါတယ်။   Government to Government စနစ်နဲ့ မြန်မာနိုင်ငံက ဆန်မက်ထရစ်တန် နှစ်သောင်းတင်သွင်းဖို့ ကုန်သွယ်ရေး၀န်ကြီး Bandula Gunawardena ရဲ့အဆိုပြုချက်ကို အစိုးရအဖွဲ့က ခွင့်ပြုလိုက်တာဖြစ်ပါတယ်။   မြန်မာနိုင်ငံကဆန်တွေကို သီရိလင်္ကာကုန်သွယ်မှုကော်ပိုရေးရှင်းကတဆင့် တင်သွင်းသွားမှာဖြစ်ပြီး ဆန်တတန်ကို ဒေါ်လာ ၄၆၀ ကျသင့်မှာဖြစ်ပါတယ်။   သိရိလင်္ကာပြည်တွင်းစျေးကွက်မှာ ဆန်စျေးတည်ငြိမ်စေဖို့နဲ့ ဆန်ရှားပါးပြတ်လပ်မှုမရှိစေဘဲ အရန်ဆန်ထားရှိရေးတို့အတွက် မြန်မာနိုင်ငံကနေ ဆန်တွေကို အခုလို့တင်သွင်းဖို့ စီစဉ်တာလို့ သိရပါတယ်။   Ref: Colombopage #voiceofmyanmar #VOM #ကိုလံဘို

Read More

အိုမီခရွန် ဗိုင်းရပ်စ်ကာကွယ်ဆေး ရက် ၁၀၀ အတွင်းထုတ်လုပ်မယ်လို့ Pfizer ကုမ္ပဏီပြော

ဝါရှင်တန်၊ နို၀င်ဘာ-၃၀-၂၀၂၁ မျိုးဆက်(VOM)   အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်နဲ့ပတ်သက်ပြီး ကာကွယ်ဆေးကို ရက် ၁၀၀ အတွင်း ထုတ်လုပ်ရရှိနိုင်တယ်လို့ အမေရိကန်ဆေးကုမ္ပဏီဖိုက်ဇာရဲ့ စီအီးအိုဖြစ်သူ အဲလ်ဘတ်ဘူလာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ဗိုင်းရပ်စ်မျိုးကွဲသစ်အပေါ် လက်ရှိကာကွယ်ဆေးတွေရဲ့ ကာကွယ်မှုစွမ်းရည်နည်းပါးပါက ကာကွယ်ဆေးသစ်တစ်မျိုးထုတ်လုပ်ဖို့လိုအပ်ပြီး ကုမ္ပဏီအနေနဲ့ ကာကွယ်ဆေးသစ်အတွက် စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သူကဆိုပါတယ်။   ကုမ္ပဏီဟာ ဘီတာနဲ့ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲတွေအတွက်လည်း သီးသန့် ကာကွယ်ဆေးတွေထုတ်လုပ်ထားပြီးဖြစ်ကြောင်း ဒါပေမယ့် မူလကာကွယ်ဆေးဟာ ဗိုင်းရပ်စ်အပေါ် ထိရောက်ဆဲဖြစ်တာကြောင့် သီးသန့်ကာကွယ်ဆေးတွေကို အသုံးမပြုတာလို့ပြောပါတယ်။   လက်ရှိကာကွယ်ဆေးဟာ အိုမီခရွန်ဗိုင်းရပ်စ်အပေါ် ထိရောက်မှုမရှိဘူးလို့ ယူဆမှသာ သီးသန့်ကာကွယ်ဆေးကို အသုံးပြုသွားမယ်လို့ မစ္စတာဘူလာက ပြောပါတယ်။   Pfizer ကုမ္ပဏီဟာ ဗိုင်းရပ်စ်မျိုးကွဲတွေအတွက် သီးသန့်ကာကွယ်ဆေးတွေ ထုတ်လုပ်နေတဲ့အပြင် ကိုဗစ်-၁၉ ရောဂါကုသနိုင်တဲ့ သောက်ဆေးတစ်မျိုးကိုလည်း ထုတ်လုပ်ထားပြီး ခွင့်ပြုချက်ရရှိရေးအတွက် အမေရိကန်တာ၀န်ရှိသူတွေထံ တင်ပြထားပါတယ်။   Ref: NHK Photo:…

Read More

ဒေါ်အောင်ဆန်းစုကြည်တို့အမှု စီရင်ချက်မချဖြစ်သေး

နေပြည်တော်-နိုဝင်ဘာ ၃၀-၂၀၂၁ KT(VOM)   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင်၊ ဦးမျိုးအောင်တို့ကို စွဲဆိုထားတဲ့ ၅၀၅-ခ အမှုကို ဒီကနေ့ စီရင်ချက်ချမယ်လို့ အများကယူဆနေကြပေမယ့် အမိန့်မချဖြစ်သေးကြောင်း နေပြည်တော် ကောင်စီဝင်းအတွင်း အထူးတရားရုံးနားမှာစောင့်နေသူတွေက ပြောပါတယ်။   ဒက္ခိဏခရိုင်တရားရုံးရှေ့မှာ တွေ့ရတဲ့ အမည်မဖော်လိုသူရှေ့နေတဦးကတော့ “ဒီနေ့အမေကိုအမိန်ချမယ်လို့တော့ကြားပါတယ် ၅၀၅-ခ ဆိုတော့အမြင့်ဆုံးပြစ်ဒဏ်ကသုံးနှစ်ပေါ့ အမိန့်ချပြီးရင် ထောင်ကျအကျဥ်းသားဖြစ်သွားပြီ၊ အမေ့အမှုတွေက တပတ်လုံးဆိုတော့ ရုံးထုတ်ရင် ထောင်ဝတ်စုံဝတ်ရမယ်၊ခြေကျင်းခတ်ရမယ်၊ ကျမတို့တွေကမြင်ခွင့်မရတော့ မသိနိုင်ဘူးလေ အဆင်ပြေမှာမဟုတ်ဘူး၊ အမှုတွေအားလုံးစစ်ဆေးပြီးမှ တပေါင်းတည်း ဘယ်အမှုကဘယ်လောက်ဆိုတာမျိုး ချလိမ့်မယ်ထင်ပါတယ်၊ မခန့်မှန်းတတ်ပါဘူး တရားရုံးရဲ့သဘောဖြစ်လိမ့်မယ်ထင်ပါတယ်”လို့ ပြောပါတယ်။   လတ်တလောအခြေအနေမှာတော့ တရားရုံးပတ်ဝန်းကျင်မှာ လုံခြုံရေးထူထူထပ်ထပ်ချထားပြီး လမ်းတခြမ်းပိတ်ထားတာတွေ့ရပါတယ်။ နိုင်ငံရေးအကဲခတ်တွေကလည်း အခြေအနေကို စောင့်ကြည့်လေ့လာနေကြပါတယ်။   နောက်ရုံးချိန်းကို ဒီဇင်ဘာ၆ ရက်နေ့ ပြန်ချိန်းလိုက်တယ်လို့သိရပါတယ်။   #voiceofmyanmar #VOM #နေပြည်တော် #ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု

Read More

ပင်လည်ဘူးမြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌအပါအဝင် လူ ၂ ဦးသေ

နိုဝင်ဘာ ၊ ၃၀ -၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့ ၊ မြို့မပိုင်းထဲက လက်ဘက်ရည်ဆိုင်ထဲမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီ ပစ်ခတ်မှုကြောင့် လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ပင်လည်ဘူး ပြည်ခိုင်ဖြိုးမြို့နယ်ဥက္ကဌ(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)နဲ့ အခြားလူ ၁ ယောက်သေဆုံးခဲ့တယ်လို့ ပင်လည်ဘူးမြို့ခံတွေဆီက သိရပါတယ်။   ” ဒီမနက် ၈ နာရီလောက်မှာ လက်ဘက်ရည်ဆိုင်ထဲကို သေနတ်သမားက ဝင်ပြီးပစ်သွားတာ ၊ ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးဝင်းသိန်းနဲ့ ဦးညိုသန်းတို့ ၂ ယောက် ကျည်ဆံထိမှန်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုနဲ့ ချိန်ကိုက်ပဲ ပြည်ခိုင်ဖြိုးဥက္ကဌ ဦးဝင်းသိန်းရဲ့ အိမ်ဘက်မှာ ပေါက်ကွဲသံ ကြားရတယ် ၊ ထိခိုက်ပျက်စီးမှု အခြေအနေက မသိရသေးဘူး ၊…

Read More

အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသစ် ကမ္ဘာလုံးဆိုင်ရာကူးစက်မှုမြင့်မားနိုင်တယ်လို့ WHO သတိပေး

ဂျီနီဗာ၊ နို၀င်ဘာ-၃၀-၂၀၂၁ မျိုးဆက်(VOM)   အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှုအန္တရာယ်မြင့်မားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။   ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ အချို့သောဒေသတွေမှာ ပြင်းထန်တဲ့အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ WHO ကဆိုပါတယ်။   ဒါကြောင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ကာကွယ်ဆေးတွေထိုးနှံနိုင်ရေး ကမ္ဘာ့နိုင်ငံတွေက တွန်းအားပေးလုပ်ဆောင်ကြဖို့ WHO အကြီးအကဲတက်ဒရို့စ်က တိုက်တွန်းလိုက်ပါတယ်။   ကိုဗစ်-၁၉ ရောဂါနဲ့ မိမိတို့လူသားတွေအကြား ရေစက်မကုန်သေးဘူးလို့ သူကသတိပေးထားပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ယခုလအစောပိုင်းတွင် တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ကနဦးအထောက်အထားတွေအရ ပြန်လည်ကူးစက်နိုင်ခြေမြင့်မားတယ်လို့ ဆိုပါတယ်။   အိုမီခရွန်ဗိုင်းရပ်စ်ဟာ မကြုံစဖူးမျိုးရိုးဗီဇပြောင်းလဲမှုတွေရှိနေပြီး ကပ်ရောဂါဖြစ်ပွားမှုအပေါ် အလားအလာရှိတဲ့ သက်ရောက်မှုတွေအတွက် စိုးရိမ်စရာကောင်းတယ်လို့ WHO ကပြောပါတယ်။   ကမ္ဘာတ၀န်းရှိသိပ္ပံပညာရှင်တွေဟာ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ရဲ့ ကူးစက်နိုင်ခြေမြင့်မားခြင်း၊ ပြန်လည်ကူးစက်နိုင်ခြေနဲ့ ကာကွယ်ဆေးတွေအပေါ်ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာတွေကို ရှာဖွေဖော်ထုတ်ဖို့ လုပ်ဆောင်နေကြတယ်လို့ WHO အကြီးအကဲက ပြောဆိုပါတယ်။  …

Read More

အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ဟာ အရင်အမျိုးအစားတွေထက် ကူးစက်မြန်တာမို့ ဘာတွေသတိထားကြမလဲ (အင်တာဗျူး)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဒဏ်ထိ အလူးအလဲခံရပြီးပြီဖြစ်ပါတယ်။တချို့ကူးစက်ခံရပြီးပေမယ့် အမှတ်မရှိကြသလို တချို့က ပေါ့လျော့နေဆဲဖြစ်ပါတယ်။ ခုတခါ ကိုဗစ်၁၉ရဲ့ ဗီဇပြောင်း Omicron ဆိုတာ တချို့နိုင်ငံတွေမှာ စတင်တွေ့ရှိနေတာကြောင့် နိုင်ငံတကာမှာ ဘယ်လိုတွေကာကွယ် ကုသနေကြသလဲဆိုတာသိနိုင်ဖို့ အမေရိကန်နိုင်ငံမှာနေထိုင်ပြီး ကျန်းမာရေးပညာပေးဆောင်းပါးတွေရေးသားနေတဲ့ ဒေါက်တာတင့်ဆွေကို VOM က ဆက်သွယ်မေးမြန်းတင်ပြလိုက်ပါတယ်။   VOM။ ။ အခု နောက်ဆုံး၊ ပေါ်လာတဲ့ Omicron variant နဲ့ ပတ်သက်ပြီး ကူးစက်ခံရမှု လက္ခဏာတွေ၊ ကာကွယ်မှု ကုသမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကျန်းမာရေး အသိုင်းအဝိုင်းက လုပ်ကိုင်နေတဲ့ အခြေအနေလေးတွေ အကြောင်း ဆရာသိသလောက် ဝေမျှပေးပါဆရာ။ မြန်မာနိုင်ငံမှာ ကူးစက်မှု ဖြစ်မလာအောင်၊ ဖြစ်လာခဲ့ရင်ရော ဘယ်လို ပြုမူနေထိုင်ကြရမလဲ ဆိုတာလေးပါ ပြောပြပေးပါဆရာ။   Dr Tint Swe- အွန်မီခရွန်ဟာ ကိုဗစ်ဗိုင်းရပ်စ်…

Read More
VOM News

FREE
VIEW