မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက အလုပ်သမား လေးသိန်းကို တရား၀င်ခေါ်ဖို့ ထိုင်းအစိုးရ စီစဉ်ပြီ

ဘန်ကောက်၊ နို၀င်ဘာ-၃၀-၂၀၂၁
မျိုးဆက်(VOM)
 
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက အလုပ်သမားလေးသိန်းကို တရား၀င်ခေါ်ဖို့ စီစဉ်နေတယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူတဦးက အတည်ပြုပြောဆိုလိုက်ပါတယ်။
 
ဒီအစီအစဉ်ဟာ နယ်စပ်ပြည်နယ်တွေကတဆင့် တရားမ၀င်ရွှေ့ပြောင်းလုပ်သားတွေ၀င်ရောက်မှုကို လျှော့ချဖို့နဲ့ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုတွေကို ကာကွယ်တားဆီးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ အလုပ်သမားရေးရာ၀န်ကြီးတွေနဲ့ ဆွေးနွေးပြီးဖြစ်ကြောင်း ထိုင်းအလုပ်သမား၀န်ကြီး Suchart Chomklin ကပြောကြားခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
 
ကနဦးအနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ ကိုဗစ်-၁၉ စစ်ဆေးမှုအောင်မြင်ပြီး တရား၀င်အလုပ်လုပ်ဖို့ စာရင်းပေးသွင်းနိုင်မယ့်နေရာတွေဖြစ်တဲ့ တာ့ခ်၊ ရနောင်း၊ နွန်ခိုင်၊ မက်ဒါဟန်၊ ဆာကေအို စတဲ့နေရာငါးခုမှာ စောင့်ကြည့်ရေးနဲ့ ကွာရန်တင်းစင်တာတွေကို ထိုင်းနိုင်ငံက တည်ဆောက်သွားမှာဖြစ်ပါတယ်။
 
ဒီလိုမျိုး ရွှေ့ပြောင်းလုပ်သားတွေကို အစိုးရကတရား၀င်ခေါ်ယူလိုက်တာကြောင့် လုပ်ငန်းရှင်တွေအတွက်လည်း လုပ်သားလိုအပ်ချက်ကို လူကုန်ကူးဂိုဏ်းတွေအပေါ် မှီခိုဖို့မလိုအပ်တော့ဘူးလို့ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
 
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW